Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

လေးစားရပါသော လူကြီးမင်း

နည်းပညာဆိုင်ရာအခက်အခဲကြောင့် ဒီဇင်ဘာလ သတင်းလွှာတွင် ပါဝင်သော အကြောင်းအရာအချို့ (အထူးသဖြင့် 2025 ခုနှစ် စာမေးပွဲနှင့် သင်တန်းကြေးများ) မှာ ဖွင့်၍အဆင်မပြေဖြစ်ခဲ့ကြောင်း ကြားသိရသည့်အတွက် ကျွန်ုပ်တို့ ဒီဇင်ဘာလ သတင်းလွှာကို ပြန်လည်ပြင်ဆင်ပြီး ပေးပို့အပ်ပါသည်။
 
အဆင်မပြေမှုအတွက် တောင်းပန်အပ်ပါသည်။ နားလည်မှုအတွက် ကျေးဇူးတင်ရှိပါသည်။

နှုတ်ခွန်းဆက်သဝဏ်လွှာ

Season's greetings

©Goethe-Institut

ကိုယ်စိတ်နှလုံးငြိမ်းချမ်းပြီး အဓိပ္ပါယ်ရှိသောအားလပ်ရက်ဖြစ်ပါစေ။

ဒီထူးခြားတဲ့အချိန်အခါသမယမှာ ငြိမ်းချမ်းဆိတ်ငြိမ်တဲ့အခိုက်အတန့်တွေနဲ့ လှိုက်လှဲနွေးထွေးတဲ့ အချိန်တွေရရှိပါစေကြောင်း Goethe-Institut မြန်မာမိသားစုမှတောင်းဆုပြုပါတယ်။ နှစ်ကာလတစ်လျှောက် အတွေ့အကြုံများအတူဝေမျှခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။ လာမယ့်ရက်များအတွင်း အေးဆေးတည်ငြိမ်မှုနဲ့အတူ ဆန္ဒများလည်းပြည့်ဝပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Go Green Goethe

©Goethe-Institut Myanmar

Go Green Goethe: Year-End Reflection and Wrap-Up Program

Goethe-Institut မြန်မာရဲ့ မိသားစု၀င်တွေ တစ်နှစ်တာလုံး လုပ်ဆောင်လာခဲ့တဲ့ Go Green Goethe အစီအစဉ်လေးကို အဆုံးသတ်ရတော့မယ့် အချိန်ရောက်ရှိလို့လာပါပြီ။ Goethe-Institut မြန်မာ မိသားစု၀င်တွေ အဖွဲ့သုံးဖွဲ့ ခွဲပြီး တစ်နှစ်တာကာလအတွင်းမှာ မတူညီတဲ့ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ပညာပေးအစီအစဉ်တွေ၊ တစ်ဉီးချင်းစီအလေ့အကျင့်ပျိုးထောင်မှုတွေ၊ ပလတ်စတစ်ရှောင်ကျဉ်လျှော့ချရေးတွေနဲ့ မိမိတို့ အသုံးပြုခဲ့တဲ့ ပစည်းတွေကို second life ပေးပြီး သူ့နေရာနဲ့ ပြန်လည်အသုံးချနိုင်ရေးတွေအတွက် စုပေါင်းလုပ်ဆောင်မှုတွေ နဲ့ အလုပ်ရုံအစီအစဉ်တွေလည်း ပါ၀င်ခဲ့ပါတယ်။

နှစ်တစ်နှစ်ရဲ့ အဆုံးပိုင်းကာလ ဒီဇင်ဘာလကို ရောက်လာတဲ့အချိန်မှာတော့ တစ်နှစ်တာလုံးပြုလုပ်ခဲ့တဲ့ Go Green Goethe အဖွဲ့၀င်အားလုံးရဲ့ activities တွေကို ပြန်လည်စုစည်းလေ့လာနိုင်မယ့် အစီအစဉ်လေးတစ်ရပ်ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာ ကာလအပိုင်းအခြားအလိုက် ပြုလုပ်ခဲ့တဲ့ အဖွဲ့အသီးသီးရဲ့ မှတ်တမ်းမှတ်ရာတွေ နဲ့ အနုပညာလက်ရာတွေကို တင်ပြရင်း ဒီနှစ်ပြုလုပ်ခဲ့သမျှကို ပြန်လည်ဆန်းစစ် ၀ေမျှရင်း နောက်နှစ် နောက်နှစ်တွေအထိ ကောင်းမွန်တဲ့ အလေ့အထတွေကို သယ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။

ဒီအစီအစဉ်လေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အစီအစဉ်အသေးစိတ်ကို Goethe-Institut မြန်မာရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ မကြာခင် ကြေငြာသွားမှာဖြစ်လို့ စောင့်ကြည့်ပါ၀င်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ယဉ်ကျေးမှု

