Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

3G

©Goethe-Institut Myanmar

Recap of Go Green Goethe Program in June 2024

Goethe-Institut Myanmar သည် Myanmar Ocean Project နှင့် Prevent Plastics Myanmar တို့ ပူးပေါင်း၍ Go Green Goethe အစီအစဉ်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစီအစဉ်တွင် အသက်အရွယ်မျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်နှင့် ရေနေသတ္တဝါများကို စိတ်အားထက်သန်သူ အယောက် ၁၀၀ ကျော်တက်ရောက်ခဲ့ပါသည်။

ဟောပြောသူ မသန္တာကိုကြီး မှ ကျေးဇူးတင်ရှိကြောင်းကို အောက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

“နောက်ဆုံးမှာတော့ ရန်ကုန်မှာ “မန်တာနေ့” ကို ကျင်းပနိုင်ခဲ့ပါတယ်။ ကျွန်မက မန်တာနဲ့ Manta Rays (Mobula birostris) ငါးလိပ်စွန် (ခေါ်) အူကြီး အကြောင်းကို စိတ်အားထက်သန်သူ ဖြစ်ပြီး ဗဟုသုတတွေကို ဝေမျှဖို့ များသောအားဖြင့် ပင်လယ်ခရီးသွားများနဲ့သာ ဟောပြောပွဲတွေကိုလုပ်ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ Goethe-Institut Myanmar/Go Green Goethe ပရိုဂရမ်နှင့် Prevent Plastics Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် Myanmar Ocean Project က ရန်ကုန်မြို့ရှိ လူထုကို မန်တာ အကြောင်း အသိပညာမျှဝေခြင်းနေ့ကို ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ SONNE Social Organization မှ ကလေးများက “ငါတို့အိမ်၊ ငါတို့ပင်လယ်” manta ရုပ်ပြစာအုပ်ကို အခြေခံတဲ့ ပြဇာတ်ကို ကြည့်ရှုပြီး ကိုယ်ပိုင် manta များကို ဆေးရောင်ခြယ် ဖန်တီးခြင်းဖြင့် စတင်ခဲ့ပါတယ်။

ညနေပိုင်းတွင် mobula rays မျိုးစိတ်များအကြောင်း၊ မြန်မာနိုင်ငံတွင် ၎င်းတို့ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုများနှင့် မြန်မာနိုင်ငံအတွက် အရေးကြီးသော ငါးမန်းနှင့် ငါးလိပ်စွန် နယ်မြေ (ISRA) တို့၏ ခွင့်ပြုချက်များ အစရှိသည်တို့ကို ဝေမျှ ပြောကြားခဲ့ပါတယ်။

Manta rays နှင့် mobula rays အကြောင်းများကို လေ့လာရခြင်းက ကျွန်မရဲ့  ကြီးမားတဲ့ ဝါသနာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ အဏ္ဏဝါထိန်းသိမ်းရေးကို စတင်စူးစမ်းရတဲ့ အကြောင်းရင်းမှာ ဒီမျိုးစိတ်တွေနဲ့ သမုဒ္ဒရာတွေကို ကာကွယ်ဖို့ ကျွန်မပါဝင်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေခြင်းလို့ ဆိုရင်လည်းမမှားပါဘူး။ ပြီးခဲ့တဲ့ စနေနေ့က တက်ရောက်သူတွေကို ဒီလိုမျှဝေခွင့်ရလို့ ၀မ်းသာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။”

ယဉ်ကျေးမှု

Recalling Kafka

©Goethe-Institut Myanmar

ဖရန့်ဇ် ကာ့ဖ်ကာ ကြေလွင့်ခြင်း နှစ် (၁၀၀) ပြည့် ယဉ်ကျေးမှုရက်သတ္တပတ် “Recalling Kafka”

