ဆက်သွယ်ရန်လိပ်စာနှင့်သင်တန်းအပ်ခြင်း
ဂျာမန်စာသင်တန်းများအတွက် စာရင်းသွင်းခြင်းကို အွန်လိုင်းမှသာ ပြုလုပ်နိုင်ပါမည်။ သင်တန်းချိန်များနှင့်စျေးနှုန်းများကို သိရှိလိုပါလျှင် ဂျာမန်ဘာသာစကားသင်တန်းများ စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
စာမေးပွဲကြေးငွေများထဲမှ ရုံးလုပ်ငန်းကြေး တစ်သောင်းကျပ် (၁၀၀၀၀ိ/-) ကိုနှုတ်ယူပြီး ကျန်ငွေကိုပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
မိမိတက်ရောက်လိုသည့်သင်တန်းအတွက်သင်တန်းကြေးငွေကို သင်တန်းမစတင်မီ မြန်မာကျပ်ငွေ ငွေသားဖြင့်ပေးချေရမည်ဖြစ်ပါသည်။ ဖတ်စာအုပ်ဖိုးသည် သင်တန်းကြေးငွေထဲတွင်ပါဝင်ပြီးဖြစ်သောကြောင့် ထပ်မံပေးစရာမလိုပါ။
သင်တန်းရပ်နားခြင်း
သင်တန်းသားတစ်ဦးသည် သင်တန်းကိုဆက်လက်မတက်ရောက်နိုင်တော့ပါက သင်တန်းရပ်နားခြင်းနှင့်ပတ်သက်သည့်စည်းမျဥ်းစည်းကမ်းများ ရှိပါသည်။ သင်တန်းကြေးငွေထဲမှ တက်ရောက်ပြီးသားသင်တန်းချိန်များအတွက်ကျသင့်ငွေနှင့်ရုံးလုပ်ငန်းကြေး တစ်သောင်းကျပ် (၁၀၀၀၀ိ/-) တို့ကိုနှုတ်ယူပြီး ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသားအနေဖြင့် သင်တန်းတွင်ဆက်လက်တက်ရောက်နိုင်ခြင်းမရှိတော့ကြောင်းကို စာရေးသား၍အကြောင်းကြားရမည်ဖြစ်ပါသည်။ ဤကဲ့သို့စာရေးသားပေးပို့ခြင်းကို သင်တန်းစတင်တက်ရောက်ပြီးအနည်းဆုံး (၃) ရက်အတွင်းတတိယမြောက်သင်တန်းရက်အထိ ပေးပို့ရမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရန်စာရင်းသွင်းငွေပေးချေပြီးနောက်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်မဖြေဆိုလိုခြင်း၊ မဖြေဆိုနိုင်ခြင်းများရှိပါက မဖြေဆိုခင်အနည်းဆုံး (၁) ပတ်ကြိုတင်၍ စာနှင့်ရေးသားအကြောင်းကြားရပါမည်။
စာမေးပွဲကြေးငွေများထဲမှ ရုံးလုပ်ငန်းကြေး တစ်သောင်းကျပ် (၁၀၀၀၀ိ/-) ကို နှုတ်ယူပြီး ကျန်ငွေကိုပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
သင်တန်းသတ်မှတ်ခြင်း၊ သင်တန်းအရွယ်အစား
Goethe-Institute မြန်မာသည် သင်တန်းဖွင့်လှစ်ရန်အတွက်အနည်းဆုံးသတ်မှတ်ထားသည့်သင်တန်းသားဦးရေမပြည့်သောသင်တန်းများကို ဖွင့်လှစ်မည်မဟုတ်ပါ။ ထို့အပြင် Goethe-Institute မြန်မာအနေဖြင့် သင်တန်းစနစ်တွင်လည်း လိုအပ်ပါကအပြောင်းအလဲများပြုလုပ်ခွင့်ရှိပါသည်။ သင်တန်းတွင်သင်ကြားရေးယူနစ် တစ်ယူနစ်သည် (၄၅) မိနစ်ကြာမြင့်ပါသည်။
သင်တန်းသူ၊ သင်တန်းသားများလိုက်နာရန်စည်းကမ်းများ
သင်တန်းသူ၊ သင်တန်းသားများသည် Goethe-Institut မြန်မာ၏သင်တန်းပိုင်းဆိုင်ရာနှင့် အဆောက်အဦးဆိုင်ရာစည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပါသည်။
Goethe-Institut ၏တာဝန်ခံမှု
Goethe-Institut နှင့် ၎င်း၏ဝန်ထမ်းများသည် ပေါ့ဆမှုများကြောင့်ဖြစ်သောမတော်တဆမှုများအတွက်သာတာဝန်ရှိပါသည်။ Goethe-Institut သည်ကြီးမားသောအန္တရာယ်များ (ဥပမာ မီးဘေး၊ ရေဘေးစသည့် သဘာဝဘေးအန္တရယ်များ၊ စစ်ဘေး၊ တရားဝင်အမိန့်အာဏာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ထိန်းချုပ်မှုပြင်ပတွင်ဖြစ်သောကိစ္စရပ်များအားလုံးအတွက် တာဝန်မရှိပါ။)
ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်
သင့်အတွက် ဂျာမန်စာသင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပြီ။
-
Htaik Ohnmar Myint
တာဝန်ခံ (ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများ)
-