Goethe-Zertifikat B1
Goethe-Zertifikat B1 စာမေးပွဲသည် ဆယ်ကျော်သက်လူငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် တတိယမြောက်အဆင့်ဖြစ်သည့် B1 နှင့် ညီမျှပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် ဘာသာစကားကို အသုံးပြုနိုင်ကြောင်း ဤစာမေးပွဲက အတည်ပြုပေးပါသည်။
စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။
- အသင်နှင့်စကားပြောသူသည် ရှင်းလင်းစွာဖြင့် စံဘာသာစကားကို အသုံးပြု၍ ပြောဆိုသည့်အခါ အသင်သည် အဓိကအရေးကြီးသည့် သတင်းအချက်အလက်များကို နားလည်နိုင်ခြင်း။ ဥပမာ။ ။ အလုပ်၊ ကျောင်း၊ အားလပ်ချိန် စသည့် မိမိ သိကျွမ်းပြီးသား အကြောင်းအရာများကို ပြောဆိုရာတွင်။
- ဂျာမန်ဘာသာစကားပြောသည့်နိုင်ငံများကို အလည်အပတ်သွားရာတွင် တွေ့ကြုံရသည့် အခြေအနေများကို ဖြေရှင်းနိုင်ခြင်း။
- မိမိရင်းနှီးကျွမ်းဝင်သော အကြောင်းအရာများနှင့် မိမိစိတ်ဝင်စားသော အကြောင်းအရာများကို လွယ်ကူရိုးရှင်းပြီး အချိတ်အဆက်ရှိရှိ ထုတ်ဖော်ပြောဆိုနိုင်ခြင်း။
- မိမိကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် အဖြစ်အပျက်များအကြောင်းကို ပြန်လည်ပြောပြနိုင်ခြင်း၊ မိမိမျှော်လင့်ချက်အိပ်မက်များနှင့် ရည်ရွယ်ချက်ပန်းတိုင်များအကြောင်းကို ပုံဖော်ပြောဆိုနိုင်ခြင်း၊ တိုတိုရှင်းရှင်း အကြောင်းပြချက်များနှင့် ရှင်းလင်းချက်များ ပေးနိုင်ခြင်း။
*) သင်သည် ပြီးခဲ့သည့် ခြောက်လအတွင်း Goethe-Institut တွင် ဂျာမန်သင်တန်းတက်ရောက်ခဲ့ပါက ဖော်ပြထားသည့် လျှော့စျေးသည် အကျုံးဝင်ပါသည်။ ခြောက်လဆိုသည်မှာ ဘာသာစကားသင်တန်းပြီးဆုံးချိန် နှင့် ဖြေဆိုမည့်စာမေးပွဲရက်စွဲကြားရှိ ကာလကို ရည်ညွှန်းပါသည်။ ဤအခြေအနေနှင့် အကျုံးဝင်ပါက၊ ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း စျေးနှုန်းသည် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုသို့မဖြစ်ပါက သင်တက်ခဲ့သည့် သင်တန်းရုံးသို့ ဆက်သွယ်ပါ။