Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

recycled creative workshop

©Goethe-Institut Myanmar

Mini Light Evening

ပြန်သုံး၊ ပြန်ဖန်တီး၊ ပြန်အလှဆင်

Go Green Goethe ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ပြန်သုံး၊ ပြန်ဖန်တီး၊ ပြန်အလှဆင် - Recycle လက်မှုပစ္စည်းအလုပ်ရုံကို အောက်တိုဘာလထဲမှာ သုံးပတ်တာကာလအတွင်းပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ များပြားလှတဲ့ လျှောက်ထားသူများထဲမှ ၁၀ ဦးကို ရွေးချယ်ပါ၀င်ခွင့်ပြုခဲ့တဲ့ ဒီအလုပ်ရုံမှာ Recycle ပစ္စည်းတွေကို အသုံးပြုပြီး လက်လုပ်စက္ကူမီးအိမ်ငယ်လေးတွေနဲ့ papercut လက်ရာကောင်းတွေ ထွက်ရှိခဲ့ပါတယ်။ ယခုဆိုရင် ရုံးလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းတွေကနေ second life နဲ့ ပြန်အသက်၀င်လာတဲ့ ပစ္စည်းလေးတွေကို တန်ဆောင်တိုင်ကာလ မတိုင်ခင် Goethe-Institut မြန်မာရဲ့ ပရ၀ဏ်အတွင်းမှာ အလှဆင်ပြသသွားမှာ ဖြစ်ပါတယ်။

ပြန်သုံး၊ ပြန်ဖန်တီး၊ ပြန်အလှဆင် အလုပ်ရုံမှာ ပါ၀င်သူတွေ ပြုလုပ်ထားကြတဲ့ မီးပုံးလေးတွေထွန်းညှိပြီး စက္ကူထွင်းလက်ရာတွေကို အလှဆင်ပြသသွားမယ့် ညနေခင်းမှာ လာရောက်ဆုံဆည်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအစီအစဉ်လေးကို နို၀င်ဘာလ ၉ ရက်နေ့ ညနေခင်းမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အသေးစိတ်ကို Goethe-Institut မြန်မာရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြသွားမှာဖြစ်လို့ စောင့်ကြည့်ပါ၀င်ကြဖို့ Go Green Goethe အဖွဲ့ကိုယ်စား ဖိတ်ခေါ်လိုက်ပါတယ်။

ယဉ်ကျေးမှု

Archives in Focus

©Myanmar Photo Archive

Archives in Focus (ဆုံချက်မော်ကွန်း)- ဓာတ်ပုံ နှင့် သမိုင်းကြောင်းကို တမူထူးခြားစွာ ဖော်ထုတ်ပြသသွားမည့် ပြပွဲများအကြောင်း ကြေညာခြင်း

Archives in Focus (ဆုံချက်မော်ကွန်း) သည် နိုင်ငံတကာ မှ ဓာတ်ပုံနှင့် အမြင်ဆိုင်ရာ ယဉ်ကျေးမှု အကြောင်း စိတ်ဝင်တစား လေ့လာနေကြသူများ၏ ဆုံဆည်းရာ အစီအစဥ်တစ်ခုအဖြစ် ရည်မှန်း ထားပါသည်။ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်းမှ မိတ်ဖက်များနှင့် ပူးပေါင်းပြီး မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) နှင့် Goethe-Institut မြန်မာတို့ မှပူးတွဲစီစဥ်မည့် အစီအစဥ်တစ်ခုလည်းဖြစ်ပါသည်။