Sundowner

©Goethe-Institut Myanmar

ဆည်းဆာချိန် ဂီတ ဆုံဆည်းမှု

နှစ်စဉ် ပွင့်လင်းရာသီတွေမှာ ပြုလုပ်လေ့ရှိတဲ့  ဆည်းဆာချိန် ဂီတ ဆုံဆည်းမှု အစီအစဉ်လေးကို ယခုလာမယ့် ဒီဇင်ဘာလမှာ ပြန်လည်စတင်တော့မှာ ဖြစ်ကြောင်း Goethe-Institut မြန်မာရဲ့ ဂီတချစ်သူများကို သတင်းကောင်းပါးလိုပါတယ်။

ဒီအစီအစဉ်လေးကို ဂီတသမားတွေအတွက် တင်ဆက်ဖို့ ပလက်ဖောင်းတစ်ဖြစ်လည်း ဂီတချစ်သူတွေအတွက် စိတ်လက်အပန်းဖြေနိုင်မယ့် ညနေခင်းလေးတွေကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပြီး စီစဉ်တင်ဆက်တာဖြစ်ပါတယ်။

ယခင်နှစ်တွေလိုပဲ Goethe Cafe ကိုလာရောက်ရင်း ဂီတညနေခင်းတွေကို ဖြတ်သန်းနိုင်ဖို့ စီစဉ်ထားရှိမှာဖြစ်ပါတယ်။ ဒီဇင်ဘာလရဲ့ ဘယ်ညနေခင်းတွေမှာ ဘယ်ဂီတအဆိုရှင်တွေနဲ့ တီး၀ိုင်းတွေက လာရောက် တီးခတ်တင်ဆက်မယ်ဆိုတာကို Goethe-Institut မြန်မာရဲ့  လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြသွားမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြဖို့ နှိုးဆော်လိုက်ရပါတယ်။

အားလုံးနဲ့အတူ ဆည်းဆာချိန် ဂီတဆုံဆည်းမှု အစီအစဉ်လေးမှာ ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။

Event Details:
Band : SQUARE LAKE PIRATES
Date : 19th December 2024 (Thursday)
Time: 5:00 PM - 6:30 PM
Beyond the Words

©Goethe-Institut Myanmar

စာ၊ စကားတို့မှအလွန်။ ။ ကာတွန်း၊ ရုပ်ပြများတွင် ရုပ်ပုံဖြင့် ဇာတ်ကောင်၊ ဇာတ်အိမ်ဖန်တီးမှု

ရုပ်ပြဇာတ်ကွက်၊ ဇာတ်ကောင် ဖန်တီးမှုကို ချစ်မြတ်နိုးသူ၊ ကိုယ်ပိုင်ဖန်တီးဖို့ စိတ်ပါ၀င်စားသူတွေအတွက် အစီအစဉ်တစ်ရပ်ကို Goethe-Institut မြန်မာက ပြုလုပ်သွားဖို့ ရှိပါတယ်။

ယခု အစီအစဉ်ကို ကနေဒီယံလူမျိုး အန်နီမေးရှင်းဖန်တီးသူတစ်ဖြစ်လည်း စာရေးဆရာ၊ အနုပညာရှင်တစ်ဦးဖြစ်သူ ခရစ်(စ်) စတီး၀ါ့ (ထ်) နဲ့အတူ၊ မွန်စာပေ၊ မွန်ဘာသာစကားနဲ့ မွန်ရိုးရာဓလေ့တွေကို သူ့ရဲ့ ဒီဂျစ်တယ်ရုပ်ပုံတွေနဲ့ ထင်ဟပ်ဖော်ပြလေ့ရှိတဲ့ အာထက်တို့က ပူးပေါင်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ကာတွန်းနဲ့ ရုပ်ပြတွေမှာ ရုပ်ပုံကိုအသုံးပြုပြီး ဇာတ်ကြောင်း၊ ဇာတ်အိမ်၊ ပုံပြင် ဖန်တီးမှု နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ၀ေမျှတင်ဆက်သွားမှာဖြစ်ပြီး ခရစ်(စ်) နဲ့ အာထက်တို့ရဲ့ လက်ရာ တစ်ချို့ကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ဆွေးနွေးတင်ပြမှုများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ပြုလုပ်သွားမှာ ဖြစ်ပြီး ဘာသာပြန်ထားရှိထားမှာလည်း ဖြစ်ပါတယ်။

Date: 20th December, 2024 (Friday)
Doors Open and Registration : 4:00 PM
Program Duration: 4:30 PM – 6:00 PM
Entry: Free Entry (Open to public)
IT’S FASHION