စာရေးဆရာ ဖရန့်ဇ် ကာ့ဖ်ကာ ကြေလွင့်ခြင်း နှစ် (၁၀၀) ပြည့် ယဉ်ကျေးမှုရက်သတ္တပတ် “Recalling Kafka” ကို Goethe-Institut Myanmar မှာ ကျင်းပနေပြီဖြစ်ပါတယ်။ ဖရန့်ဇ် ကာ့ဖ်ကာဆိုတာ ဂျာမန်စကားအသုံးပြုသူစာရေးဆရာတစ်ဦးဖြစ်ပြီး တလွဲတချော် လူ့အဖွဲ့အစည်းအကြောင်း ဖော်ပြမှုတွေ၊ တစ်စိမ့်စိမ့်တွေးရတဲ့ နက်နဲသိမ်မွေ့တဲ့ ရေးသားဟန်တွေ၊ အိပ်မက်နယ်လွန် ဇာတ်ကြောင်းတင်ဆက်မှုတွေကြောင့် ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကာ့ဖ်ကာဆုံးပါးခဲ့တာ နှစ်ပေါင်းကြာရှည်ခဲ့ပေမယ့် ဒီနေ့ထိ သူ့ကို အောက်မေ့သတိရသူတွေရှိနေဆဲပါ။

သင်ရော ကာ့ဖ်ကာကို အောက်မေ့သတိရသူတွေထဲက တစ်ဦးဖြစ်ပါသလား။

ဒါဆိုရင် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ကျင်းပနေတဲ့ ကျွန်ုပ်တို့ရဲ့ “Recalling Kafka”ယဉ်ကျေးမှု ရက်သတ္တပတ်အစီအစဉ်ကိုလာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ ဒီရက်သတ္တပတ်အစီအစဉ်အတွက် ဂျာမနီသံရုံး(ရန်ကုန်)က ပံ့ပိုးထားပြီး ချက်သမ္မတနိုင်ငံသံရုံး(ရန်ကုန်)နဲ့အတူ ပူးပေါင်းစီစဉ်သွားမှာပါ။

“Recalling Kafka” အစီအစဉ်အသေးစိတ်ကို ပုံထဲမှာ ကြည့်ရှုနိုင်ပါတယ်။
Academy of Care

©Goethe-Institut Myanmar

Academy of Care

Academy of Care ပရိုဂရမ်၏ ဒုတိယအပတ်စဉ်ကို အပြီးသတ်ရန် နီးကပ်လာပါပြီ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့အလုပ်ရုံဆွေးနွေးပွဲတွေကတစ်ဆင့် ကျွန်ုပ်တို့သင်တန်းသားတွေရဲ့ ဖန်တီးမှုအနုပညာကုထုံးလေ့ကျင့်မှုများအပေါ် နားလည်သိရှိနိုင်စွမ်းတွေနဲ့ပတ်သက်ပြီး မျှဝေဖို့ စိတ်လှုပ်ရှားနေပါတယ်။ လေ့ကျင့်သင်ကြားပေးမှုများကိုတော့ မြန်မာ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အစ္စရေးနှင့် ဂျာမနီမှ နိုင်ငံတကာလိုင်စင်ရ ကုထုံးပညာရှင်များမှ ဦးဆောင်ခဲ့ပါတယ်။

သင်တန်းစတုတ္ထပတ်မှာတော့ သင်တန်းသားများက ပြဇာတ်နှင့်ဒရာမာကုထုံးကို အဓိကထား သင်ယူခဲ့ရပြီးတော့ ထိုအထဲတွင် စိတ်ဒဏ်ရာအခြေပြုပြီး ဇာတ်လမ်းပုံပြင်များ ဖန်တီးခြင်း၊ role-play များပြုလုပ်ခြင်းနှင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်းများ တိုးတက်ဖို့ အဓိကထားကာ လေ့ကျင့်ခဲ့ကြပါတယ်။

သင်တန်းပဉ္စမပတ်နှင့် ဆဋ္ဌမပတ်များမှာတော့  သင်တန်းသားများက အနုပညာနှင့် ဂီတကို ကြားခံအနေနဲ့ အသုံးပြုပြီးတော့ စိတ်ခံစားမှုတွေကို ဘယ်လိုရှာဖွေရမလဲ ဖော်ထုတ်ရမလဲဆိုတဲ့ အချက်တွေအပေါ်အခြေခံပြီး  အနုပညာကုထုံးနှင့် ဂီတကုထုံးတို့ကို သင်ယူခဲ့ကြပါတယ်။