‘Archives in Focus’ တွင် မော်ကွန်းရှိ ဓာတ်ပုံပစ္စည်းများအား လူထုကိုယ်တိုင်ပါဝင်ပြီး မတူကွဲပြားစွာ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုနိုင်စေဖို့ အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာ့ဓာတ်ပုံမော်ကွန်းနှင့် Goethe-Institut မြန်မာတို့ ကြား (၂)နှစ်တာ ပူးပေါင်းလက်တွဲမှု၏ အဆုံးသတ် အစီအစဥ်ဟူ၍လည်း ဆိုနိုင်ပါသည်။ ပြီးခဲ့သည့် (၂)နှစ်တာအတွင်း လက်တွဲလုပ်ဆောင်ခဲ့သည့် ရလဒ်များအား ပြသခြင်း၊ နိုင်ငံတကာမှ အစီအစဥ်များနှင့် လက်ရာများပါဝင်ပြသခြင်း စသည့် အစီအစဥ်များကို  (၃) ပတ်တာ စီစဥ်ကျင်းပသွားမည်ဖြစ်ပါသည်။ ဤသို့ တမူထူးခြားသည့် Archives in Focus (ဆုံချက်မော်ကွန်း) ပြပွဲကို နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်ထိ မြန်မာနိုင်ငံ၏ရန်ကုန်မြို့ နှင့် ထိုင်းနိုင်ငံ၏ချင်းမိုင်မြို့ တွင် ကျင်းပမည်ဖြစ်သည်။

၁၉ ရာစုနှင့် ၂၀ ရာစုနှစ်များတွင် အသက်ရှင်ခဲ့ကြသည့် ကျွမ်းကျင်ဓာတ်ပုံဆရာများနှင့် အပျော်တန်း ဓာတ်ပုံဆရာများမှ မှတ်တမ်းတင်ခဲ့ကြသော မြန်မာနိုင်ငံသာမက နိုင်ငံတကာမှ လူနေမှုဘဝများကို စိတ်၀င်စားဖွယ်ရာ သမိုင်းဇာတ်ကြောင်းများဖြင့် ပြသသွားမည်ဖြစ်ပါသည်။ ဤအစီအစဥ်တွင် ကိုယ်ပိုင်ဖြစ်တည်မှုအမှတ်သညာများ၊ ယဥ်ကျေးမှုများနှင့် ရွှေ့ပြောင်းနေထိုင်မှုဖြစ်စဥ်များအကြောင်းကို ကိုလိုနီခေတ် ဓာတ်ပုံများဖြင့်သာမက ခေတ်ပြိုင်အနုပညာများဖြင့်ပါ အဖြေရှာထားသည့် အနုပညာ လက်ရာများကို စုံလင်စွာဖြင့် တမူထူးခြားစွာ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ လူမှုအုပ်ချုပ်မှုပုံစံ၊ စနစ်များ နှင့်ပတ်သက်၍ ဒေသတွင်းမှာသာမက နိုင်ငံတကာမှာပါ ကွဲပြားခြားနားလာကြသည်နှင့်အမျှ ဤအစီအစဥ်မှ တဆင့် အတိတ်နှင့်ပစ္စုပ္ပန်ကာလကို ပြန်လည်သုံးသပ်၊ တွေးမြင်ကြည့်ကြစေရန် ဖိတ်ခေါ်လိုပါသည်။ အနုပညာရှင်များ၊ ကျူရေတာများ၊ အနုပညာအစုအဖွဲ့များသည် သမိုင်းဆိုင်ရာ အမြင်သစ်များအပြင် ကိုယ်ပိုင်အတွေ့အကြုံများကို အနုပညာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများမှတဆင့် တွေ့ဆုံ ဖလှယ်နိုင်ကြမည်ဖြစ်ပါသည်။

အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မြန်မာ့ဓာတ်ပုံမော်ကွန်းနှင့် Goethe-Institut Myanmar လူမှုကွန်ယက်စာမျက်နှာများတွင် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ နိုင်ငံတကာ ဧည့်သည်များအနေဖြင့် တက်ရောက်ရန် စိတ်၀င်စားပါက မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက်သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
CONTACT PRINTS