©Myanmar Photo Archive

IT’S FASHION

ဖက်ရှင်က အရာရာနှင့် သက်ဆိုင်ပါတယ်။ တချို့အတွက်ဖက်ရှင်က ဖန်တီးမှု၊ ထုတ်ဖော်ပြသမှု၊ ပီတီဖြစ်မှု၊ သို့တည်းမဟုတ် ရိုးရိုးရှင်းရှင်း အရောင်တွေကို ချစ်မြတ်နိုးမှုနှင့် အလှတရား မှ အရင်းတည်ပါသည်။ ရိုးရာအ၀တ်အစားများ၊ ခေတ်ပေါ်အ၀တ်အစားများနှင့် တစ်ကိုယ်ရည်စတိုင်များ ရောပြွန်းလိုက်သောအခါ နေ့စဉ်နှင့်အမျှ မြန်မာ့ဖက်ရှင်ကို ကျယ်ကျယ်ပြန့်ပြန့် အသက်၀င် ပေါ်လွင်ထင်ရှားစေပါသည်။

စတူဒီယို ဓာတ်ပုံများ၊ တစ်ကိုယ်ရည် ရိုက်ကူးထားသော ဓာတ်ပုံများနှင့် ကြော်ငြာများမှ တစ်ဆင့် မြန်မာ့ဖက်ရှင် အကြောင်း တစ်စေ့တစ်စောင်းကြည့်ရှုနိုင်ရန်အတွက် Yangon Book Plaza မှာ ပြုလုပ်မည့် အမြင်ဆန်းသစ်စေမည့် ဓာတ်ပုံပြပွဲသို့ လာရောက်ရန် ဖိတ်ခေါ်လိုက်ပါသည်။

ပြပွဲအသေးစိတ်အချက်အလက်များ

ပြပွဲအမည်။      ။ ဖက်ရှင်အကြောင်း တစ်စေ့တစ်စောင်း
တည်နေရာ။     ။ Yangon Book Plaza, လမ်းမတော်လမ်း၊ ရန်ကုန်
ပြပွဲကာလ။      ။ ၂၀၂၄ ခုနှစ်၊ နို၀င်ဘာ ၂၉ ရက် မှ ဒီဇင်ဘာ ၁၅ ရက်ထိ
A Cup Of…

©Myanmar Photo Archive

A Cup Of…

နှလုံးသားနွေးထွေးစေမည့် Café Deja Brew မှာပြုလုပ်မည့် ပြပွဲလေးတစ်ခုကို လာရောက်ဖို့ဖိတ်ခေါ်လိုက်ပါသည်။ ဤပြပွဲမှာ vernacular အဖွဲ့သားများရိုက်ကူးထားသော ဓာတ်ပုံများဖြစ်သည့် မိတ်ဆုံပွဲများနှင့် ဖြတ်သန်းခဲ့ကြသည့် အဖိုးတန်အမှတ်တရများ၏ အလှတရားကို ဖော်ကြူးထားပါသည်။ ရန်ကုန်မြို့မှ တစ်ကိုယ်ရည် စုဆောင်းထားသော ဓာတ်ပုံအယ်လ်ဘမ်များမှ ကောက်နုတ်ထားသော သဘာ၀ကျသည့် ပုံရိပ်များသည် လူမှု့အသိုင်းအ၀ိုင်းဇတ်ကြောင်း၊ မိတ်ဖွဲ့မှုနှင့် ရင်းနှီးခင်မင်မှုများကို ထင်ဟပ်စေပါသည်။

အကြိုက်ဆုံးကော်ဖီတစ်ခွက် သောက်သုံးရင်း ဓာတ်ပုံတစ်ပုံချင်း၏ နောက်ကွယ်မှ ဇတ်ကြောင်းများတွင် စီး၀င်ခံစားပြီး သူမတူတဲ့ အတိတ်ကို လျှပ်တစ်ပြက်ခံစားလိုက်ပါ။

ပြပွဲအသေးစိတ်အချက်အလက်များ

ပြပွဲအမည်။      ။ တစ်ခွက်...
တည်နေရာ။     ။ Café Deja Brew,အမှတ် ၁၃၄၊ ၃၇ အလယ်ဘလောက်၊ မဟာဗန္ဓုလနှင့် အနော်ရထာကြား၊ ရန်ကုန်
ပြပွဲကာလ။      ။ ၂၀၂၄ ခုနှစ်၊ နို၀င်ဘာ ၂၉ ရက် မှ ဒီဇင်ဘာ ၁၅ ရက်ထိ
 
