Open Call
Goethe-Institut မြန်မာမှအနုပညာပြပွဲစီမံခန့်ခွဲမှုဆိုင်ရာအလေ့အကျင့်ကိုချဲ့ထွင်နိုင်ရန် သင်တန်းတစ်ရပ်ကို စီစဉ်ပို့ချသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အနုပညာအခင်းအကျင်းတွင် ပြပွဲစီမံခန့်ခွဲမှုဆိုင်ရာပညာရှင်များ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုသင်တန်းအစီအစဉ်ကိုစတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်းသာမက အမြို့မြို့ အနယ်နယ်မှစိတ်ပါ၀င်စားသူ မည်သူမဆိုလျှောက်ထားနိုင်ပါသည်။ အဓိကပို့ချမှုများကို documenta Institut မှ Prof. Dr. Mi You မှဦးဆောင်သွားမည်ဖြစ်ပြီး ထပ်ထိုးသင်တန်းတိုများ၊ စကား၀ိုင်းဆွေးနွေးခြင်းများလည်းပါရှိပါသည်။
Training Schedule
Expanded Curatorial Practice & Exhibition Making training program အတွက်သင်တန်းသားခေါ်ယူခြင်းကို ဇူလိုင်လ (၂၄) ရက်နေ့မှာစာရင်းပိတ်ခဲ့ပြီး စိတ်ပါ၀င်စားသူများစွာလျှောက်ထားခဲ့ကြပါတယ်။ များပြားလှတဲ့လျှောက်လွှာများထဲမှ (၁၆) ဦးကိုရွေးချယ်ပြီး သင်တန်းတက်ရောက်ခွင့်နဲ့ အဖွဲ့လိုက်ပြပွဲစီမံကိန်းများဖော်ဆောင်ရန်အတွက် ဆုငွေပေးအပ်ခြင်းတို့ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။
သင်တန်းများကို အဓိကပို့ချသူအဖြစ် documenta Institut မှ Prof. Dr. Mi You ကအောက်ဖော်ပြအချိန်များအတိုင်း ပို့ချသွားမှာဖြစ်ပါတယ်။
Main training section:
- August 11, 18, 25, 2023 (2:00 PM-4:30 PM)
- September 1 (2:00 PM-4:30 PM)
Location: Goethe-Institut Myanmar Auditorium
စင်္ကာပူအမျိုးသားအနုပညာပြခန်းမှ Senior Curator and Deputy Director (Curatorial and Research) Mr. Seng Yu Jin မှထပ်ဆောင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း ဖော်ပြပါအစီအစဉ်အတိုင်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
Additional training section:
- September 16, 2023 (2:00 PM - 4:30 PM)
သင်တန်းများအားလုံးအပြီးမှာတော့ အဖွဲ့လိုက်ပြပွဲစီမံကိန်းများအတွက် ဆုငွေပေးအပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးရဲ့ ပြပွဲစီမံကိန်းများကို ရန်ကုန်မြို့မှာရှိတဲ့ပြခန်း (၄) ခုနဲ့ပူးပေါင်းပြီး နို၀င်ဘာလအတွင်းမှာပြသသွားမှာဖြစ်ပါတယ်။
Mi You
©Mi You Mi You သည် Kassel တက္ကသိုလ်/ documenta Institut မှ အနုပညာနှင့်စီးပွါးရေးပါမောက္ခတစ်ဦးဖြစ်ပါသည်။ သူမသည် Academy of Media Arts Cologne တွင် ၂၀၁၄ မှ ၂၀၂၁ ထိ အနုပညာနှင့်မီဒီယာဘာသာရပ်ဌာနတွင် သုတေသနတွဲဖက်အဖြစ်လုပ်ဆောင်ခဲ့သည်။ Arts Bremen တက္ကသိုလ် အနုပညာ ပရိုဂရမ်တွင် ၂၀၁၆ မှ ၂၀၁၇ ထိ၊ Dutch Art Institute ၏ Roaming Academy ပရိုဂရမ်တွင် ၂၀၁၈ မှ ၂၀၁၉ ထိ၊ School of Art, Design and Architecture, Aalto တက္ကသိုလ်၏ Visual Cultures, Curating နှင့် ခေတ်ပေါ် အနုပညာပရိုဂရမ်များတွင် ၂၀၁၉ မှ ၂၀၂၀ ထိ သင်ကြားပို့ချခဲ့သည်။ Dr. Mi You သည် မီဒီယာသီအိုရီ၊ သိပ္ပံနှင့်နည်းပညာတို့ကို လေ့လာဆည်းပူးခဲ့ပါသည်။
