Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ပွဲခန်းမငှားရမ်းရန်

Auditorium

©Goethe-Institut Myanmar

ငှားရမ်းရန်

ပွဲခန်းမ

ယဥ်ကျေးမှုနှင့်ပညာရေးဆိုင်ရာအခမ်းအနားများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တင်ဆက်မှုများနဲ့ပြပွဲအစီအစဥ်များအတွက် Goethe-Institut Myanmar ရဲ့ Auditorium (ပွဲခန်းမ) ကိုငှားရမ်းအသုံးပြုနိုင်ပါပြီ။

ကျွန်ုပ်တို့၏ပွဲခန်းမကိုငှားရမ်းရန်စိတ်ဝင်စားပါက ဝက်ဘ်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 

ယဉ်ကျေးမှု

Gasteig München GmbH

© Matthias Schönhofer

ဂျာမနီမှဂီတဆိုင်ရာခေတ္တနေထိုင်ခွင့်အစီအစဉ်များကိုထောက်ပံ့ခြင်း

ဤအထောက်အပံ့သည် ဂျာမနီရှိမိတ်ဖက်များနှင့်တွဲဖက်ထုတ်လုပ်ခြင်းများနှင့်နိုင်ငံတကာအစီအစဉ်သစ်များပြင်ဆင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဂီတနယ်ပယ်တွင်လုပ်ကိုင်နေသော အနုပညာရှင်များကိုထောက်ပံ့ခြင်းဖြစ်သည်။ အစီအစဉ်၏ရည်ရွယ်ချက်မှာ နိုင်ငံတကာအနုပညာရှင်များကြားပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကိုအခြေခံ၍ ယဉ်ကျေးမှုဖလှယ်ခြင်းကိုမြှင့်တင်နိုင်စေရန်ဖြစ်သည်။

ဘာသာစကား

October Class

©Goethe-Institut Myanmar

အောက်တိုဘာလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက အောက်တိုဘာလအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၃၀၊၉၊၂၀၂၃ မှ ၁၅၊၁၀၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Exam in October

©Goethe-Institut Myanmar

အောက်တိုဘာလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက အောက်တိုဘာလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၊၁၀၊၂၀၂၃ မှ ၁၆၊၁၀၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Art made with nature

©Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

“ART MADE WITH NATURE” ACTIVITY

စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဉ်ကကြိုဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ အသက် (၆) နှစ်မှ (၁၂) နှစ် သားသားမီးမီးများပါ၀င်နိုင်မယ့် "Art Made with Nature" activity လေးကို မိတ်ဆက်ပေးလိုပါတယ်။

ဒီအစီအစဉ်လေးမှာတော့ ကလေးတွေ ကြိုက်နှစ်သက်မှာအမှန်ပဲဖြစ်တဲ့ ပန်းပင်လေးတွေ၊ ပန်းပွင့်လေးတွေရဲ့ အလှတရားတွေနဲ့ ပေါင်းစပ်ပြီး craft activities လေးကို ပြုလုပ်ကြမှာပဲ ဖြစ်ပါတယ်။ wee care Children & Youth Development Center မှ အတွေ့အကြုံရှိ ဆရာမများကနေ ဦးဆောင်သွားမှာဖြစ်ပြီး၊ သားသားမီးမီးတို့ရဲ့ ကိုယ်ပိုင်တီထွင်ကြံဆမှုတွေနဲ့အတူ ပန်းနဲ့ အလှဆင်ထားတဲ့ Flower Soup Sensory Bin၊ DIY ပန်းခေါင်းစည်း၊ လက်ကောက်များနဲ့ ကျောက်စရစ်ခဲလေးတွေပေါ်မှာ ပန်းလေးတွေကပ်ခြင်းများအစရှိတဲ့ ချစ်စရာကောင်းတဲ့ DIY crafts လေးတွေကို အတူတူဖန်တီးပြုလုပ်ကြမယ့်အပြင် သားသားမီးမီးတို့တွေအားလုံး သဘာဝကို ဘာကြောင့်တန်ဖိုးထားသင့်သလဲ ဆိုတာလေးကိုပါ ဗဟုသုတရဖွယ် နားထောင်ရမှာပဲ ဖြစ်ပါတယ်။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ အမည်၊ အသက်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှ တစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့် ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 

သားသားမီးမီးတို့ရဲ့ အရောင်အသွေးစုံလင်တဲ့ တီထွင်ဖန်တီးမှုများကို ပြသဖို့ "Art Made with Nature" activity လေးကို ပါ၀င်ဖို့ ဖိတ်ခေါ်ပါတယ်။
LeseClub_Oct