နောက်ဆုံး ၃ ပတ်တွင်တော့ သင်တန်းသားများက  ဖန်တီးမှုအနုပညာကုထုံးနည်းလမ်းများကို အသုံးပြုပြီးတော့ အလုပ်ရုံဆွေးနွေးပွဲများဆောင်ရွက်နိုင်ဖို့အတွက် အားစိုက်ထုတ်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းနှင့် မိမိတို့ သင်ယူရရှိခဲ့သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ လူမှုစိတ်ကျန်းမာရေးဖွံ့ဖြိုးတိုးတက်၍ ကောင်းမွန်လာစေဖို့ရည်ရွယ်သော စီမံကိန်းများကို ကိုယ်တိုင်ရေးဆွဲနိုင်ရန် Proposal Writing သင်တန်းတက်ရောက်ခြင်းတို့ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Academy of Care ပရိုဂရမ်၏ ဒုတိယအပတ်စဉ်ကိုတော့ သင်တန်းသားများမှ ၂လတာကာလအတွင်း သင်ယူခဲ့သည်များကို အချင်းချင်းပြန်လည်မျှဝေပေးမည့်  အလုပ်ရုံဆွေးနွေးပွဲများဖြင့် အဆုံးသတ်မှာ ဖြစ်ပါတယ် ။

Academy of Care အနေဖြင့် Cohort 3 ကို စက်တင်ဘာလတွင် စတင်နိုင်ရန်အတွက် ပြင်ဆင်မှုများစတင်လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ဇူလိုင်လမှာ Cohort အသစ်နဲ့ပတ်သက်ပြီး ကြေညာပေးသွားမှာဖြစ်တဲ့အတွက် ကျွန်ုပ်တို့၏ ဆိုရှယ်မီဒီယာကွန်ရက်များတွင် လိုက်ပါကြည့်ရှုပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။ စိတ်ဝင်စားပါက ကျွန်ပ်တို့ထံသို့ academyofcare.yangon@goethe.de မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Colour Your World

©Myanmar Photo Archive

Colour Your World: Hand Colouring and Colour Theory Workshop (Kids)

နေ့စဥ်မြင်တွေ့နေရတဲ့ ကမ္ဘာကို သဘာဝဆန်တဲ့ အရောင်တွေမဟုတ်ဘဲ စိတ်ကူးယဥ် အရောင်ဖျော့ဖျော့ ကမ္ဘာကြီးအဖြစ်ပြောင်းလဲ ပစ်ကြမလား။ ပုံမှန် အရောင်ခြယ် စာအုပ်တွေနဲ့မတူပဲ အပြင်မှာ ရှိတဲ့၊ ရှိခဲ့တဲ့ ဓါတ်ပုံတွေကို Hand Colouring နည်းစနစ်တွေနဲ့ အရောင်ခြယ် ကြမှာမျိုးပေါ့။ ဒီအတွက် Colour Your World လို့ အမည်ပေးထားတဲ့ workshop လေးတစ်ခုကို Goethe-Institut Myanmar စာကြည့်တိုက်မှာ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြား ရှိတဲ့ ကလေးတွေအတွက် စီစဥ်ထားပါတယ်။ 

မြန်မာ့ဓာတ်ပုံမော်ကွန်း၊ စုတ်တံ စတူဒီယို၊ Goethe စာကြည့်တိုက်တို့ ပူးပေါင်းဆောင်ရွက်ထားပြီး ကလေးတွေအတွက် ဓါတ်ပုံ Hand Colouring နည်းစနစ်တွေနဲ့ ကာလာ သီအိုရီ တွေကို ပြောပြရင်း လက်တွေ့ရေးဆွဲကြမှာပါ။ Workshop ကို  အခမဲ့ ပါဝင်နိုင်ပြီး အသုံးပြုသွားမယ့် ဓာတ်ပုံတွေအပြင် ဆေး နဲ့ စုတ်တံတွေကိုလည်း စီစဥ်ပေးထားပါတယ်။ မြန်မာ့ဓါတ်ပုံမော်ကွန်းမှ အဖြူ၊ အမည်း ဓါတ်ပုံတွေကို အရောင်ခြယ်ကြရင်း ကလေးတွေနဲ့အတူ ယခင်က အချိန်တွေကို အောက်မေ့ သတိရ ကြည့်လိုက်ရအောင်။ 

