ဒီနှစ်နွေရာသီမှာ ဂျာမန်စာကို စတင်လေ့လာမယ့် သင့်ကလေးအတွက် အခြေခံပိုင်နိုင်သွားစေမယ့် Fit 1 package ကို အပ်နှံနိုင်ပါပြီ။ သင့်ကလေးအနာဂတ်အတွက် အကျိုးရှိစေမယ့် ဂျာမန်ဘာသာစကားကို စနစ်တကျနဲ့ ပြန်အသုံးချနိုင်မယ့် level တစ်ခုအထိ တတ်မြောက်စေချင်ရင်တော့ Fit 1 package အတန်းတွေက အသင့်တော်ဆုံးဖြစ်မှာပါ။
Fit 1 package မှာဆိုရင်တော့ ဂျာမန်စာအခြေခံ A1 level အပြတ် A1.1 + A1.2 +A1.3 + A1.4 အတန်းတွေအပြင် Fit 1 international exam ဖြေဆိုဖို့အတွက်ပါ ပါဝင်လို့ သင်တန်းပြီးဆုံးတဲ့အခါ နိုင်ငံတကာအသိအမှတ်ပြု ဂျာမန်ဘာသာကျွမ်းကျင်အဆင့် Fit 1 certificate ပါရရှိနိုင်မှာဖြစ်ပါတယ်။
Goethe-Institut Myanmar ကနေ ဖွင့်လှစ်မယ့် ကလေးများအတွက် ဂျာမန်စာသင်တန်း Fit 1 package မှာအသက်အရွယ်နဲ့ကိုက်ညီမယ့် အတန်းတွင်းပျော်ပျော်ရွှင်ရွှင်စာလိုက်နိုင်မယ့် သင်ကြားမှုပုံစံမျိုး ဖြစ်စေဖို့ စီစဉ်ထားပါတယ်။ ဂျာမန်စာအခြေခံမရှိသေးတဲ့ကလေးတွေအတွက်လည်း အဆင်ပြေနိုင်မယ့် အတန်းမျိုးဖြစ်ပါတယ်။ ကျောင်းကိုလာရောက်သင်ယူနိုင်သလို အိမ်ကနေလည်း သင်ယူနိုင်မယ့် Hybrid class အတန်းဖြစ်တဲ့အတွက် ကလေးတွေအတွက်အဆင်ပြေမယ့်ပုံစံမျိုးနဲ့ လေ့လာနိုင်ပါတယ်။
ကလေးတွေ ကျောင်းချိန်နဲ့အဆင်ပြေစေဖို့ နွေရာသီ မေလတစ်လလုံးမှာ အတန်းကို တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်ထားပြီး ကျောင်းပြန်တက်တဲ့အချိန် ဇွန်လကစပြီး စနေ၊ တနင်္ဂနွေနေ့တွေကို ပြောင်းလဲဖွင့်သွားမှာဖြစ်ပါတယ်။ သင်တန်းကြေးကို တစ်ခါတည်းမသွင်းချင်တဲ့သူတွေအတွက်လည်း (၄)ခေါက်ခွဲသွင်းလို့ရအောင် စီစဉ်ပေးထားပါတယ်။
အသက်အရွယ်- ၇ နှစ်မှ ၁၀ နှစ်အတွင်းနှင့် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း
(အသက်အလိုက် ၂ တန်းခွဲသင်ကြားမည်ဖြစ်ပါသည်။)
သင်တန်း level - A1.1 + A1.2 +A1.3 + A1.4 + Fit 1 international exam
သင်တန်းကာလ - ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ
နေရာ - Goethe-Institut Myanmar နှင့် online Zoom meeting
စိတ်ဝင်စားသူများတဲ့အပြင် လူဦးရေလည်း အကန့်အသတ်ရှိတာကြောင့်
မတ်လ (၂၆) ရက်နေ့ကနေ ဧပြီလ (၅) ရက်နေ့အတွင်း info.language.mmr@goethe.de မှာ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါတယ်။ ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲ-၁) ကို ဆက်သွယ်ပြီးတော့လည်း အသေးစိတ်မေးမြန်းနိုင်ပါတယ်။