အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Leipzig international art programme© Goethe-Institut

အရှေ့တောင်အာရှမှ အနုပညာရှင်များအတွက် တည်းခိုနေထိုင်ရေးအစီအစဥ်
ပစိဖိတ်-လိုက်ပ်ဇစ်

LIA (Leipzig International Art Programme) နှင့် ပူးပေါင်း၍ Goethe Institute မှ အရှေ့တောင်အာရှရှိ အနုပညာရှင်များအား Leipziger Baumwollspinnerei ရှိ အနုပညာနှင့် ယဥ်ကျေးမှု စင်တာ၌ သုံးလကြာနေထိုင်ခွင့် ကမ်းလှမ်းပါသည်။ (၂၀) ရာစုအစပိုင်း၌ Baumwollspinnerei သည် ဥရောပ၏ အကြီးဆုံး ဝါဂွမ်းထုတ်လုပ်သည့် အချက်အချာနေရာဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင်မူ ဥရောပရှိ ခေတ်ပြိုင်အနုပညာနှင့် ယဥ်ကျေးမှု နယ်ပယ်မှ စိတ်လှုပ်ရှားဖွယ်ရာဖန်တီးမှုများနှင့် ပြပွဲများ ကျင်းပရာနေရာများထဲမှ တစ်နေရာဖြစ်လာပါသည်။


“ပစိဖိတ်-လိုက်ပ်ဇစ်” ပူးပေါင်းဆောင်ရွက်မှု ပရော့ဂျက်

အရှေ့တောင်အာရှမှ အနုပညာရှင်များအတွက် တည်းခိုနေထိုင်ရေးအစီအစဥ်

Goethe Instituteနှင့် LIA တို့ အတူတကွ ပူးပေါင်းစီစဥ်သည့်  “ပစိဖိတ်-လိုက်စ်ပဇ်” အစီအစဥ်သစ်ကို (၂၀၂၀) ခုနှစ်တွင် စတင်ပါသည်။ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အနုပညာရှင်ဦး‌ရေ  (၂၀၀) ခန့် ပါဝင်ရန်အတွက် လျှောက်ထားခဲ့ကြပါသည်။ ဒိုင်များမှ သက်ဆိုင်ရာနိုင်ငံများရှိ Goethe-Institute များနှင့် ပူးပေါင်းကာ ဖိတ်ကြားမည့်အနုပညာရှင်များကို  ဆုံးဖြတ်ရွေးချယ်ခဲ့ပါသည်။ အနိုင်ရသူများအနေဖြင့် လိုက်ပ်ဇစ်တွင် ကိုယ်ပိုင်စတူဒီယိုအပြင် အနုပညာဖန်တီးမှုများအတွက် ပညာရပ်ဆိုင်ရာပံ့ပိုးမှုကို LIA အဖွဲ့ထံမှ ရရှိမည်ဖြစ်ပါသည်။ လိုက်ပ်ဇ်တွင် နေထိုင်စဥ် ဖန်တီးထားသော အနုပညာလက်ရာများကို ပြခန်းပုံမှန်ဖွင့်လှစ်ပြသချိန်များတွင် လာရောက်ကြည့်ရှုသူများထံ ပြသခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် နေထိုင်ခွင့်အစီအစဥ်အဆုံးတွင် ပြိုင်ပွဲဝင်အားလုံး၏ လက်ရာများစုစည်း၍ ပြပွဲငယ်တစ်ခုကိုလဲ စီစဥ်ပေးမည်ဖြစ်ပါသည်။

ယဥ်ကျေးမှုလေ့လာဖလှယ်နိုင်ရန် နေထိုင်ခွင့်

ယခုနေထိုင်ခွင့်အစီအစဥ်မှ ယဥ်ကျေးမှုကွဲပြားသော ပတ်ဝန်းကျင်သစ်၌ အနုပညာရှင်များအတွက်လက်ရာဖန်တီးခွင့် နှင့် ဆန်းသစ်သော အနုပညာစိတ်ကူးများ ရရှိစေပါမည်။ ထို့အပြင် ‌‌‌ဒေသခံ အနုပညာရှင်များနှင့် လွတ်လပ်စွာ ဆွေးနွေးဖလှယ်ခွင့်၊ လိုက်ပ်ဇစ်  အနုပညာမြင်ကွင်းများနှင့် ထိတွေ့ဖလှယ်ခွင့်များကိုလည်း ရရှိနိုင်ပါသည်။ ‌ဒေသခံအနုပညာရှင်များ၊ ပြတိုက်မှူးများ၊ ‌ဒေသခံများနှင့် ဆွေးနွေးဖလှယ်ရာမှ စိတ်ကူးသစ်များရရှိကာ ဖန်တီးမှုအသစ်များ ပေါ်ထွက်လာနိုင်ပါသည်။
 