အခြား စိတ်ဝင်စားစရာ အစီအစဉ်များစွာလည်း ပါဝင်ဆင်နွှဲနိုင်မှာဖြစ်လို့ ဇူလိုင် ၁၃ ရက်နေ့ အစီအစဉ် အကြောင်းအသေးစိတ်ကို Goethe-Institut Myanmar နှင့် မြန်မာ့ဓာတ်ပုံမော်ကွန်းရဲ့ လူမှုကွန်ယက် စာမျက်နှာများမှာစောင့်ကြည့်ပေးကြပါဦးနော်။

Colour Your World: Hand Colouring and Colour Theory Workshop
ရက်စွဲ - ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။
နေရာ  - Goethe-Institut Myanmar Library
Colour Your World

©Myanmar Photo Archive

Hand Colouring Book Launch

ရောင်သွေးစုံလင်ပြီး ပျော်စရာကောင်းမယ့် အစီအစဉ်လေးတခု ယခု မိုးရာသီမှာ ရောက်လာပါတော့မယ်။ မြန်မာ့ဓာတ်ပုံမော်ကွန်းနဲ့ Yangon Book Plaza တို့ ပူးပေါင်းပြီး Hand Colouring Workshop နှင့် စာအုပ် မိတ်ဆက်ပွဲ အစီအစဉ်ကို ဇူလိုင်လ အတွင်းမှာ ပြုလုပ်သွားဖို့ ရှိပါတယ်။

မြန်မာ့ဓာတ်ပုံမော်ကွန်းမှ ထုတ်ဝေမယ့် “ဓာတ်ပုံဆေးရောင်ခြယ်ခြင်း- Hand Colouring” စာအုပ်ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Hand Colouring စာအုပ်က ဘာဂျာ စာအုပ်လေးဖြစ်ပြီးတော့ လက်နဲ့ အနုစိတ် ဆေးရောင်ခြယ်ရေးဆွဲထားတဲ့ မော်ကွန်း ဓာတ်ပုံတွေ ကို ဖော်ပြထားပါတယ်။ ဓာတ်ပုံတွေကို အဆင့်ဆင့် ဘယ်လို၊ ဘယ်ပုံ ဆေးရောင်ခြယ်လို့ ရနိုင်သလဲ ဆိုတာကို လမ်းညွှန်ချက်တွေနဲ့ သေသေချာချာ ဖော်ပြပေးထားပါတယ်။

စာအုပ်တွေအပြင်၊ အခြား စိတ်ဝင်စားစရာ အစီအစဉ်များပါ တွေ့မြင်လေ့လာနိုင်မှာဖြစ်လို့ အစီအစဉ် အကြောင်းအသေးစိတ်ကို Goethe-Institut Myanmar နှင့် မြန်မာ့ဓာတ်ပုံမော်ကွန်းရဲ့ လူမှုကွန်ယက် စာမျက်နှာများမှာ စောင့်ကြည့်ပေးကြပါဦးနော်။
Materials of Life

©Goethe-Institut Myanmar

Materials of Life - Coming soon exhibition!

