
သတင်းအချက်အလက်စင်တာများနှင့် ကြိုဆိုလမ်းညွှန်သူများ
ဂျာမနီတွင် ပထမဆုံးအသားကျစေရန် ကြိုဆိုလမ်းညွှန်သူများက သင့်ကိုကူညီနိုင်ပါသည်။ ဂျာမနီတွင် နေထိုင်ခြင်းနှင့်အလုပ်လုပ်ကိုင်ခြင်း နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ (အွန်လိုင်း) ဆွေးနွေးပွဲများ၊ သတင်းအချက်အလက်ပေးသည့် ဆောင်ရွက်လှုပ်ရှားမှုများကို ထိုသူတို့က စီစဉ်လုပ်ဆောင်ပေးပါသည်။ ထိုကြိုဆိုလမ်းညွှန်သူများကို ဂျာမနီရှိ Goethe-Institut (၆) ခုနှင့် သတင်းအချက်အလက်စင်တာများတွင် တွေ့နိုင်ပါသည်။ ထိုကြိုဆိုလမ်းညွှန်သူများက မည်သူတို့ဖြစ်သည်။ မည်သို့သော ဆောင်ရွက်လှုပ်ရှားမှုများကို စီစဉ်ပေးသည်ဆိုသည်ကို ဂျာမနီရှိ Goethe-Institut အသီးသီးရှိ ၎င်းတို့၏ ဝက်ဘ်ဆိုက်စာမျက်နှာများတွင် ကြည့်နိုင်ပါသည်။
ဤနေရာတွင်ပွဲအစီအစဉ်များကိုကြည့်နိုင်ပါသည်။
ဂျာမနီရှိ (၃၅) နေရာတွင် ကျွန်ုပ်တို့၏ သတင်းအချက်အလက်စင်တာများရှိပါသည်။ ထိုနေရာများတွင် ဂျာမန်စကားကိုလေ့ကျင့်နိုင်ပြီး ဂျာမနီတွင်နေထိုင်ရန်နှင့်အလုပ်လုပ်ကိုင်ရန် သတင်းအချက်အလက်များရယူနိုင်ပါသည်။ ပွဲလမ်းသဘင်များတွင်ပါဝင်ရန်နှင့် အခြားလူများနှင့်သိကျွမ်းမိတ်ဆွေဖွဲ့ရန် ထိုဒေသရှိအခွင့်အလမ်းများကိုလည်းသိရှိနိုင်ပါသည်။ အချက်အလက်စင်တာများသည် အများပြည်သူနှင့်သက်ဆိုင်သော အဖွဲ့အစည်းများတွင်ရှိပါသည်။ ဥပမာ - ဒေသန္တရအုပ်ချုပ်ရေးရုံးများ၊ စာကြည့်တိုက်များနှင့် လုပ်သားကောလိပ်ကျောင်းများတွင်ဖြစ်သည်။