Goethe-Zertifikat A2: Fit in Deutsch
Goethe-Zertifikat A2: Fit in Deutsch သည် အသက် (၁၂)နှစ်နှင့် (၁၆)နှစ်အကြား ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ဒုတိယအဆင့်ဖြစ်သည့် A2 နှင့် ညီမျှပြီး အသင့်ထံတွင် လွယ်ကူရိုးရှင်းသည့် အခြေခံ ဂျာမန်ဘာသာစကား စွမ်းရည်များရှိကြောင်းကို အတည်ပြုပေးပါသည်။
စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။
- ရိုးရှင်းသော၀ါကျများ၊ နေ့စဥ်ကြုံတွေ့နေကျ အခြေအနေများတွင် မကြာခဏအသုံးပြုလေ့ရှိသော အသုံးအနှုံးများကို နားလည်နိုင်ခြင်း၊ အသုံးချနိုင်ခြင်း။
- ပုံမှန်ကြုံတွေ့နေကျ အခြေအနေများတွင် မိမိ အကျွမ်းတ၀င်သိရှိပြီးသား အကြောင်းအရာများအကြောင်း အပြန်အလှန်ပြောဆိုကြသည့်အခါ နားလည်နိုင်ခြင်း။
- ရိုးရှင်းလွယ်ကူသော အသုံးအနှုန်းများဖြင့် မိမိ၏ နောက်ခံရာဇဝင်အကြောင်း၊ ပညာရေးအကြောင်းစသည်တို့ကို ဖော်ပြနိုင်ခြင်း၊ မိမိ၏ ပတ်၀န်းကျင်အကြောင်းနှင့် လိုအပ်လျှင်လိုအပ်သလို အခြား မိမိနှင့်တိုက်ရိုက်ဆက်စပ်နေသည့် အကြောင်းအရာများကို ပုံဖော်ပြောဆိုနိုင်ခြင်း။
*) သင်သည် ပြီးခဲ့သည့် ခြောက်လအတွင်း Goethe-Institut တွင် ဂျာမန်သင်တန်းတက်ရောက်ခဲ့ပါက ဖော်ပြထားသည့် လျှော့စျေးသည် အကျုံးဝင်ပါသည်။ ခြောက်လဆိုသည်မှာ ဘာသာစကားသင်တန်းပြီးဆုံးချိန် နှင့် ဖြေဆိုမည့်စာမေးပွဲရက်စွဲကြားရှိ ကာလကို ရည်ညွှန်းပါသည်။ ဤအခြေအနေနှင့် အကျုံးဝင်ပါက၊ ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း စျေးနှုန်းသည် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုသို့မဖြစ်ပါက သင်တက်ခဲ့သည့် သင်တန်းရုံးသို့ ဆက်သွယ်ပါ။