Movie Mania

©Myanmar Photo Archive

Movie Mania

ရုပ်ရှင်၀ါသနာအိုး ရောက်ရှိလို့လာပါပြီ။

၁၉၅၀ နှင့် ၁၉၇၀ ခုနှစ်များတွင် မြန်မာ့ရုပ်ရှင်လောကသည် အလားအလာရှိသည့် ရုပ်ရှင်ယဉ်ကျေးမှုကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့် ဗမာဟောလိ၀ုဒ်ဟု ပြောစတမ်းတွင်ခဲ့သည့်တိုင်  ရွှေခေတ်တစ်ခေတ်ဖြစ်ခဲ့သည်ကို မီးမှောင်းထိုးပြမည့် ပြပွဲသို့ လာရောက်ရန်ဖိတ်ခေါ်လိုက်ပါသည်။ ထိုကာလအတွင်း ရုပ်ရှင်စတူဒီယိုများစွာဖွံ့ ဖြိုးတိုးတက်လာခြင်း၊ ရုပ်ရှင်ကားများစွာ ဖန်တီးထုတ်လုပ်မှုက ဒေသခံပရိတ်သတ်များကို ရင်သပ်ရှုမောစေခဲ့ပါသည်။ ရုပ်ရှင်သရုပ်ဆောင်များသည် နိုင်ငံ့၏ပြယုဒ်တစ်ခုဖြစ်လာခဲ့ပြီး ဘောလိ၀ုဒ်နှင့် ဟောလိ၀ုဒ်မှ လွှမ်းမိုးမှုများကြောင့် အချစ်ဇာတ်လမ်းများ၊ ရိုးရာပုံပြင်ဇာတ်ကြောင်း စသည့် ရုပ်ရှင်ဇာတ်လမ်း အမျိုးအစားများကိုပါ ရိုက်ကူးဖန်တီးလာနိုင်ခဲ့ကြသည်။

ဤပြပွဲတွင် မြန်မာ့ရုပ်ရှင်များ၏ ရုပ်ရှင်ပိုစတာများနှင့် အမှတ်တရ ဖြစ်စေမည့် အမွေအနှစ်များကို ကြည့်ရူခံစား နိုင်မှာဖြစ်ပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်းနှင့် အခြားမူပိုင်ရှင်များထံမှ စုဆောင်းထားသော အနုပညာဆန်သည့် ရုပ်ရှင်ပိုစတာများ၊ ကြော်ငြာများ၊ ပရိတ်သတ်အယ်လ်ဘမ်များကို လေ့လာနိုင်မှာဖြစ်လို့ လက်မလွတ်သင့်တဲ့ပြပွဲတစ်ခုဖြစ်ပါသည်။

ပြပွဲအသေးစိတ်အချက်အလက်များ

ပြပွဲအမည်။      ။ ရုပ်ရှင်၀ါသနာအိုး 
တည်နေရာ။     ။ အမှတ် ၂၀၁/၂၀၃၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်။
ဖွင့်ပွဲအခမ်းအနား။       ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် (တနင်္ဂနွေ)
ပြပွဲကာလ။      ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်ထိ
When Spirits Flow Backwards

©Myanmar Photo Archive

အောင်မြတ်‌ဌေးမှ တင်ဆက်သည်

ဝိညာဉ်များနောက်ပြန်စီးဆင်းသည့်အခါ

ဤပြပွဲသည် မြန်မာနိုင်ငံ၏အတိတ်နှင့် ပစ္စုပ္ပန်ကာလအကြား  အချိန်ကြာမြင့်စွာ ဆက်လက်တည်ရှိနေခဲ့သော စိတ်ဝိဉာဉ်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်း အစဉ်အလာများဆက်စပ်ပြောင်းလဲနေမှုကို စူးစမ်းလေ့လာထားပါသည်။ 
သက်ဦးဆံပိုင်ခေတ်မှသည် ကိုလိုနီခေတ်သို့အကူး၊ ထိုမှတဆင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း မတည်ငြိမ်ခဲ့သော သမိုင်းဝင် နိုင်ငံရေးခေတ်ကာလများ၏ သိသာစွာ ကွဲပြားရှုပ်ထွေးလှသော လူမှုရေး နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျင့်ဝတ်များက နက်ရှိုင်းစွာကူးလူး ဆက်နွယ်နေပုံကို ယခုပြပွဲတွင် အလေးပေးဖော် ပြထားပါသည်။

မော်ကွန်းမှတ်တမ်းဓာတ်ပုံများမှတဆင့် ကိုယ်ပိုင်မှတ်ဉာဏ်များကို ပြန်လည်တူးဆွရင်း အတိတ်သမိုင်းဆီမှ ဂုဏ်ယူစရာ လွမ်းဆွတ်စရာ သင်ယူစရာ စသည်တို့ရောပြွန်းနေသော ခြောက်လှန့်မှုများကို ခေတ်ပြိုင်အနုပညာရသများမှတဆင့် သိမြင်ခံစားနိုင်မည်ဖြစ်ပါသည်။ 

အတွေးခေါ်ပညာၡင်သမားတော် John Locke ၏ မှတ်ဉာဏ်သီအိုရီနှင့် အတွေးခေါ်ပညာၡင် သမိုင်းဆရာ Michel Foucault ၏"counter-memory" သဘောတရားတို့ကို နမူနာယူကိုးကား၍ ဤပြပွဲသည်သမိုင်းမှတ်ဉာဏ်များကို လူမှုရေးနိုင်ငံရေးအခြေအနေများထက် ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရား၏ရင်းမြစ်တခုအဖြစ် ဆန်းစစ်မေးခွန်းထုတ်ထားပါသည်။ အတိတ်ကာလမှ မြန်မာနိုင်ငံ၏ ဇာစ်မြစ်နဲ့ သမိုင်းပုံရိပ်များအကြား နက်ရှိုင်းသောဆက်ဆံရေးများက ပစ္စုပ္ပန်ကာလအပေါ် မည်သို့လွှမ်းမိုးနေပုံကို ဓာတ်ပုံများကတဆင့်ထုတ်ဖော်ပြသထားမည်ဖြစ်ပါသည်။