©Myanmar Photo Archive

အလင်းထိဓာတ်ပုံများ - မြန်မာ့ဓာတ်ပုံအနုပညာသမိုင်းအကြောင်း ပြပွဲ

Archives in Focus (ဆုံချက်မော်ကွန်း) အစီအစဉ်များထဲက တစ်ခုဖြစ်သည့် Chiang Mai (ချင်းမိုင်) မှာကျင်းပပြုလုပ်မည့် အစီအစဉ်အကြောင်းကို သတင်းကောင်းပါးလိုပါသည်။ ပထမဆုံးအနေဖြင့် မြန်မာဓာတ်ပုံမူရင်းဇစ်မြစ်များကို ပြသမည့်  အလင်းထိဓာတ်ပုံများ ပြပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှ ၂၇ ရက်အထိ Chiang Mai (ချင်းမိုင်) မြို့ရှိ  Some Space Gallery တွင် ပြသသွားမည်ဖြစ်ပါသည်။ ဒီပွဲမှာ ပရိတ်သတ်တွေက မြန်မာ့ဓာတ်ပုံမော်ကွန်းမှ ပြုလုပ်ခဲ့တဲ့ အစီအစဉ်များနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝတဲ့အမွေအနှစ်များကို ဓာတ်ပုံကနေ တဆင့် စူးစမ်းလေ့လာနိုင်မည့် ပြပွဲတစ်ခုဖြစ်ပါသည်။ 

အလင်းထိဓာတ်ပုံများ ပြပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီမှ ည ၉ နာရီအထိ Some Space Gallery တွင် ကျင်းပသွားမည်ဖြစ်ပါသောကြောင့် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

ပြပွဲအသေးစိတ်အချက်အလက်များ
  • ပြပွဲအမည်: အလင်းထိဓာတ်ပုံများ - မြန်မာ့ ဓာတ်ပုံသမိုင်းကို တူးဆွခြင်း
  • တည်နေရာ: SOME SPACE Gallery, ၁၂၄/၄-၅၊ စရိပွမ်လမ်း၊ စီဖွမ်၊ မောင်ချင်းမိုင်ခရိုင်၊ ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ။
  • ဖွင့်ပွဲအခမ်းအနား: ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် (သောကြာနေ့) ညနေ ၄ နာရီ – ည ၉ နာရီ
  • ပြပွဲကာလ: ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ၂၇ ရက် နေ့ထိ
THINK AFTERNOON

©Myanmar Photo Archive

ပြန်တွေးမြင်ခြင်း နေ့လည်ခင်း - မြန်မာနိုင်ငံရဲ့ ဓာတ်ပုံအနုပညာသမိုင်းအကြောင်း စကားစမြည်

Archives in Focus (ဆုံချက်မော်ကွန်း) အစီအစဉ်၏ ဒုတိယအပိုင်းအနေဖြင့် Greenhouse Community Space တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် (စနေနေ့) တွင် ကျင်းပမည်ဖြစ်သည်။ ဤအစီအစဉ်သည် မြန်မာအနုပညာရှင်များအတွက် ပူးပေါင်းဆောင်ရွက်နိုင်၊ အတူတကွဆွေးနွေးနိုင်ပြီး စိတ်ကူးစိတ်သန်းတွေ ဖလှယ်ရန်အတွက် ရပ်၀န်းတစ်ခုဖြစ်လာနိုင်ဖို့ ဖြစ်ပါသည်။ ထိုမျှမက အနုပညာရှင်များကြား တစ်ဦးနှင့်တစ်ဦးချိတ်ဆက်ရန် ၊ အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်များ၊ လူထု နှင့် အနုပညာရှင်များကြား ချိတ်ဆက်မှုအားကောင်းစေရန် ရည်ရွယ်ပါသည်။

