အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Photo Therapy© Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)
Photo Therapy

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော "Photo Therapy" အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သူများသည် သူတို့ရဲ့ စိတ်ခံစားမှုများကို စူးစမ်းလေ့လာရန်၊ သူတို့ရဲ့ အတွင်းစိတ်တွေကို ချိတ်ဆက်ပြီး ပြောင်းလဲသစ်လွင်နေတဲ့ခရီးကို စတင်ဖို့အတွက် ဓာတ်ပုံရဲ့ စွမ်းအားကို အသုံးချခဲ့ကြပါတယ်။ ဓာတ်ပုံအနုပညာနဲ့ ချိတ်ဆက်ထားတဲ့ စိတ်ခံစားချက်တွေကို ဖော်ပြခြင်း၊ ကုစားခြင်းတို့နဲ့ ပေါင်းစပ်ထားတဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်တာကြောင့် မတူညီတဲ့ အတွေ့အကြုံကောင်းတွေကို တက်ရောက်သူများ ရရှိခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကတော့ Goethe-Institut Myanmar မှ ကြီးမှူးကျင်းပနေတဲ့ "ထင်ဟပ်မျှ၀ေ တွဲလက်တွေ" (ဒုတိယပိုင်း) "Program of Care 2.0" ရဲ့ နောက်ဆုံးပိတ် သတ္တမမြောက်အလုပ်ရုံဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ 

(၁၀) ရက်ကြာ ပြုလုပ်ခဲ့တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာတော့ အမြင်ဆိုင်ရာဇာတ်ကြောင်းပြောခြင်းနှင့် အနုပညာဓာတ်ပုံဆိုင်ရာနည်းပညာများကို လေ့လာခဲ့ကြပြီး၊ ကျွမ်းကျင်သော ဓာတ်ပုံပညာနယ်ပယ်မှ ပညာရှင်များမှ အလုပ်ရုံဆွေးနွေးပွဲတစ်လျှောက်တွင် တစ်ဦးချင်းလမ်းညွှန်မှုနှင့်အတူ ပိုမိုအသုံး၀င်ပြီး အကူအညီပေးနိုင်မယ့် အကြံပြုချက်များကို ပေးဆောင်ခဲ့ကြပါတယ်။ ပါဝင်တက်ရောက်သူတိုင်းသည် ဓာတ်ပုံများကနေတစ်ဆင့် သူတို့ဘ၀ရဲ့ ရှုထောင့်များစွာကို အာရုံစိုက်ပြီး၊ ခံစားချက်များကို ဖော်ပြဖို့၊ သူတို့ရဲ့ ကိုယ်ပိုင် self-identity ကို စူးစမ်းဖို့ အခွင့်အရေးများကို ရရှိခဲ့ကြပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို အသက် (၁၈) နှစ်မှ (၆၀) ကြားရှိသူများကို ပါ၀င်တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ ၀င်ကြေးအခမဲ့ဖြစ်ပါတယ်။

  • Photo Therapy © Goethe-Institut Myanmar
    Photo Therapy
  • Photo Therapy © Goethe-Institut Myanmar
    Photo Therapy