Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

Environmental Connection

©Goethe-Institut Myanmar

သဘာ၀အတွက်ကွန်ယက်

"သဘာ၀အတွက်ကွန်ယက်" ပွဲကို ဩဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်တွင် အောင်မြင်စွာ ကျင်းပပြီး လူငယ်များအတွက် အကျိုးရှိသော အစီအစဉ်များနှင့် ဆက်သွယ်ရန် အခွင့်အလမ်းများစွာ ရရှိခဲ့ကြသည်။

ဤပွဲကို Goethe Institut Myanmar ၏ Go Green Goethe, Prevent Plastics Myanmar နှင့် EU Meetup ၏ Green Over Horizon မှ ပူးပေါင်းစီစဉ်ခဲ့ကြပါသည်။ ပွဲ၏ရည်ရွယ်ချက်မှာ တက်ရောက်သူများအနေဖြင့် သဘာဝနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုများ အပေါ် အပြန်အလှန် ဆက်သွယ်မှုကို ပြုလုပ်နိုင်ပြီး ပတ်ဝန်းကျင်နှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပါသည်။
Purple, Climate Action Lab Myanmar (Calm), For The Future-Myanmar, Me To Me (Micro Effort to Million Effects), Transform with Me, Life 4 Change, Eco Bunnies အစရှိသည့် လူငယ်ဦးဆောင်အဖွဲ့အစည်းများ ပါ၀င်ခဲ့ပါသည်။

လူငယ်ဦးဆောင်အဖွဲ့အစည်းများမှ နေရာအသီးသီးတွင် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆောင်ရွက်နေကြသည်ကို အဖွဲ့အစည်းအလိုက် မျှဝေခဲ့ကြသည်။ လူငယ်များအနေနဲ့ လက်တွေ့ ပါဝင် ဆောင်ရွက်နိုင်မည့် လမ်းကြောင်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် Thant Myanmar နှင့် 3ZERO House Myanmar တို့မှလည်း သုံးသပ်ချက်များဖြစ်စေမည့် အချက်အလက်များကို ဝေမျှခဲ့ပါသည်။

ဆွေးနွေးပွဲအတွင်း ဧည့်သည်များက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ လူငယ်ဦးဆောင်သော အဖွဲ့အစည်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပတ်ဝန်းကျင်ပေါ် အကျိုးသက်ရောက်မှုများကို မျှဝေခဲ့ကြပါသည်။ အတွေ့အကြုံရှိသော ဧည့်သည်များမှ ၎င်းတို့၏ သုံးသပ်ချက်များနှင့် အကြံဉာဏ်များကို မျှဝေခဲ့ကြပါသည်။

ဆွေးနွေးပွဲပြီးစီးချိန်တွင် ဂျာမန်ကဗျာ ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ဆုများကို အနိုင်ရသူများထံ ချီးမြှင့်ခဲ့ပါသည်။ Prevent Plastics Myanmar မှ Plastic Free July လှုပ်ရှားမှု အစီအစဉ်အရ Popa ရှိ Taw Za Chaung ကျေးရွာ၌ သန့်ရှင်းရေး လုပ်ငန်းစဉ်အတွင်း စုပေါင်းထုတ်ယူခဲ့သော အမှိုက်များကို အသုံးပြု ပြုလုပ်ထားသည့် အနုပညာ လက်ရာများကို ပြသခဲ့ပါသည်။

E ART H Myanmar မှလည်း စွန့်ပစ် အဝတ်အစားအဟောင်းများကို ပြန်ယူ၍ အနုပညာ လက်ရာများအဖြစ် ပြန်လည်ဖန်တီးပြသခဲ့ပါသည်။ ဂျာမန် ဘာသာစကား ကလေးအတန်းမှ ကျောင်းသား၊ကျောင်းသူများကလည်း စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသော အနုပညာ လက်ရာများကိုလည်း ပြသခဲ့ပါသည်။

တာ၀န်သိ၊ တာ၀န်ရှိ ဆိုင်တန်းများတွင် သဘာ၀နှင့် သဟဇာတဖြစ်သည့် ထုတ်ကုန်များနှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များလည်း အခမ်းအနားတွင် ပါဝင်ခဲ့ပါသည်။ မေးဖြေအစီအစဉ်နှင့်အတူ  ကြက်ဉထည့်ဘူး ပြုလုပ်သည့် စိတ်ဝင်စားဖွယ် လက်မှုအစီအစဉ်လည်း ပါ၀င်ခဲ့ပါသည်။