Nikolay Smirnov
Nikolay Smirnov
| ©Nikolay Smirnov
Nikolay Smirnov သည် ၁၉၈၂ ခုနှစ်ဖွား ပထဝီပညာရှင်၊ အနုပညာရှင်၊ ကျူရေတာနှင့် သုတေသနပညာရှင်တစ်ဦးဖြစ်ပြီး geographical imagination နှင့် geo-capital အနုပညာရပ်များအား လုပ်ဆောင်လျှက်ရှိသည်။ လေ့လာတွေ့ရှိချက်များကို စာ၊ ပြပွဲများနှင့် ဖလင်များဖြင့် အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်သော ဇာတ်ကြောင်းပြန်ပြောခြင်းဖြင့် ဖန်တီးလုပ်ဆောင်လေ့ရှိသည်။
၂၀၂၃ မှစတင်၍ Kassel တက္ကသိုလ် documenta Institut တွင် သုတေသနလက်ထောက်အဖြစ်လုပ်ကိုင်လျက်ရှိပြီး တက္ကသိုလ်၏ဘွဲ့လွန်ကျောင်းသားတစ်ဦးလည်းဖြစ်ပါသည်။
Seng Yu Jin
Seng Yu Jin
| ©Seng Yu Jin
Seng Yu Jin သည် National Gallery Singapore ၏ Curatorial နှင့် Exhibitions ပိုင်းတွင် လက်ထောက် ညွန်ကြားရေးမူးဖြစ်ပြီး၊ စီနီယာကျူရေတာတစ်ယောက်လည်းဖြစ်ပါသည်။ LASALLE အနုပညာကောလိပ်တွင် အာရှအနုပညာသမိုင်းမဟာဝိဇ္ဇာတန်းနှင့် Fine Art ဝိဇ္ဇာတန်းများ ကိုသင်ကြားပို့ချခဲ့ပြီး ယခုအခါ National University of Singapore အနုပညာသမိုင်းပရိုဂရမ်၏သာမန်ဘာသာရပ်တွင် သင်ကြားပို့ချလျှက်ရှိသည်။
ပါရဂူဘွဲ့ကို Melbourne တက္ကသိုလ်မှရရှိခဲ့ပြီး သူ၏သုတေသနစိတ်ဝင်စားမှုများသည် အခြားနိုင်ငံများသို့ထွက်ခွါအခြေချနေထိုင်ကြသူများ၊ ပြောင်းရွေ့နေထိုင်ခြင်း၊ ယဉ်ကျေးမှုကူးပြောင်းခြင်းများနှင့်စပ်ဆက်သော အရှေ့တောင်အာရှအနုပညာပေါ်တွင်အဓိကထားသည့် ဒေသတွင်းအနုပညာသမိုင်းကြောင်းများကို လွှမ်းခြုံနိုင်ပါသည်။ လက်ရှိတွင် အရှေ့တောင်အာရှရှိ ပြပွဲများနှင့်အနုပညာရှင်များစုစည်းမှုများ၏သမိုင်းကြောင်းကိုအဓိကထား၍ အနုပညာလှုပ်ရှားမှုများနှင့် ၎င်းတို့၏သမိုင်းကြောင်းများကို သုတေသနပြုလျှက်ရှိသည်။
Rose Wei
Rose Wei | ©Rose Wei Rose Wei သည် National Gallery Singapore ၏ Curatorial ပရိုဂရမ်အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ Nanyang နည်းပညာတက္ကသိုလ်မှ ပြတိုက်လေ့လာမှုနှင့် Curatorial လေ့ကျင့်လုပ်ဆောင်မှုတွင် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး Nanyang နည်းပညာတက္ကသိုလ် ခေတ်ပေါ် အနုပညာစင်တာမှ ကြီးကြပ်ကွပ်ကဲသည့် 2023 Platform Projects Curatorial Award ဆုလက်ခံရရှိခဲ့သူလည်းဖြစ်သည်။ အနုပညာ၏ performativity နှင့် interactivity ကိုစိတ်ဝင်စားသည်။