Goethe-Institut မြန်မာ မှ သဘာ၀ထွက်ပစ္စည်းများဖြစ်သော ၀ါး၊ လျှော်၊ ကြိမ်၊ သဘာ၀မှရရှိသော ဆိုးဆေးနှင့် ရောင်ခြယ်များ အစရှိသည်တို့ကိုအသုံးပြုပြီး အနုပညာလက်ရာများဖန်တီးနိုင်စေရန် သက်ဆိုင်ရာ ပစ္စည်းတစ်ခုချင်းစီနှင့် ပတ်သက်သည့် အခြေခံနည်းပညာများ၊ ပြုလုပ်နည်းများကို အင်းလေး၊ တောင်ကြီး၊ မန္တလေး နှင့် ပြင်ဦးလွင်အစရှိသည့် မြန်မာနိုင်ငံအရပ်ရပ်မှ ပညာရှင်များ ဖိတ်ခေါ်၍ သင်တန်းများပို့ချခဲ့ပါသည်။ သင်တန်းများကို မတ်လမှ မေလအထိ ပြုလုပ်ခဲ့ပြီး ရှားပါးပျောက်ကွယ်လုဖြစ်သည့် မန်ကျည်းစေ့စာလုံးဖော်ပုံဖြင့် ကမ္မာစာရေးနည်းအတတ်ကိုပါ ထည့်သွင်းမိတ်ဆက်သင်ကြားပေးခဲ့ပါသည်။

ထို့အပြင် ကမ္ဘာသိအနုပညာရှင်တစ်ဦးဖြစ်သော ကမ္ဘောဒီးယားနိုင်ငံမှ ဆိုဖိ(ပ်)ပစ်(ချ်)ကို ဖိတ်ခေါ်ခဲ့ပြီး သင်တန်းတက်ရောက်ခွင့်ရခဲ့သူ ၇ ဦးနှင့်အတူတကွပူးပေါင်း၍ အနုပညာလက်ရာဖန်တီးခြင်းနှင့် အနုပညာဆိုင်ရာ အတွေ့အကြုံဗဟုသုတများဖလှယ်ခြင်းကို ၅ ရက်တာ ပြုလုပ်ခဲ့ပါသည်။

ပါ၀င်တက်ရောက်သူ ၇ ဦးအား အနုပညာလက်ရာများ ဖန်တီးနိုင်စေရန်အတွက် ရန်ပုံငွေကို မတည်ပေးခဲ့ပြီး သင်တန်းကာလအတွင်းသင်ကြားခဲ့သည်များကို အခြေခံပြုလုပ်ထားသည့် လက်ရာများကို လာမည့် သြဂုတ်လတွင် Goethe-Institut မြန်မာတွင် ပြပွဲကျင်းပပြသသွားမည်ဖြစ်ပါသည်။

2nd – 10th August 2024
10:00 AM – 5:00 PM
Goethe-Institut Myanmar (Auditorium)

Participating artists:
Soe Yu Nwe, Nora, Kai, Khat Aung – Citamin@, Thae Darli, Morris John, Phyo Thamein, Kaal
Artistic Advisor: Kaal
Co-curated by Kyaw Thu Tun
Myanmar Type Design Basic

©Goethe-Institut Myanmar

Myanmar Type Design Basic Event

မကြာသေးတဲ့ နှစ်တွေမှာ ဒီဇိုင်းပညာရပ်တွေ အရှိန်ဟုန်နဲ့ တိုးတက်လာခဲ့သလို မြန်မာဖောင့် တွေဟာလဲ ဒီဇိုင်နာတွေနဲ့ အနုပညာရှင်တွေကြား အာရုံစိုက် စောင့်ကြည့်စရာ ဖြစ်ခဲ့ပါတယ်။ ဖောင့်တွေကို မျဥ်းကြောင်း၊ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ စာဖတ်သူတွေကို မတူညီတဲ့ဖောင့်တွေက မတူညီတဲ့ လေသံ (tone of the writing)၊ ခံစားချက်တွေကို ပေးပါတယ်။

သင်ဟာ ဒီဇိုင်နာတစ်ယောက်ဖြစ်တယ်၊ မြန်မာဖောင့်တွေကို နေ့စဥ် အသုံးပြု သူတစ်ယောက်ဆိုရင် ဒီပွဲက သင့်အတွက် ဖောင့်တွေ အကြောင်းကို အခမဲ့လေ့လာနိုင်တဲ့ အခွင့်ရေးဖြစ်ပါတယ်။ 