"သဘာ၀အတွက်ကွန်ယက်" ပွဲကို နှစ်ရက်ကြာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ပံ့ပိုးပေးခဲ့သူတိုင်းအား ကျေးဇူးအထူးတင်ရှိရင်း တက်ရောက်သူများအနေဖြင့်လည်း သဘာဝနှင့် ပတ်ဝန်းကျင်အတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရရှိခဲ့ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

ယဉ်ကျေးမှု

Yangon Book Plaza Workshop

©Myanmar Photo Archive

Hand Colouring Book နဲ့ Workshop လာပြီဗျို့

မြန်မာ့ဓာတ်ပုံမော်ကွန်းက ထုတ်ဝေတဲ့ Hand Colouring စာအုပ်ကို Yangon Book Plaza မှာ ရနေပါပြီ။ စာအုပ်ထုတ်ဝေတဲ့ အထိမ်းအမှတ်အနေနဲ့ မြန်မာ့ဓာတ်ပုံမော်ကွန်း၊ Goethe-Institut မြန်မာ နဲ့ Yangon Book Plaza တို့ပူးပေါင်းပြီး စာအုပ်ဝယ်ယူသူများအတွက် ကိုယ်တိုင် ဓာတ်ပုံတွေကို ဆေးရောင်ခြယ်နိုင်မယ့် သီးသန့် workshop တစ်ခု စီစဥ်ထားပါတယ်။ ဒီ workshop ဟာ ဓာတ်ပုံတွေကို ဆေးခြယ်ဖို့ ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သလို၊ စိတ်ဝင်စားကြတဲ့သူတွေအချင်းချင်း တွေ့နိုင်မယ့် အခွင့်အလမ်းတစ်ခုလဲ ဖြစ်ပါတယ်။

Yangon Book Plaza မှာ Hand Colouring စာအုပ်ဝယ်ယူပြီး စက်တင်ဘာလ ၁ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီတွင်း ပြုလုပ်မယ့် workshop မှာပါဝင်လိုက်ပါ။ workshop အကြောင်း အစီအစဥ် အသေးစိတ်ကို လူမှုကွန်ယက်စာမျက်နှာများတွင် ကြေငြာပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြပါဦးနော်။

ရက်စွဲ - စက်တင်ဘာလ ၁ ရက်နေ့
အချိန် - နေ့လည် ၁ နာရီမှ ၃ နာရီထိ
နေရာ - Yangon Book Plaza
Talking Types

©Talking Types

Myanmar Font Making Course

Goethe-Institut Myanmar မှာ စနေနေ့တိုင်း မြန်မာဖောင့် ဖန်တီးရန် စိတ်ဝင်စားသူ ဒီဇိုင်နာ ၈ ယောက်ကို ကိုဇင်ဘိုနဲ့ ကိုထွန်းနောင်တို့ Myanmar Font Making Course ကို သင်ကြားပို့ချပေးနေပါတယ်။ သင်တန်းကာလ ၂ လကြာမြင့်မှာ ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

သင်တန်းတစ်လျှောက်မှာ
-Legibility, readability, stroke, နှင့်contrast ကဲ့သို့Typography အခြေခံများ
-Typeface နှင့် ဖောင့် ကွာခြားချက်များ ၊body နှင့်display type တို့၏ ကွာခြားချက်များ
-ဖောင့်ဆော့ဖ်ဝဲအသုံးပြုပုံများ၊ metrics တည်ဆောက်ခြင်း နှင့် letter frame ဖန်တီးခြင်းများ
-မြန်မာအက္ခရာများ ဖန်တီးခြင်းများ၊ ligatures နှင့် alternatives များအကြောင်း
-Spacing နှင့်kerning အကြောင်း၊ ဖောင့်များ export လုပ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းများကို လေ့လာကြမှာဖြစ်ပါတယ်။ သင်တန်းအဆုံးမှာ သင်တန်းသားများမှ ကိုယ်ပိုင် ဖောင့်တစ်ခု ဖန်တီးနိုင်ကြမှာဖြစ်ပြီးType Design ကို ဆက်လက် လေ့လာနိုင်ကြမှာဖြစ်ပါတယ်။Goethe-Institut Myanmar နှင့်Talking Type ဒီဇိုင်နာများမှာ မြန်မာဖောင့် ဒီဇိုင်းနှင့် ဒီဇိုင်နာများအကျိုးအတွက် ပူးပေါင်လုပ်ဆောင်လျက်ရှိပါတယ်။
Narratives from the Earth: Natural Materials in Contemporary Art

©Khin Thethtar Latt

"Narratives from the Earth: Natural Materials in Contemporary Art"