လာရောက်ဆွေးနွေးပါ၀င်ဖို့အတွက် နွေးထွေးစွာဖိတ်ခေါ်လိုက်ပါသည်။

ပွဲအစီအစဉ်အသေးစိတ်
  • ပွဲခေါင်းစဉ်: ပြန်တွေးမြင်ခြင်း နေ့လည်ခင်း - မြန်မာနိုင်ငံရဲ့ ဓာတ်ပုံအနုပညာသမိုင်းအကြောင်း စကားစမြည်
  • တည်နေရာ။ ။ Greenhouse Community Space, အမှတ် ၁၀ စီရီမင်္ဂလာချန် လမ်း၊ တမ်ဘွန်ဆူးသေ့ ၊ မောင်ချိုင်မိုင်ခရိုင်၊ ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ
  • ရက်စွဲ: ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၆ ရက် (စနေနေ့)
  • အချိန်: နေ့လည် ၂ နာရီ မှ ညနေ ၆ နာရီ
PAGE BY PAGE: Photography books in Myanmar

©Myanmar Photo Archive

စာမျက်နှာများ - မြန်မာနိုင်ငံမှ ဓာတ်ပုံစာအုပ်များပြပွဲ

ရန်ကုန်မြို့ရှိ  Goethe-Institut Myanmar သည် Archives in Focus အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ ၎င်း၏ နေရာကို ဓာတ်ပုံစာအုပ်များအား ကိုယ်တိုင်ဖတ်ရှုလေ့လာနိုင်မည့် နေရာအဖြစ် တမူထူးခြားစွာ ပြောင်းလဲ ပြသမည်ဖြစ်ပါသည်။  ဇာတ်လမ်းဇာတ်ကြောင်း များကို ချပြ၊ ပြောပြကြသည့် အခါတွင် ဓာတ်ပုံစာအုပ်များသည် အင်မတန်မှ စွမ်းအားကြီးသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်းကို စာမျက်နှာများ ပြပွဲ မှ တဆင့် မြင်တွေ့ခံစားနိုင်ကြမှာ ဖြစ်ပါသည်။  မြန်မာ့ဓာတ်ပုံမော်ကွန်း ရှိ ဓာတ်ပုံများဖြင့် ထုတ်ဝေခဲ့သည့် စိတ်ဝင်စားဖွယ် ဓာတ်ပုံစာအုပ်များ၊ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာများ၊ အနုပညာရှင်များ ၏ ကိုယ်ပိုင်ဇာတ်လမ်းအကြောင်းအရာများ နှင့် သမိုင်းကို ထင်ဟပ်ထားသည့် အကြောင်းများကို ဖော်ပြထားသည့် ဓာတ်ပုံစာအုပ်များကို ထည့်သွင်းပြသသွားမှာ ဖြစ်ပါသည်။

စာမျက်နှာများ -  ပြပွဲတွင် အခြားစိတ်၀င်စားဖွယ်ကောင်းသည့် အစီအစဉ်များဖြစ်သော ဓာတ်ပုံများ ပြန်လည်ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ပြန်လည်ထိန်းသိမ်းပြုပြင်ထားသည့် ရုပ်ရှင်ဇာတ်ကားဟောင်း နှစ်ကား ကိုလည်းပြသပေးသွားဦးမှာဖြစ်ပါသည်။ဤပွဲများအားလုံးကို Goethe-Instititut Myanmar ပွဲခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းကောင်းပါး လိုက်ပါသည်။

ပြပွဲနှင့် ပွဲအစီအစဉ်အသေးစိတ်
  • ပြပွဲခေါင်းစဉ်။ ။ စာမျက်နှာများ - မြန်မာနိုင်ငံမှ ဓာတ်ပုံစာအုပ်များ
  • တည်နေရာ။ ။ Goethe-Institut Myanmar / Archives in Focus HQ, ကမ္ဘာအေးဘုရားလမ်း နှင့် နတ်မောက်လမ်းထောင့် ၊ရန်ကုန်။
  • ဖွင့်ပွဲအခမ်းအနား။ ။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ မှ ည ၉ နာရီ
  • ပြပွဲကာလ။ ။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်ဘာလ ၁၅ ရက် နေ့ထိ
World Mental Health Days Event Success

