အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Art & Healing Certificate Workshop©Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှဝေ တွဲလက်တွေ (ဒုတိယပိုင်း)
Art & Healing Certificate Workshop (Part 2)

"ထင်ဟပ်မျှဝေ တွဲလက်တွေ" (ဒုတိယပိုင်း) အစီအစဉ်ရဲ့ ဒုတိယမြောက်ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲလေးကတော့ “Art & Healing Certificate Workshop (Part 2)” အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ကိုင်တွယ်‌ဖြေရှင်းရာမှာ အနုပညာဆိုင်ရာနည်းလမ်းတွေကိုအသုံးချပြီး ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာကို လေ့ကျင့်သင်ယူခဲ့ကြပါတယ်။

တစ်ပြိုင်နက်ထဲမှာပဲ အခြေ‌ခံစိတ်ကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ဖိစီးမှုဖြေလျော့ခြင်း၊ စိတ်ဒဏ်ရာပြသာနာများကို ရင်ဆိုင်ဖြေရှင်းခြင်း၊ အချင်းချင်း ကိုယ်ချင်းစာနားလည်မှု တည်ဆောက်ခြင်း၊ ကိုယ့်အသိုင်းအဝိုင်းကြား စိတ်လူမှုစောင့်ရှောက်မှုပေးခြင်း အစရှိတာတွေကို အပြန်အလှန် ဆွေးနွေးမှုတွေလည်း အလုပ်ရုံဆွေးနွေးပွဲအတွင်း ပြုလုပ်ခဲ့ပါတယ်။
 
ဒီအလုပ်ရုံဆွေးနွေးပွဲကို တစ်ပတ်ကိုတစ်ကြိမ်ဖြင့် ငါးရက်တာ ကျင်းပခဲ့ပြီး၊ Aung Mental Health Initiative မှ စိတ်ကျန်းမာရေးအထူးကုဆရာ၀န် ဒေါက်တာစန်းစန်းဦးနှင့် အနုပညာကုထုံးဆရာ၀န် ဒေါက်တာအောင်မင်းတို့က ဦးဆောင်ခဲ့ပါတယ်။ ထို့နောက် သင်တန်းပြီးဆုံးသောနေ့တွင် Aung Mental Health Initiative မှ ပေးအပ်တဲ့ သင်တန်းဆင်းလက်မှတ်ပေးပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာဘာသာစကားဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။

  • Art & Healing Certificate Workshop (Part 2) ©Nyarna Linn