Materials of Life စီမံကိန်းရဲ့ အဆုံးသတ်အစီအစဉ်ဖြစ်တဲ့ "Narratives from the Earth: Natural Materials in Contemporary Art" အမည်ရ အနုပညာပြပွဲကို သြဂုတ်လ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ Goethe-Institut မြန်မာရဲ့ ပြပွဲခန်းမမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

စီမံကိန်းအတွက် ရွေးချယ်ခံရသူများဖြစ်ကြတဲ့ Kai၊ ခန့်အောင်၊ (Citamin@)၊ ခင်သက်ထားလတ်၊ Morris John၊ ဖြိုးသမိန်၊ စိုးယုနွယ် နဲ့ သဲဒါလီ အပါအ၀င် စီမံကိန်းကာလအတွင်း အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လာရောက်ဦးဆောင်ပြုလုပ်ပေးခဲ့တဲ့ ကမ္ဘောဒီးယားအနုပညာရှင် Sopheap Pich နဲ့ Materials of Life စီမံကိန်းရဲ့ အနုပညာအကြံပေးဖြစ်သူ Kaal တို့ရဲ့ လက်ရာတွေကို ပြသခဲ့တာ ဖြစ်ပါတယ်။

သဘာ၀ကြားခံတွေကို အနုပညာလက်ရာတွေမှာ ထည့်သွင်းအသုံးပြုပြီး မတူညီတဲ့ တင်ဆက်မှုများကို ပြသတဲ့ ကြည့်ရခဲတဲ့ ပြပွဲတစ်ရပ်ဖြစ်ခဲ့ပြီး အနုပညာကို နှစ်သက်သူအများအပြား လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ပြပွဲနောက်ဆုံးနေ့ ဖြစ်တဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ အနုပညာစကား၀ိုင်း တစ်ရပ်ကို ထည့်သွင်းခဲ့ပြီး စီမံကိန်းကာလတစ်လျှောက်အတွေ့အကြုံများနဲ့ သဘာ၀ကြားခံများကို အသုံးပြုပြီး အနုပညာလက်ရာ ဖန်တီးထားမှုနဲ့ လက်ရာတစ်ခုချင်းစီရဲ့ အကြောင်းအရာများကို အနုပညာရှင်များက မျှ၀ေဆွေးနွေး ခဲ့ကြပါတယ်။
Academy of Care

©Goethe-Institut Myanmar

Academy of Care Update: လျှောက်ထားသူများထဲမှ15 ဦးအား Cohort 3 ရဲ့ သင်တန်းသားအသစ်အဖြစ် ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။

ကျွန်ုပ်တို့၏Academy of Care အစီအစဉ် Cohort 3 တွင် ပါဝင်ရန် ခေါ်ဆိုမှုအတွက် စိတ်ပါဝင်စားသည့် လျှောက်ထားသူများအနက် ပထမအကြိမ်နှင့် ဒုတိယ အကြိမ် အင်တာဗျူးများကို ပြုလုပ်ပြီးနောက်၊ အရည်အချင်းရှိပြီး စိတ်အားထက်သန်သူ ၁၅ ဦးအား ရွေးချယ်လိုက်ကြောင်း အသိပေးလိုပါတယ်။ အင်တာဗျူးများကိုတော့ Goethe Institut Myanmar၏ ဒါရိုက်တာ၊ မြန်မာနိုင်ငံမှ ဂီတကုထုံးပညာရှင်နှင့် စိတ်ကျန်းမာရေးအထူးကုများ၊ Academy of Care ပရိုဂရမ်အဖွဲ့တို့မှ အတူတကွ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၅ ဦး အနေဖြင့်AoC cohort 3 training ကိုGoethe-Institut Myanmar တွင် စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ ၈ ပတ်ကြာ ခရီးစဉ်မှာ ပါဝင်ကြမှာဖြစ်ပါတယ်။ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါနှင့် မြန်မာနိုင်ငံတို့မှ ကျွမ်းကျင်သော ဖန်တီးမှုကုထုံးပညာရှင်များနှင့် အထူးပြုလေ့ကျင့်မှုတွင် ပါဝင်သင်ကြားသွားကြရမှာဖြစ်ပါတယ်။ ၎င်းတို့အနေဖြင့် ဒရာမာကုထုံး၊ ဂီတကုထုံးနှင့် အနုပညာကုထုံးများတွင် တီထွင်ဖန်တီးထားသော ကုထုံးချဉ်းကပ်နည်းများကို လေ့လာပြီး ၎င်းတို့၏အသိုင်းအဝိုင်းများကို ပံ့ပိုးပေးမည့် ကျွမ်းကျင်မှုများရရှိကြမှာဖြစ်ပါတယ်။

ဘာသာစကား

German Courses

©Goethe-Institut Myanmar

စက်တင်ဘာလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက စက်တင်ဘာလ အတွက်  (Online , In-person) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၂၈.၀၈.၂၀၂၄ မှ ၀၇.၀၉.၂၀၂၄ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exams

©Goethe-Institut Myanmar

စက်တင်ဘာလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။?

Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက စက်တင်ဘာလ အတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၈.၀၈.၂၀၂၄ မှ ၀၇.၀၉.၂၀၂၄  ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Recycle Craft

©Goethe-Institut Myanmar

Children and Youth Program

‘Recycle Craft for Kids: Turning Trash into Treasure’

စာကြည့်တိုက်ရှိ ကလေးနှင့် လူငယ်အစီအစဥ်မှ ကြိုဆိုပါတယ်။ အသက် ၆နှစ်မှ ၁၂ နှစ်အရွယ် ကလေးများအတွက် ‘Recycle Craft for Kids: Turning Trash into Treasure’ ဆိုတဲ့ ပွဲလေးကို မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနဲ့ တီထွင်ဖန်တီးမှုတို့ ပေါင်းစည်းကြမယ့် ဒီပျော်ရွင်စရာ Recycle Craft session လေးကို လာရောက်ပါ၀င်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ဒီအစီအစဥ်လေးမှာ သားသားမီးမီးလေးတွေက နေ့စဥ်စွန့်ပစ္စည်းအမှိုက်လေးတွေကနေ ထူးခြားပြီးစိတ်ကူးစိတ်သန်းကောင်းတဲ့ လက်မှုပစ္စည်းလေးတွေဖြစ်အောင် ပြောင်းလဲဖို့ အခွင့်အရေးရမှာ ဖြစ်ပါတယ်။ ဒီ hands-on activity တွင် ကလေးများရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးရုံသာမက Recycle ပြန်လည်အသုံးပြုခြင်းနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းခြင်းတို့ရဲ့ အရေးပါပုံတို့ကိုပါ သင်ကြားပေးမှာ ဖြစ်ပါတယ်။  Banner Children Development Centre မှ ဆရာမ၏လမ်းညွှန်သင်ပြပေးမှုနှင့်အတူ သင်တို့ ချစ်ရတဲ့ သားသားမီးမီးလေးတွေက ခဲတံထည့်တဲ့ ပလတ်စတစ်ဘူးများ၊ ပလတ်စတစ်ပန်းအိုးများအပြင် တစ်ရှူးဘူး မွန်းစတားလေးများ၊ ကြက်ဥခွံနဲ့  ပြုလုပ်ထားတဲ့ တိရစ္ဆာန်လေးများ၊ ပလတ်စတစ် ဌက်အစာခွက်လေးများကို အတူတူပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်တို့ရဲ့ ကလေးများကို ပစ္စည်းအဟောင်းလေးတွေကို အသွင်မတူသော အရာ၀တ္ထုအသစ်တွေဖြစ်အောင် ဖန်တီးခြင်းဖြင့် ရရှိလာမယ့် ပျော်ရွှင်မှုရသကို ရှာဖွေခံစားစေရင်း သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်ခန်းစာများကို သင်ယူစေလိုက်ပါ။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
•အမည်  •အသက် •ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။ 
Reading Club for young readers

©Goethe-Institut Myanmar

“READING CLUB” Program for Young Readers

ဂျာမန် Level A1 ရောက်နေပြီဖြစ်တဲ့ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်အရွယ် ကလေးများအတွက် အထူးရည်ရွယ်ပြီး Goethe-Institut Myanmar မှာ ယခုပြုလုပ်မယ့် စာဖတ်၀ိုင်းလေးကို   အသစ်စီစဥ်ပေးထားပါတယ်။

တစ်နာရီကြာမြင့်မယ့် ဒီအစီအစဥ်လေးမှာ လူငယ်စာဖတ်သူများက စိတ်၀င်စားစရာကောင်းတဲ့ ပုံပြင်လေးတွေ ၀တ္တုလေးတွေ ဖတ်ပြီး ပေါ့ပေ့ါပါးပါးနှင့် ဂျာမန်စာကို လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ဒီစာဖတ်၀ိုင်းလေးက စာဖတ်ရုံလောက်ပဲ မဟုတ်ပါဘူး။ စာအတူတူဖတ်ရင်း သူငယ်ချင်းအသစ်တွေရှာလို့လည်း ရပါတယ်။ ဒါ့အပြင် ကိုယ့်စိတ်ကူးစိတ်သန်းတွေကို ဖြန့်ကျက်စေနိုင်ခြင်း နှင့် ဘာသာစကားစွမ်းရည်တွင် မိမိကိုယ်ကို ယုံကြည်မှုတိုးလာစေဖို့အတွက်ပါ ရည်ရွယ်ထားပါတယ်။
ဒါကြောင့် သင့်ကလေးကို စာအုပ်တွေကနေတစ်ဆင့် ကမ္ဘာအသစ်တွေကို စူးစမ်းရှာဖွေစေချင်တယ်ဆိုရင်၊  ဂျာမန်ဘာသာစကားကို တိုးတက်စေချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ စာဖတ်၀ိုင်းခရီးစဥ်လေးမှာ ပါ၀င်ဖို့ တိုက်တွန်းပါရစေ။
 
လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်  ♦အသက်  ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။ 
Board Game

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

သောကြာနေ့မှာ ပျော်စရာနည်းလမ်းတွေနဲ့ အချိန်ဖြုန်းဖို့ စိတ်ကူးရှိပါသလား။ ဒါဆိုရင်တော့ ကျွန်ုပ်တို့ စာကြည့်တိုက်၏ လစဥ်ကျင်းပတဲ့ Board Game Friday ကိုသာ သတိရလိုက်ပါ။ ဒီတစ်ခေါက်မှာတော့ အချိန်ရေစီးကြောင်းတိုင်းမှာ အမြဲတမ်း မရိုးသွားသေးတဲ့ Monopoly ကို ဆော့ကြမှဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့၏ Board Game Friday က အံစာတုံးလှိမ့်ပြီး ကတ်ရွှေ့ ကစားခြင်းထက် ပိုပါတယ်။ ဂိမ်းဆော့ရင်း ပျော်ရွှင်မှုကို ရှာဖွေ နိုင်ရုံသာမက မိမိ၏ဘာသာစကားစွမ်းရည်ကိုလည်း မြှင့်တင်နိုင်သော အခွင့်အလမ်းတစ်ခုအဖြစ် ဖန်တီးထားပါတယ်။ ဂျာမန်စကားလုံး ဝေါဟာရနဲ့ အသုံးအနှုန်းများကို လေ့လာလို့ရနိုင်တဲ့ တကယ့်အတွေ့အကြုံကောင်း တစ်ခုရစေမှာဖြစ်ပါတယ်။

စိတ်ပါ၀င်စားသူများအနေဖြင့် biblio-yangon@goethe.de သို့မဟုတ် 01 9376160 (ext. 301/302) ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ကြိုတင်စာရင်းပေးဆက်သွယ်နိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေစုပြီး စာတူတူလေ့လာရင်း ပျော်စရာ အမှတ်ရစရာ နေ့လေးကို ကျွန်ုပ်တို့ဆီမှာ Board Game ဆော့ရင်း ဖန်တီးလိုက်ပါ။
Reading Club

©Goethe-Institut Myanmar

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန်  လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’လေး ရောက်ရှိလို့လာပါပြီ။

ဒီလရဲ့ အစီအစဥ်လေးက A1 Level အတွက်ဖြစ်ပြီး  ဆရာမနဲ့အတူတူ (၂) ချိန်စလုံး စာအုပ်တစ်အုပ်တည်းကို ဖတ်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်  (၂) ရက်စလုံး ပါ၀င်ပေးနိုင်မှသာ ထိရောက်တဲ့ စာဖတ်ခြင်း အလေ့အထကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။  

ဒါဆို ၀ါသနာတူသူငယ်ချင်းတွေနဲ့စာတူတူဖတ်ကြရင်း အတွေးအမြင်လေးတွေ ဝေမျှဖို့  ဖိတ်ခေါ်ပါရစေနော်။
စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level
ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Learnberatung

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလရဲ့ ''Lernberatung'' အစီအစဉ်ကတော့ A1-level အတွက်ဖြစ်ပြီး ဂျာမန်ဘာသာစကား လေ့လာနေသူများအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တွေ၊ online resources တွေ၊ ကိုယ့် level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။

စာကြည့်တိုက်သို့ လူကိုယ်တိုင် မလာရောက်နိုင်သူတွေအတွက်လည်း ပါ၀င်မေးမြန်းလို့ရအောင် virtual online session ကိုလည်း ထည့်သွင်းစီစဉ်ပေးထားတာဖြစ်လို့ ဒီအစီအစဉ်လေးမှာ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့် မိမိတက်ရောက်လိုသည့်ရက် တို့ကို အီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။
ONLEIHE: GERMAN ONLINE LIBRARY

©Goethe-Institut

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Max Annas, Franz Dobler, Maja Haderlap, Wladimir Kaminer und Andrea Karimé တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de