©Goethe-Institut Myanmar

“READING CLUB” Program

ဒီတစ်ခေါက်မှာတော့ ဂျာမန် A1 learner များအတွက် Reading Club အစီအစဉ်လေးကို ပြုလုပ်ဖို့ စီစဉ်ထားရှိထားပါတယ်။ ဝေါဟာရအသစ်တွေကို လေ့လာနိုင်မယ့် ကျွန်ုပ်တို့ရဲ့ စာဖတ်အသင်းအဖွဲ့လေးမှာ ပါ၀င်ပြီး သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ များပြားလှတဲ့ Easy Readers စာအုပ်မျိုးစုံကို လေ့လာဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့် ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 
Lernberatung_Oct

©Goethe-Institut Myanmar

“LEARNING ADVISORY” Program

သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး သင်ယူမှုဆိုင်ရာ အထောက်အကူဖြစ်စေမယ့် အရင်းအမြစ်တွေ? သင့်အတွက် သင့်တော်မယ့် ဘယ်လိုစာအုပ်ကောင်းတွေ ဖတ်ရှုသင့်လဲ? ဘယ်လိုလေ့လာသင့်လဲ? အားနည်းတဲ့ အပိုင်းအတွက် ဘယ်လိုလေ့ကျင့်သင့်လဲ - ဥပမာအားဖြင့် သဒ္ဒါလေ့လာရမှာ ခက်ခဲရှုပ်ထွေး၊ မမှတ်မိဖြစ်နေပါသလား? အစရှိတဲ့ သိလိုသမျှမေးခွန်းတွေကို မေးမြန်းလို့ရမယ့် အစီအစဉ်ကောင်းလေးတစ်ခု။
 
„Lernberatung“ လို့အမည်ရတဲ့ Learning Advisory အစီအစဉ်လေးမှာ ဆရာ၊ ဆရာမတစ်ဦးကနေ အခက်အခဲတွေကို ကူညီဖြေရှင်းပေး၊ လွယ်ကူရှင်းလင်းတဲ့ နည်းလမ်းကောင်းတွေကို အကြံဉာဏ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 
 
သင့်ရဲ့ ဂျာမန်စာလေ့လာသင်ယူမှုနဲ့ ပတ်သက်ပြီး အခမဲ့ မေးမြန်းလို့ရမယ့် ကျွန်ုပ်တို့ရဲ့ Learning Advisory အစီအစဉ်ကို အခုပဲ စာရင်းပေးသွင်းပြီး၊ ပါ၀င်လိုက်ပါ: biblio-yangon@goethe.de
BOARD GAME FRIDAY! October

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

ဒီလမှာတော့ ပေါ့ပေ့ါပါးပါးနဲ့ အားလုံးပါ၀င်ကစားလို့ရမယ့် ဂိမ်းလေးကို စီစဉ်ထားပါတယ်။ ဒီဂိမ်းလေးကတော့ „Fang den Hut!” လို့ အမည်ရတဲ့ Board Game လေးပဲ ဖြစ်ပါတယ်။ ကစားနည်းလေးကတော့ Board Game ရဲ့ နာမည်အတိုင်းပဲ တခြား player များရဲ့ ဦးထုပ်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ လိုက်ဖမ်းပြီး၊ ပန်းတိုင်ကို ရောက်အောင် အမြန်သွားရမှာပဲ ဖြစ်ပါတယ်။

ဒီဂိမ်းလေးအကြောင်းကြားတာနဲ့တင် ကစားချင်တဲ့ဂိမ်းလေးမလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ >>> စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) (သို့) biblio-yangon@goethe.de စာရင်းပေးလိုက်တော့နော်။
ကဲ...ဘယ်သူတွေက အပြေးသန်ပြီး၊ ဘယ်သူတွေက လိုက်ဖမ်းရတာ တော်လဲ? ကိုယ့်သူငယ်ချင်းတွေရဲ့ ရောင်စုံဦးထုပ်လေးတွေကို အမြန်လိုက်ဖမ်းဖို့ ready ပဲ ဆိုရင်တော့…
 
New media Onleihe 10/23

©Goethe-Institut

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

Frank Goosen၊ Esther Kinsky၊ Volker Klüpfel & Michael Kobr၊ Franz Schuh၊ Deniz Utlu နှင့် Ulrich Woelk တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de