©Goethe-Institut Myanmar

World Mental Health Days Event Success

ပထမဦးစွာ၊ "Mindful October: Creative Paths to Mental Wellbeing and Healing," ခေါင်းစဉ်ဖြင့် Goethe-Institut Myanmar တွင် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကျွန်ုပ်တို့၏ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အခမ်းအနား၏ အောင်မြင်မှုများအကြောင်းကို အသိပေးလိုပါတယ်။ ဒီ၃ ရက်တာ အခမ်းအနားမှာတော့ အနုပညာ၊ ဂီတနှင့် ပြဇာတ်အပါအဝင် ဖန်တီးခြင်းကုထုံးများမှတစ်ဆင့် စိတ်ကျန်းမာရေးကို ချဉ်းကပ်ပြီး စူးစမ်းရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။ 

Dr. Ravindra Ranasinha နှင့် AoC Cohort 3မှ သင်တန်းသားများ ဦးဆောင်သည့် ပထမနေ့ workshopမှာတော့ ပွဲကိုတက်ရောက်လာသူတွေဟာ ပြဇာတ်ကုထုံးမှတစ်ဆင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလည်းဆိုတဲ့ နည်းစနစ်တွေကို လေ့လာနိုင်ခဲ့ကြပါတယ်။ အခမ်းအနား ဒုတိယမြောက်နေ့မှာတော့ AFXB Theatreအဖွဲ့ရဲ့ ပြဇာတ်ဖျော်ဖြေတင်ဆက်မှု၊ ဇာတ်လမ်းတိုရုပ်ရှင်ပြသခြင်းနှင့်အတူ လူငယ်များ၏ mental wellbeing နဲ့ ပတ်သက်တဲ့အမြင်များကို ဆွေးနွေးဖလှယ်ကြတဲ့ Youth Dialogue အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်ဆရာမနှစ်ယောက်ရဲ့ ဦးဆောင်မှုနှင့် AoC alumni တို့ co-facilitate လုပ်ခဲ့ကြတဲ့ အနုပညာကုထုံးနှင့် ဂီတကုထုံး worshopများနှင့်အတူ ကဗျာရွတ်ဖတ်ခြင်းနှင့် ဂီတ ပေါင်းစပ်ဖျော်ဖြေမှုဖြင့် တတိယမြောက်နေ့ကို အဆုံးသတ်ခဲ့ပါတယ်။

ဒီသုံးရက်တာအခမ်းအနားဟာ ပွဲတက်ရောက်လာသူများအတွက် ပြဇာတ်၊ ဂီတနှင့် အနုပညာကုထုံးကဲ့သို့သော ဖန်တီးမှုကုထုံးများမှတဆင့် စိတ်နှင့်စိတ်ခံစားမှု ကောင်းမွန်ဖို့အတွက် အထောက်အကူဖြစ်သည့် နေရာတစ်ခုဖြစ်ခဲ့ပါသည်။

