စာမေးပွဲအချိန်ဇယားနှင့်ဖြေဆိုရန်စာရင်းပေးသွင်းခြင်း

A hand with a green pen filling out a form. Photo: Goethe-Institut/Bettina Siegwart

စာမေးပွဲဖြေဆိုရာတွင် Goethe-Institut တွင်ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်နေသူ မဟုတ်သူများလည်းဖြေဆိုနိုင်ပါသည်။ သင့်အနေနှင့် သင်သည် စာမေးပွဲအတွက်လိုအပ်သည့်ဘာသာစကားအရည်အသွေးများနှင့်ပြည့်မီသည်ဟုထင်မြင်ယူဆပါက စာမေးပွဲဖြေဆိုရန်အချိန်မရွေးစာရင်းပေးသွင်းနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အနေနှင့် သင့်အား ဂျာမန်ဘာသာစကားသင်တန်းတစ်တန်းကိုတက်ရောက်ရန်အကြံပြုလိုပါသည်။ အကြောင်းမှာ ဘာသာစကားသင်တန်းများတွင် လိုအပ်သည့်ဘာသာစကားနှင့်စာမေးပွဲအထူးပြုစွမ်းရည်များကိုသင်ကြားပို့ချပေးသောကြောင့် စာမေးပွဲဖြေဆိုရာတွင်လွယ်ကူချောမွေ့စေမည်ဖြစ်ပါသည်။

စာမေးပွဲအတွက်စာရင်းပေးသွင်းရန် အောက်ပါအချက်များကိုလိုက်နာပါ။

  1. STEP 1: စာမေးပွဲဖြေဆိုရန်အတွက် info.exam.mmr@goethe.de ကို အမည်၊ ဖြေဆိုမည့် level၊ ဖြေဆိုလိုသည့်ဘာသာရပ်၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ ပေးပို့ပါ။
  2. STEP 2: (၄၈) နာရီ အတွင်း စာမေးပွဲလျှောက်ထားရန် စာရင်းတွင်ပါ၀င်ခြင်း ရှိ/မရှိ အကြောင်းပြန်စာရရှိပါမည်။ စာမေးပွဲတွင် ပါ၀င်လျှောက်ထားနိုင်သူများအတွက် အကြောင်းပြန်စာတွင် Registration Form လင့်ခ် နှင့် စည်းမျဥ်းစည်းကမ်းစာရွက်ပါရှိပါမည်။
  3. STEP 3:  အဆိုပါ Registration Form တွင်အချက်အလက်များပြည့်စုံစွာ ဖြည့်ပါ။ ထို့နောက် လက်မှတ်ထိုးထားသော စာမေးပွဲစည်းမျဥ်းစည်းကမ်းစာရွက်၊ ကြည်လင် ပြတ်သားသော ဘဏ်မှငွေလွှဲပြေစာ၊ Passport scan နှင့် NRC scan တို့ကို (၄၈) နာရီ အတွင်း  info.exam.mmr@goethe.de သို့ အီးမေးလ် ပြန်လည်ပေးပို့ရပါမည်။
  4. STEP 4:  အီးမေးလ်ပေးပို့ပြီး အချက်အလက်များပြည့်စုံပါက နောက်ထပ် (၄၈) နာရီ အတွင်း စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းခြင်း အောင်မြင်ပြီးစီးကြောင်း အီးမေးလ်ကို လက်ခံရရှိမည်ဖြစ်ပါသည်။
မှတ်ချက်။ ဖြည့်စွက်ရမည့် အချက်အလက်များလိုအပ်နေပါက (သို့မဟုတ်) စာရွက်စာတမ်းများ ပြည့်စုံစွာမပါရှိပါက (သို့မဟုတ်) သတ်မှတ်ချိန်ထက်ကျော်လွန်၍ ပေးပို့လာပါက စာမေးပွဲဖြေဆိုရန် အကျုံးမဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

စာမေးပွဲဖြေဆိုပြီးနောက်ရက်အနည်းငယ်အကြာတွင် ကျွန်ုပ်တို့ကသင့်အား စာမေးပွဲရလဒ်ကိုအကြောင်းကြားပေးပါမည်။ ထိုသို့အကြောင်းကြားပေးပြီး (၂) ပတ်အကြာတွင် ကျွန်ုပ်တို့ထံသို့လာရောက်၍စာမေးပွဲအောင်လက်မှတ်ကိုထုတ်ယူနိုင်ပါသည်။ ဤတွင် သင်၏မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်ကိုယူဆောင်လာခဲ့ရပါမည်။
 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလစာမေးပွဲအချိန်ဇယား

စာမေးပွဲများအတွက် စာရင်းသွင်းခြင်းကို အွန်လိုင်းမှသာ ပြုလုပ်နိုင်ပါမည်။

စာမေးပွဲအဆင့်များ စာမေးပွဲနေ့စွဲ စာရင်းပေးသွင်းရမည့်ကာလ စာမေးပွဲအချိန်
Goethe-Zertifikat B1 ၂၉.၀၁.၂၀၂၅ ၁၃.၀၁.၂၀၂၅-၁၄.၀၁.၂၀၂၅ မနက် ၉ နာရီ
Goethe-Zertifikat A2 ၃၀.၀၁.၂၀၂၅ ၁၃.၀၁.၂၀၂၅-၁၄.၀၁.၂၀၂၅ မနက် ၉ နာရီ
Fit in Deutsch 2  ၃၀.၀၁.၂၀၂၅ ၁၃.၀၁.၂၀၂၅-၁၄.၀၁.၂၀၂၅ မနက် ၉ နာရီ
Fit in Deutsch 1  ၃၀.၀၁.၂၀၂၅ ၁၃.၀၁.၂၀၂၅-၁၄.၀၁.၂၀၂၅ မနက် ၉ နာရီ
Start Deutsch 1 ၃၀.၀၁.၂၀၂၅ ၁၃.၀၁.၂၀၂၅-၁၄.၀၁.၂၀၂၅ မနက် ၉ နာရီ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်သတ်မှတ်သော စာမေးပွဲကြေးများ

အဆင့် သင်တန်းသားများအတွက် စာမေးပွဲကြေး (မြန်မာကျပ်) ပြင်ပမှဖြေဆိုသူများအတွက် စာမေးပွဲကြေး (မြန်မာကျပ်)
A1 500,000 700,000
A2 500,000 700,000
B1 650,000 850,000
B2 650,000 850,000
Modular B1-B2
(Hören, Lesen, 
Schreiben, Sprechen)
162,500
(pro Modul)
212,500
(pro Modul)
C1 650,000 850,000
C2 650,000 850,000
Modular C1-C2
(Hören, Lesen, 
Schreiben, Sprechen)
162,500
(pro Modul)
212,500
(pro Modul)
Fit 1 500,000 700,000
Fit 2 500,000 700,000
TestAS 800,000 800,000
TestDaF 800,000 800,000
Einstufungstest 50,000 50,000