Goethe-Zertifikat A1: Start Deutsch 1
Goethe-Zertifikat A1: Start Deutsch 1 စာမေးပွဲသည် အရွယ်ရောက်ပြီးများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ပထမဆုံးအဆင့်ဖြစ်သည့် A1 နှင့်ညီမျှပြီး အသင့်ထံတွင် လွယ်ကူရိုးရှင်းသည့် အခြေခံ ဂျာမန်ဘာသာစကား စွမ်းရည်များရှိကြောင်းကို အတည်ပြုပေးပါသည်။
စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။
- အကယ်၍ အသင်နှင့် စကားပြောနေသူသည် ဖြည်းဖြည်းနှင့် ပီပီသသ ပြောဆိုပြီး အသင်နားမလည်သည့် အရာများအတွက် အသင့်အား ကူညီရှင်းပြပေးပါက ထိုကဲ့သို့သော လွယ်ကူသည့် အမေးအဖြေများကို ပြောဆိုနားလည်နိုင်ခြင်း
- ရင်းနှီးကျွမ်းဝင်နေကျ၊ နေ့စဉ်သုံး အသုံးအနှုန်းများ၊ လွယ်ကူရိုးရှင်းသည့် စာကြောင်းများကို နားလည်နိုင်ခြင်း (ဥပမာ။ ။ လူပုဂ္ဂိုလ်အကြောင်း၊ မိသားစုအကြောင်း၊ စျေး၀ယ်ခြင်း၊ အလုပ်၊ အိမ်အနီးအနားပတ်၀န်းကျင်အကြောင်း)
- မိမိကိုယ်ကိုနှင့် အခြားသူများကို မိတ်ဆက်ပေးနိုင်ခြင်း။ အခြားသူများကို ၎င်းတို့အကြောင်း မေးခွန်းများမေးနိုင်ခြင်း ဥပမာ။ ။ မည်သည့်နေရာတွင် နေထိုင်သည်၊ မည်သူတို့ကို သိကျွမ်းသည် သို့မဟုတ် မည်သည့်အရာများ ရှိသည် စသဖြင့်။
*) သင်သည် ပြီးခဲ့သည့် ခြောက်လအတွင်း Goethe-Institut တွင် ဂျာမန်သင်တန်းတက်ရောက်ခဲ့ပါက ဖော်ပြထားသည့် လျှော့စျေးသည် အကျုံးဝင်ပါသည်။ ခြောက်လဆိုသည်မှာ ဘာသာစကားသင်တန်းပြီးဆုံးချိန် နှင့် ဖြေဆိုမည့်စာမေးပွဲရက်စွဲကြားရှိ ကာလကို ရည်ညွှန်းပါသည်။ ဤအခြေအနေနှင့် အကျုံးဝင်ပါက၊ ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း စျေးနှုန်းသည် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုသို့မဖြစ်ပါက သင်တက်ခဲ့သည့် သင်တန်းရုံးသို့ ဆက်သွယ်ပါ။