Myanmar Type Design Basic လို့ အမည်ပေးထားတဲ့ ဒီပွဲကို Goethe-Institut Myanmar နှင့် Talking Types မှ Type ဒီဇိုင်နာများ ပူးပေါင်းတင်ဆက်ထားပါတယ်။ ပွဲမှာ မြန်မာဖောင့်တွေအကြောင်း၊ ထူးခြားတဲ့ မြန်မာဖောင့် ဒီဇိုင်းစနစ်တွေအကြောင်း၊ အသုံးပြုရာမှာ သတိထားသင့်တဲ့ အကြောင်းတွေကို ပြောပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီဇိုင်နာတစ်ယောက်မှ မြန်မာစာလုံးတွေကို လက်တွေ့ရေးဆွဲပြမယ့် အစီစဥ်တွေလဲ ပါဝင်ပါတယ်။ ပါဝင်ဆွေးနွေးသွားမယ့် Type ဒီဇိုင်နာတွေကတော့ 

ကိုဇင်ဘို (Zinbo Design)
ကိုထွန်းနောင် (Phoenix Digital Art)
ကိုထက် (KoH type and Design) တို့ပဲဖြစ်ပါတယ်။

Myanmar Type Design Basic ပွဲကို တက်ရောက်လိုသူများက အောက်ပါ လင်ခ့် အတွင်းဝင်ရောက် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၃ ရက်မတိုင်ခင်အထိ စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။ ဆွေးနွေးနေချိန်တွင်း အဝင်အထွက်များကို ခဏတာ ရပ်နားထားရန်အတွက် Close Event အဖြစ် ပြုလုပ်သွားမှာဖြစ်ပါတယ်။
စာရင်းပေးသွင်းရမည့် လင်ခ့် - https://forms.office.com/e/syMLCMxb38

Myanmar Type Design Basic Event
ရက်စွဲ - ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။
အချိန် - မနက် ၁၀ နာရီ မှ ညနေ ၄ နာရီထိ
နေရာ - Goethe-Institut Myanmar Auditorium

မြန်မာဖောင့်တွေကို ဒီဇိုင်းပြုလုပ်လိုသူ ဒီဇိုင်နာတွေ အတွက် Goethe-Institut Myanmar တွင် ၈ ရက်ကြာ (၂လ) မြန်မာဖောင့်ဒီဇိုင်း သင်တန်းကို အခမဲ့ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းအကြောင်းအသေးစိတ်ကို ပွဲနှင့် လူမှုကွန်ယက် စာမျက်နှာများတွင် ထပ်မံဖော်ပြသွားပါမယ်။

ဘာသာစကား

B1 Package

©Goethe-Institut Myanmar

B1-Package

ဂျာမနီမှာ ကျွမ်းကျင်လုပ်သားအနေနဲ့ Ausbildung သွားတက်မယ်ဆိုရင် အနည်းဆုံး ဂျာမန်စာ B1 နဲ့ Goethe certificate B1 လိုအပ်တယ်ဆိုတာသိပါသလား?

ဂျာမနီမှာ ကျောင်းသွားတက်ဖို့ Studienkolleg လျှောက်မယ်ဆိုရင်လည်း အနည်းဆုံး ဂျာမန်စာ B1 နဲ့ Goethe certificate B1 လိုအပ်ပါတယ်။

ဒီလိုအပ်ချက်တွေကို အပြီးအစီးဖြည့်ဆည်းပေးမယ့် B1 package က Goethe-Institut Myanmar မှာရှိနေပါပြီ။ B1 Package ကို တက်မယ်ဆိုရင် 20% discount ရမယ့်အပြင် သင်တန်းကြေးကိုလည်း ၆ ခါခွဲသွင်းလို့ရပါတယ်။

B1 Package မှာ ပါ၀င်မယ့် အတန်းတွေကတော့ (A1.1+ A1.2+ A2.1+ A2.2+ B1.1+ B1.2 + B1 exam training + A1 exam + A2 exam + B1 exam) ဖြစ်ပြီး သင်တန်းကာလအပြီးအစီး (၁၄) လကြာမြင့်တဲ့ intensive class ဖြစ်ပါတယ်။