ယဥ်ကျေးမှုနှီးနှောဖလှယ်ခြင်းကို အားပေးထောက်ပံ့ရန်သည် Goethe-Institut ၏ ရည်မှန်းချက်တစ်ခု ဖြစ်ပါသည်။
နိုင်ငံတကာအနုပညာရှင်များအတွက် နေထိုင်ခွင့်အစီအစဥ်သည် အထက်ပါရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ ပစိဖိတ်-လိုက်ပ်ဇစ် အစီအစဥ်ဖြင့် အရှေ့တောင်အာရှမှ အနုပညာရှင်များနှင့် ဂျာမန်အနုပညာရှင်များ အတူတကွလက်တွဲနိုင်ရုံမျှမက၊ အစီအစဥ်တွင်  ပါဝင်ခဲ့သူ အနုပညာရှင်အချင်းချင်းလည်း  အပြန်အလှန်လေ့လာဖလှယ်ခွင့် ရခဲ့ကြ၏။ 
 

  • LIA Working Hours © Leipzig International Art Programme
  • LIA Working Hours 2 © Leipzig International Art Programme
  • LIA Working Hours 3 © Leipzig International Art Programme

ပြပွဲနှင့် Open စတူဒီယိုပြခန်းများ

အချိန်သုံးလကုန်ဆုံးခါနီးအချိန်တွင် အနုပညာရှင်များ၏ အနုပညာလက်ရာများကို ပိတ်ပွဲအနေနှင့်ဖြစ်စေ Baumwollspinnerei ၏ Open စတူဒီယို ပြခန်းများတွင်ဖြစ်စေ ပြသမည်ဖြစ်ပါသည်။ ထို့အပြင် (၂၀၂၀) ခုနှစ် မေလ (၁၄) ရက်နှင့် (၁၆) ရက်အတွင်း အနုပညာရှင်စကားဝိုင်းနှင့် ပါဖောမန့်စ်ပြပွဲများလည်း ကျင်းပသွားပါမည်။
 
ကိုရိုနာရောဂါ ကပ်ဘေးအန္တရာယ်ကာလအတွင်း ထည့်သွင်းစဥ်းစားရမည့် အခက်အခဲများရှိသော်လည်း အနုပညာရှင်အားလုံးမှ အချိန်ပေးကာ နက်နဲသိမ်မွေ့လေးနက်သော အနုပညာလက်ရာများကို ဖန်တီးခဲ့ပြီးဖြစ်သည်။ အချို့မှာ လတ်တလောကာလကို ထင်ဟပ်နေသော ဖန်တီးမှုများဖြစ်၏။ 
 


ယဥ်ကျေးမှုလေ့လာဖလှယ်နိုင်ရန် နေထိုင်ခွင့်

ယခုနေထိုင်ခွင့်အစီအစဥ်မှ ယဥ်ကျေးမှုကွဲပြားသော ပတ်ဝန်းကျင်သစ်၌ အနုပညာရှင်များအတွက်လက်ရာဖန်တီးခွင့် နှင့် ဆန်းသစ်သော အနုပညာစိတ်ကူးများ ရရှိစေပါမည်။ ထို့အပြင် ‌‌‌ဒေသခံ အနုပညာရှင်များနှင့် လွတ်လပ်စွာ ဆွေးနွေးဖလှယ်ခွင့်၊ လိုက်ပ်ဇစ်  အနုပညာမြင်ကွင်းများနှင့် ထိတွေ့ဖလှယ်ခွင့်များကိုလည်း ရရှိနိုင်ပါသည်။ ‌ဒေသခံအနုပညာရှင်များ၊ ပြတိုက်မှူးများ၊ ‌ဒေသခံများနှင့် ဆွေးနွေးဖလှယ်ရာမှ စိတ်ကူးသစ်များရရှိကာ ဖန်တီးမှုအသစ်များ ပေါ်ထွက်လာနိုင်ပါသည်။
 
ယဥ်ကျေးမှုနှီးနှောဖလှယ်ခြင်းကို အားပေးထောက်ပံ့ရန်သည် Goethe-Institut ၏ ရည်မှန်းချက်တစ်ခု ဖြစ်ပါသည်။
နိုင်ငံတကာအနုပညာရှင်များအတွက် နေထိုင်ခွင့်အစီအစဥ်သည် အထက်ပါရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ ပစိဖိတ်-လိုက်ပ်ဇစ် အစီအစဥ်ဖြင့် အရှေ့တောင်အာရှမှ အနုပညာရှင်များနှင့် ဂျာမန်အနုပညာရှင်များ အတူတကွလက်တွဲနိုင်ရုံမျှမက၊ အစီအစဥ်တွင်  ပါဝင်ခဲ့သူ အနုပညာရှင်အချင်းချင်းလည်း  အပြန်အလှန်လေ့လာဖလှယ်ခွင့် ရခဲ့ကြ၏။ 


လိုက်ပ်ဇစ် နိုင်ငံတကာအနုပညာအစီအစဉ်များ


နေထိုင်ခွင့်အစီအစဉ်အတွက် ဖိတ်ကြားခံရသူများ