ခေတ်ပြိင်အနုပညာရှု့ထောင့်မှ သမိုင်းကို ပြန်လည်ပုံဖော်ရန် Goethe-Institut Myanmar နှင့် Myanmar Photo Archive တို့က စီစဉ်ခဲ့သည့် အဆိုပြုလွှာခေါ်ယူခြင်း အစီအစဉ်မှ ကောက်နုတ်ထားသည့် အနုပညာရှင်များဖြစ်သော Han Reality၊ မိုးမြတ်၊ မေသင်းကြည်၊ ကယ်လ်ဗင် ရှိုင်းကို၊ ကျော်မင်းထက်၊ အယ်လ်ကိုထူး၊ ကိုစိုင်းနဲ့ ရဲကျော်အောင်တို့၏ လက်ရာများ ပါ၀င်မည်ဖြစ်ပါသည်။

ပြပွဲအသေးစိတ်အချက်အလက်များ

  • ပြပွဲအမည်။      ။ ဝိညာဉ်များနောက်ပြန်စီးဆင်းသည့်အခါ
  • တည်နေရာ။     ။ အမှတ် ၂၄၃ /၂၄၅၊ ဘိုအောင်ကျော်လမ်း၊ ရန်ကုန်။
  • ဖွင့်ပွဲအခမ်းအနား။       ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် (သောကြာ)
  • ပြပွဲကာလ။      ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ၂၂ ရက်ထိ
Science Film Festival 2024

© Goethe-Institut Myanmar

ဖျော်ဖြေမှုမှသည် အသိပညာဆီသို့

သိပ္ပံရုပ်ရှင်ပွဲတော် (၂၀၂၄)

ဂျာမန်ဘာသာစကားသင်ကြားရေးနှင့်ယဥ်ကျေးမှုဌာနမှ နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိသော သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာ၀ိုင်အမ်စီအေနှင့် အခြားပြည်တွင်းမှ အဖွဲ့အစည်းများ၏ ပူးပေါင်းမှုတို့နှင့်အတူ (၁၃) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဥ်နေပါသည်။ ယခုနှစ်သိပ္ပံရုပ်ရှင်ပွဲတော်ကို လူတွေ့ပြသမှုများအပြင်၊ အွန်လိုင်းမှစာရင်းပေးသွင်းကာ အခမဲ့ကြည့်ရှုနိုင်အောင် စီစဥ်ပေးသွားမည်ဖြစ်ပါသည်။ သိပ္ပံရုပ်ရှင်ပွဲတော်မြန်မာကို (၂၀၂၄)ခုနှစ်၊ နို၀င်ဘာလ (၂၀)ရက်မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
Academy of Care

©Goethe-Institut Myanmar

Academy of Care Program Wrap-Up

ကျွန်မတို့အနေနဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ ပြုလုပ်ခဲ့သော ဖန်တီးဆင့်ပွားမျှဝေမည် ဂရုစိုက်မှု အကယ်ဒမီ (AoC) အစီအစဉ် (တတိယမြောက် အသုတ်) အောင်မြင်စွာ ပြီးဆုံးကြောင်း ဝေမျှပေးလိုပါတယ်။ ဤအစီအစဉ်တွင် မတူညီတဲ့ နေရပ်ဒေသ နှင့် ပညာရေးနယ်ပယ်တို့မှ ၁၅ ဦး ပါဝင်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်သုခ ရရှိရေး နှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ရရှိရေးတို့ကို ဦးတည်သော အနုပညာကုထုံး၊ ဂီတကုထုံး နှင့် ပြဇာတ်ကုထုံး တို့၏ အခြေခံစွမ်းရည်များကို သင်ကြားပို့ချပေးခဲ့ပါသည်။
 
သင်တန်းသားများသည် သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် နီပေါ နိုင်ငံတို့မှ လာသော အတွေ့အကြုံရှိ သင်တန်းဆရာ၊ ဆရာမများ၏ အထူးကြပ်မတ် သင်ကြားပေးမှုနှင့် မိမိတို့၏ ဖန်တီးနိုင်စွမ်းတို့ကို ပေါင်းစပ်ကာ ကုထုံးနည်းစနစ်များကို လက်တွေ့လေ့လာသင်ယူခဲ့ရပါသည်။ ဤသင်တန်းသည် အမြင် အနုပညာ၊ အသံ၊ စည်းချက် နှင့် ခန္ဓာကိုယ် ရွေ့လျားမှုတို့ကို အသုံးတည့်သော ကုထုံးနည်းလမ်းများအဖြစ် အသုံးပြုနိုင်စေရန် အဓိကထားသင်ကြားပေးခဲ့ပါသည်။ ဤသင်တန်းမှ သင်တန်းသားများသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့တွင် ပါဝင်ဆင်နွှဲကာ ပြဇာတ်ကုထုံးကို စိတ်ပိုင်းဆိုင်ရာ ရှေး ဦးသူနာပြုစုခြင်း နှင့် စိတ်ဖိစီးမှု လျှော့ချခြင်းတို့တွင် အသုံးချပြခဲ့ရုံတင်သာမက တက်ရောက်လာသော လူထုကိုလည်း အနုပညာ နှင့် ဂီတကုထုံး အစီအစဉ်များတွင် ပါဝင်ဆင်နွှဲ ခံစားစေခဲ့ပါသည်။
 