ပုံမှန်သင်တန်းခုနှစ်တန်းတက်ပြီး စာမေးပွဲသုံးခုဖြေမယ်ဆိုရင် လေးဆယ့်ရှစ်သိန်းခြောက်သောင်း (4,860,000 MMK) ကျသင့်ပေမယ့် B1 package တက်မယ်ဆိုရင်တော့ သင်တန်းကြေးစုစုပေါင်း သုံးဆယ့်ရှစ်သိန်းရှစ်သောင်း (3,888,000 MMK) ပဲကျသင့်ပါမယ်။ B1 exam ကို တစ်ခေါက်တည်းအောင်မြင်သူတွေကလည်း 450,000 MMK reward နှင့် ကျောင်းမှပေးအပ်မယ့် လက်ဆောင်များ ရရှိမှာဖြစ်ပါတယ်။ B1 exam ကို တစ်ခါတည်းမအောင်ခဲ့ရင်တောင် နောက်တစ်ခေါက်ဖြေဆိုဖို့ အခွင့်အရေးရှိပါတယ်။ စာမေးပွဲကြေးထပ်သွင်းရန်မလိုပါ။

ဒါ့အပြင် Work & Live in Germany နဲ့ Study in Germany အတွက် အခမဲ့အကြံပေး၀န်ဆောင်မှုတွေ၊ Goethe-Institut စာကြည့်တိုက်မှာ တစ်နှစ်စာ membership၊ reading club, Deutschcafe, Board games နဲ့ learning advisory တွေပါ အခမဲ့ တက်ရောက်နိုင်ပါတယ်။

20% တောင်သက်သာမယ့် B1 package ကိုတက်ပြီး ဂျာမနီသွားမယ်ဆိုရင် ‌ဇူလိုင်လ ၅ ရက်နေ့မတိုင်ခင်အထိ deposit သွင်းပြီး  info.language.mmr@goethe.de မှာ စာရင်းပေးသွင်းအပ်လိုက်တော့နော်။ 
B 2.3

©Goethe-Institut Myanmar

B2.3 Online German Course

Intermediate level ရှိသူများအတွက် ဂျာမန်စာအတန်းသစ်ဖွင့်လှစ်လိုက်ပါပြီ။

ဂျာမန်စာကို B2 level ထိ တတ်မြောက်ထားတယ်၊ ရပြီးသားစာပြန်နွှေးရင်း C1 level အတွက် ပြင်ဆင်ချင်တယ်ဆိုရင် သင့်လိုအပ်ချက်နဲ့ ကွက်တိကျမယ့် B2.3 Online Course အတန်းသစ်ကို မိတ်ဆက်ပေးချင်ပါတယ်။

မိမိရဲ့ intermediate level ကနေ ဆက်လက်တိုးတက်နိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပြီး၊ အွန်လိုင်းကနေ သင်ယူနိုင်မယ့်အတန်းလည်းဖြစ်လို့ လူကိုယ်တိုင်လာတက်ဖို့အဆင်မပြေသူများအတွက် အထူးသင့်လျော်ပါတယ်။ ဒီ B2.3 Online Course အတန်းကို B2 certificate ကိုင်ဆောင်ထားသူတွေနဲ့ B2.2 level အောင်မြင်ပြီးသူတွေအပြင် external student များအနေနဲ့ level test ဖြေပီး တက်ရောက်နိုင်ပါတယ်။

B2.3 Online Course
Duration: 8.7.2024 - 16.10.2024   
Days: Mon, Wed, Fri (3 Times a week, 3 Units per day)
Time: 9:00 - 11:30 am
Price: 480,000MMK  
စာရင်းပေးသွင်းရန် ကာလ-24.6.2024 - 3.7.2024
စာရင်းပေးသွင်းရမည့် အီးမေးလ်-info.language.mmr@goethe.de.
ဘာသာစကားသင်တန်းများ

©Goethe-Institut Myanmar

ဇူလိုင်လ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဇူလိုင်လ အတွက်  ( Online , In-person, Hybrid ) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၂၆.၀၆.၂၀၂၄ မှ ၀၇.၀၇.၂၀၂၄ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat စာမေးပွဲများ

©Goethe-Institut Myanmar

ဇူလိုင်လ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။?

Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဇူလိုင်လ အတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၀၈.၀၇.၂၀၂၄ မှ ၁၅.၀၇.၂၀၂၄  ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

„LESECLUB“ Programm

©Goethe-Institut Myanmar

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန်  လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’လေး ရောက်ရှိလို့လာပါပြီ။

ဒီလရဲ့ အစီအစဥ်လေးက A2 Level အတွက်ဖြစ်ပြီး  ဆရာမနဲ့အတူတူ ( ၂) ချိန်စလုံး စာအုပ်တစ်အုပ်တည်းကို ဖတ်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်  (၂) ရက်စလုံး ပါ၀င်ပေးနိုင်မှသာ ထိရောက်တဲ့ စာဖတ်ခြင်း အလေ့အထကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒါဆို ၀ါသနာတူသူငယ်ချင်းတွေနဲ့စာတူတူဖတ်ကြရင်း အတွေးအမြင်လေးတွေ ဝေမျှဖို့  ဖိတ်ခေါ်ပါရစေနော်။ စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့  biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကို အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Board Game Friday

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

သောကြာနေ့မှာ ပျော်စရာနည်းလမ်းတွေနဲ့ အချိန်ဖြုန်းဖို့ စိတ်ကူးရှိပါသလား။ ဒါဆိုရင်တော့ ကျွန်ုပ်တို့ စာကြည့်တိုက်၏ လစဥ်ကျင်းပတဲ့ Board Game Friday ကိုသာ သတိရလိုက်ပါ။ ဒီတစ်ခေါက်မှာတော့  ဂျာမန်စကားပြောမြို့တွေကိုလှည့်ပတ်သွားလာရင်း ဗဟုသုတတွေ လေ့လာမယ် ပထဝီဝင်နဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေ ခန့်မှန်းမယ် Grammar ပါတစ်ခါတည်းလေ့ကျင့်လို့ရတဲ့ ဂိမ်းလေးပါ။ အံစာတုံးလှိမ့်ရင်း ကိုယ်ကျတဲ့ နံပါတ်နဲ့အရောင်ပေါ်မူတည်ပြီး ကစားနည်းလေး ပြောင်းမှာမို့ ဂိမ်းတစ်ခုတည်းကနေ အမျိုးစုံတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုရမှာပါ။

A2 - B 1 Level အတွက်ဖြစ်ပြီး စိတ်ပါ၀င်စားသူများအနေဖြင့် biblio-yangon@goethe.de သို့မဟုတ် 01 9376160 (ext. 301/302) ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ကြိုတင်စာရင်းပေး ဆက်သွယ်နိုင်ပါတယ်။ သူငယ်ချင်းတွေစုပြီး စာတူတူလေ့လာရင်း ပျော်စရာအမှတ်ရစရာ နေ့လေးကို ကျွန်ုပ်တို့ဆီမှာ Board Game ဆော့ရင်း ဖန်တီးလိုက်ပါ။
 
Learning Advisory Program

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလရဲ့ ''Lernberatung'' အစီအစဉ်ကတော့ B1 level အတွက်ဖြစ်ပြီး ဂျာမန်ဘာသာစကား လေ့လာနေသူများအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တွေ၊ online resources တွေ၊ B1 level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။

စာကြည့်တိုက်သို့ လူကိုယ်တိုင် မလာရောက်နိုင်သူတွေအတွက်လည်း ပါ၀င်မေးမြန်းလို့ရအောင် virtual online session ကိုလည်း ထည့်သွင်းစီစဉ်ပေးထားတာဖြစ်လို့ ဒီအစီအစဉ်လေးမှာ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့် မိမိတက်ရောက်လိုသည့်ရက် တို့ကို အီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။
 
Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

©Goethe-Institut

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

Zoë Beck, Maren Kames, Angelika Klüssendorf, Per Leo, Ingrid Noll, Rocko Schamoni und Ronen Steinke တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de