သင်တန်းသားများသည် စိတ်ကျန်းမာရေးဆေးရုံ နှင့် အထူးလိုအပ်ချက်ရှိသော ကလေးငယ်များ ထားရှိသည့် ကျောင်းတို့တွင်လည်း အနုပညာကုထုံး၊ ဂီတကုထုံး နှင့် ပြဇာတ်ကုထုံး နည်းစနစ်များကို အသုံးချကာ လူနာများနှင့် ကလေးငယ်များကို ကူညီပေးခဲ့ပါသည်။ ဤကဲ့သို့သော အတွေ့အကြုံများသည် သင်တန်းသားများ၏ လက်တွေ့ဘဝတွင် စိတ်ခံစားချက်ပိုင်းဆိုင်ရာ နှင့် ဖွံဖြိုးကြီးထွားမှုပိုင်းဆိုင်ရာ လိုအပ်ချက် ရှိနေသူများကို ဖေးမကူညီပေးရာတွင် အသုံးတည့်သော၊ တန်ဖိုးရှိသော အတွေ့အကြုံများ ဖြစ်လာစေမည်ဖြစ်ပါသည်။ လက်တွေ့လေ့ကျင့်ရသည့် ရက်သတ္တပတ် နှင့် အချင်းချင်း ဖေးမကူညီပေးရသော သင်တန်းချိန်များမှတဆင့် သင်တန်းသားများသည် အပြန်အလှန် သင်ယူကြကာ သူတို့၏ လေ့ကျင့်မှုများ ပိုမိုကောင်းမွန်လာပြီး လူထုပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ် ပါဝင်ပတ်သက်ချင်သည့် စိတ်ခံစားချက်များကို အုတ်မြစ်ချပေးခဲ့ပါသည်။
 
ဤသင်တန်း၏ နောက်ဆုံးပိုင်းတွင် သင်တန်းသားများသည် မိမိတို့၏ တကိုယ်ရည် တိုးတက်မှု နှင့် ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကို မိမိကိုယ်တိုင် ပြန်လည်သုံးသပ်ခဲ့ကြပါသည်။ သူတို့သည် သူတို့၏ တက်ကျွမ်းသိမြင်မှုများကို အသုံးပြုကာ တက်ရောက်လာသောသူများကို ဤကုထုံးများသည် လူများ နှင့် လူမှုပတ်ဝန်းကျင်၏ စိတ်ကျန်းမာရေးအခက်အခဲများကို ကုသပေးခြင်း နှင့် စိတ်ဓာတ်ကြံ့ခိုင်မှု တည်ဆောက်ရာတွင် မည်ကဲ့သို့ အရေးပါအရာရောက်သည်ဆိုတာကို လက်တွေ့ပြသခဲ့ပါသည်။ ထို့ကြောင့် ယခုအခါတွင် သင်တန်းသားများသည် လူမှုပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုနိုင်ရန် အသိပညာများ၊ ကုထုံးနည်းစနစ်များကို ကျွမ်းကျင်စွာ သင်ယူတတ်မြောက်ပြီး ဖြစ်ပါသည်။
 
ကျွန်မတို့အနေနဲ့လည်း စိတ်နှစ်ပြီးသင်ကြားပေးပါသော သင်တန်းဆရာများ၊ သင်တန်းသားများ နှင့် နယ်သာလန်နိုင်ငံသံရုံး တို့ကို ယခုခရီးလမ်းတလျှောက် သူတို့ရဲ့ တန်ဖိုးမဖြတ်နိုင်သော ဖေးမကူညီမှုများအတွက် လွန်စွာ ဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ဘာသာစကား

German Language Courses

©Goethe-Institut Myanmar

ဒီဇင်ဘာလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဒီဇင်ဘာလ အတွက် (Online , In-person) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၁၃.၁၁.၂၀၂၄ မှ ၂၀.၁၁.၂၀၂၄ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exams

©Goethe-Institut Myanmar

ဒီဇင်ဘာလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။?

Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဒီဇင်ဘာလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၁၅.၁၁.၂၀၂၄မှ ၁၆.၁၁.၂၀၂၄ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
Exam and Course Fees

©Goethe-Institut Myanmar

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်သတ်မှတ်သော စာမေးပွဲကြေးနှင့်သင်တန်းကြေးများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်သတ်မှတ်သော စာမေးပွဲကြေး နှင့်သင်တန်းကြေးများအား ဖော်ပြပေးလိုက်ပါတယ်။

ပိုမိုသိရှိရန်-
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်သတ်မှတ်သော စာမေးပွဲကြေးများ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်သတ်မှတ်သော သင်တန်းကြေးများ

စာကြည့်တိုက်

Charming Felt Toys for Christmas Eve

©Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

"Charming Felt Toys for Christmas Eve!"

ဒီဇင်ဘာလအတွက် ကျွန်ုပ်တို့စာကြည့်တိုက်ရှိ ကလေးနှင့် လူငယ်အစီအစဥ်လေးကတော့ ‘Charming Felt Toys for Christmas Eve’ program လေးပဲဖြစ်ပြီး၊ အသက် ၇ နှစ် မှ ၁၃ နှစ်အရွယ်  သားသားမီးမီးများ ပါ၀င်နိုင်မှာ ဖြစ်ပါတယ်။

ခရစ်စမတ်အခါသမယလေးမှာ အမှတ်တရဖြစ်အောင် စိတ်ဝင်စားဖွယ် felt အရုပ်လေးတွေကို သားသားမီးမီးများ ကိုယ်တိုင်ပြုလုပ်ဖန်တီးနိုင်ဖို့ ဒီအစီအစဥ်လေးကနေ ဖိတ်ခေါ်လိုက်ပါတယ်။ Felt ဟာ ကလေးတွေ ဖန်တီးရန် လွယ်ကူပြီး အားလပ်ရက်မှာ စိတ်အပန်းဖြေမှုကို ပေးစွမ်းနိုင်မယ့် လက်မှုပစ္စည်းလေးပဲဖြစ်ပါတယ်။ ဒီနူးညံ့ပြီး အရောင်အသွေးစုံတဲ့  ဖန်တီးမှုလေးတွေကို ခရစ်စမတ်မှာ မိသားစုနဲ့ သူငယ်ချင်းတွေကို စပရိုက်လက်ဆောင်ပေးလို့လည်းရပြီး ပါတီပွဲတွေမှာလည်း အလှဆင်လို့ရနိုင်ပါတယ်။ Felt အရုပ်လေးတွေဖန်တီးခြင်းက ပျော်စရာအချိန်ကောင်းလေးရနိုင်ရုံသာမက ခရစ်စမတ်ကာလ၏ပျော်ရွှင်မှုကို ချစ်ရတဲ့သူတွေထံ ပြန်လည်မျှေ၀နိုင်မည့် နည်းလမ်းကောင်းလေးတစ်ခု လည်း ဖြစ်ပါတယ်။ ထို့အပြင် သားသမီးလေးတွေအနေနဲ့ အတူတကွ လက်မှုပစ္စည်းဖန်တီးရင်း သူငယ်ချင်း အသစ်တွေ ရရှိနိုင်တဲ့ အခွင့်အလမ်းလည်း ရရှိမှာဖြစ်ပါတယ်။ ဒါဆို ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့မှာ ဆုံကြမယ်နော်။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်  ♦ အသက် ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း biblio-yangon@goethe.de  မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။  
Board Game

©Goethe-Institut Myanmar

“BOARD GAME DAY!”

ဒီဇင်ဘာလ ရဲ့ Boardgame Day လေးမှာတော့ ဂိမ်းကစားသူတွေကို ဉာဏ်စမ်းတဲ့အနေနဲ့ အချိန်တိုအတွင်း အမေးအဖြေနှစ်ခုစလုံးအတွက် တွေးတောစဥ်းစားရမယ့် Tabu Familien- Edition ကို ဆရာမနဲ့အတူတူဆော့မှာဖြစ်ပါတယ်။ ဂိမ်းကစားတဲ့အခါ အဖွဲ့ ၂ ဖွဲ့ခွဲပြီး  ရှင်းပြသူတစ်ယောက်က ကတ်၏ထိပ်ဆုံးမှာပါရှိတဲ့ စာလုံးကိုသိအောင် သွယ်၀ိုက်ပြောဆိုပေးရမှာဖြစ်ပါတယ်။ ကတ်ထဲမှတားမြစ်စကားလုံးနှင့် ဟန်ပန်အမူအရာတွေကို ပြောြပခွင့်မရှိတာကြောင့် ရှင်းပြသူက ဘယ်လိုနည်းလမ်းတွေနဲ့ စကားလုံးကို အဓိပ္ပာယ်ဖော်မလဲ၊ ကိုယ့်အဖွဲ့သားတွေကရော အဖြေကို မြန်မြန်နှင့်မှန်မှန်ဖြေဆိုနိုင်ပါ့မလားဆိုတာ စိတ်၀င်စားစရာပါပဲ။ အခြားအဖွဲ့ကလည်း ကိုယ့်အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို သဲနာရီ၊ Quietscher တို့ဖြင့် စောင့်ကြည့်အမှတ်ပေးနေမှာဖြစ်ပါတယ်။ ကစားပွဲမှာ လူများလေ ပိုပျော်ဖို့ကောင်းလေမို့ သင့်သူငယ်ချင်းတွေကိုလည်း Boardgame Day နဲ့ မိတ်ဆက်ပေးပြီး အတူတူ ဂျာမန်ဘာသာစကားကို တိုးတက်စေလိုက်ပါ။

ဒီဂိမ်းလေးကို ကစားဖို့ A2 level သာ လိုအပ်တာမို့လို့ စိတ်ပါ၀င်စားသူများအနေဖြင့် biblio-yangon@goethe.de သို့မဟုတ် 01 9376160 (ext. 301/302) ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ကြိုတင်စာရင်းပေး ဆက်သွယ်နိုင်ပါတယ်။
Reading Club for young readers

©Goethe-Institut Myanmar

“READING CLUB” Program for Young Readers

ဂျာမန် Level A1 ရောက်နေပြီဖြစ်တဲ့ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်အရွယ် ကလေးများအတွက် အထူးရည်ရွယ်ပြီး Goethe-Institut Myanmar မှာ ယခုပြုလုပ်မယ့် စာဖတ်၀ိုင်းလေးကို   အသစ်စီစဥ်ပေးထားပါတယ်။

တစ်နာရီကြာြမင့်မယ့် ဒီအစီအစဥ်လေးမှာ လူငယ်စာဖတ်သူများက စိတ်၀င်စားစရာကောင်းတဲ့ ပုံပြင်လေးတွေ ၀တ္တုလေးတွေ ဖတ်ပြီး ပေါ့ပေ့ါပါးပါးနှင့် ဂျာမန်စာကို လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ဒီစာဖတ်၀ိုင်းလေးက စာဖတ်ရုံလောက်ပဲ မဟုတ်ပါဘူး။ စာအတူတူဖတ်ရင်း သူငယ်ချင်းအသစ်တွေရှာလို့လည်း ရပါတယ်။ ဒါ့အပြင် ကိုယ့်စိတ်ကူးစိတ်သန်းတွေကို ဖြန့်ကျက်စေနိုင်ခြင်း နှင့် ဘာသာစကားစွမ်းရည်တွင် မိမိကိုယ်ကို ယုံကြည်မှုတိုးလာစေဖို့အတွက်ပါ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် သင့်ကလေးကို စာအုပ်တွေကနေတစ်ဆင့် ကမ္ဘာအသစ်တွေကို စူးစမ်းရှာဖွေစေချင်တယ်ဆိုရင်၊  ဂျာမန်ဘာသာစကားကို တိုးတက်စေချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ စာဖတ်၀ိုင်းခရီးစဥ်လေးမှာ ပါ၀င်ဖို့ တိုက်တွန်းပါရစေ။
 
လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်  ♦ အသက်  ♦ ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း   biblio-yangon@goethe.de  မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။ 
Learnberatung

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလရဲ့ ''Lernberatung'' အစီအစဉ်ကတော့ A1-level အတွက်ဖြစ်ပြီး ဂျာမန်ဘာသာစကား လေ့လာနေသူများအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တွေ၊ online resources တွေ၊ ကိုယ့် level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။

စာကြည့်တိုက်သို့လူကိုယ်တိုင်မလာရောက်နိုင်သူတွေအတွက်လည်းပါ၀င်မေးမြန်းလို့ရအောင် virtual online session ကိုလည်း ထည့်သွင်းစီစဉ်ပေးထားပါတယ်။

ဒီအစီအစဉ်လေးမှာ (လူကိုယ်တိုင်ဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ်) ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့် မိမိတက်ရောက်လိုသည့်ရက် တို့ကိုအီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။
Reading Club

©Goethe-Institut Myanmar

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန်  လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’ လေး ရောက်ရှိလို့လာပါပြီ။

ဒီလရဲ့ အစီအစဥ်လေးက A1 Level အတွက်ဖြစ်ပြီး  ဆရာမနဲ့အတူတူ (၂) ချိန်စလုံး စာအုပ်တစ်အုပ်တည်းကို ဖတ်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်  (၂) ရက်စလုံး ပါ၀င်ပေးနိုင်မှသာ ထိရောက်တဲ့ စာဖတ်ခြင်း အလေ့အထကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။  
 
ဒါဆို ၀ါသနာတူသူငယ်ချင်းတွေနဲ့စာတူတူဖတ်ကြရင်း အတွေးအမြင်လေးတွေ ဝေမျှဖို့  ဖိတ်ခေါ်ပါရစေနော်။
စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
ONLEIHE: GERMAN ONLINE LIBRARY

©Goethe-Institut Myanmar

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Franz Friedrich, Özge Inan, André Kubiczek, Paul Maar, Emilia Roig, Cemile Sahin, Arno Strobel und Benedict Wells တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။
 

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de