AoC Cohort 3 November Updates and Wrapping Up with the Open House Session

နိုဝင်ဘာလကို ရောက်ရှိလာသည့်အခါမှာတော့ AoC Cohort 3 တက်ရောက်သူများက သင်တန်းအစီအစဉ်၏ နောက်ဆုံးသောအခန်းကဏ္ဍများကို ရောက်ရှိလာကြပါပြီ။ အောက်တိုဘာလတွင် ပြဇာတ်၊ ဂီတနှင့် အနုပညာကုထုံးတို့ကို သင်ယူပြီးမြောက်ခဲ့သည့် အရှိန်အဟုန်ဖြင့် ကျွန်ုပ်တို့၏ AoC Cohort 3 တက်ရောက်သူများက ယခုမှာတော့ သင်ယူလေ့လာခဲ့ရသည်များကို Presentationsများ Activitiesများကို အသုံးပြု၍ သင်တန်းသားအချင်းချင်း ပြန်လည်မျှဝေကြမည့် Practice-based Week သို့ ကူးပြောင်းရောက်ရှိနေကြပါပြီ။ ပရိုဂရမ်ကို Open House Session ဖြင့် အဆုံးသတ်မှာ ဖြစ်ပြီးတော့ ဒီပွဲလေးက သင်တန်းသားတွေရဲ့  ၂လတာသင်ကြားရေးတစ်လျှောက်မှာ ဖြတ်သန်းခဲ့ရသည်များကို တင်ဆက်သွားရုံတင်မဟုတ်ဘဲ သင်တန်းသားများအနေနဲ့ အများပြည်သူရဲ့ရှေ့မှောက်မှာ workshops တွေကို ဘယ်လို conductလုပ်ရမယ် facilitateလုပ်ရမယ်ဆိုတာကို လက်တွေ့လေ့ကျင့်နိုင်တဲ့ အခွင့်အလမ်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်သူများအနေနဲ့ ဖန်တီးမှုဆိုင်ရာကုထုံးနည်းလမ်းများကို မိမိတို့သက်ဆိုင်ရာ အဖွဲ့အစည်း အသိုင်းအဝိုင်းများသို့ ပြန်လည်သယ်ဆောင်သွားနိုင်ဖို့အတွက် အဖိုးမဖြတ်နိုင်သော အမြင်အသစ်များကို ရရှိသွားမှာဖြစ်ပြီးတော့၊ မိမိတို့ဒေသတွင် ယခုကဲ့သို့သော workshopများကို ဦးစီးဆောင်ရွက်ခြင်းဖြင့် အများပြည်သူတွေရဲ့ စိတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် အထောက်အပံ့ဖြစ်နိုင်ရန် လုပ်ဆောင်နိုင်စွမ်း ရရှိသွားမှာပါတယ်။
အစီအစဉ်ဟာဆိုရင်ဖြင့် နိုဝင်ဘာလလယ်ပိုင်းတွင် ပြီးဆုံးမှာဖြစ်ပြီးတော့ ကျွန်ုပ်တို့အနေဖြင့် Cohort 3 တက်ရောက်သူများအနေနဲ့ သင်တန်းကာလပြီးဆုံးသည်အထိ ကောင်းမွန်စွာ သင်ယူပြီးမြောက်နိုင်ခြင်းအပေါ် အလွန်ဂုဏ်ယူမိပါတယ်၊ သူတို့ရဲ့ အသစ်ရရှိလာသည့် ကျွမ်းကျင်မှုများကို သက်ဆိုင်ရာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများတွင် မည်သို့ပြန်လည်အသုံးချမည်ကို မြင်ရဖို့ မျှော်လင့်မိနေပါတယ်။

ဘာသာစကား

German Language Courses

©Goethe-Institut Myanmar

နိုဝင်ဘာလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက နိုဝင်ဘာလ အတွက် (Online , In-person) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ  ၃၀.၁၀.၂၀၂၄မှ ၀၆.၁၁.၂၀၂၄  အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exams

©Goethe-Institut Myanmar

နိုဝင်ဘာလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။?

Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက နိုဝင်ဘာလ အတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၄.၁၀.၂၀၂၄ မှ ၂၅.၁၀.၂၀၂၄  ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Preserving Nature: Pressed Flower Art for Young Nature Lovers!

©Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

Preserving Nature: Pressed Flower Art for Young Nature Lovers!

စာကြည့်တိုက်ရှိ ကလေးနှင့် လူငယ်အစီအစဥ်မှ ကြိုဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ အသက် ၆ နှစ် မှ ၁၂ နှစ်အရွယ်  ကလေးများအတွက် ‘Preserving Nature: Pressed Flower Art’ program မှတစ်ဆင့် သဘာ၀တရားရဲ့အလှတရားကို အတူတူရှာဖွေနိုင်ဖို့ ကျွန်ုပ်တို့စာကြည့်တိုက်မှ စီစဥ်ပေးထားပါတယ်။

ဒီပွဲလေးမှာတော့ ကလေးများက ပန်းခြောက်လေးတွေကို ဘယ်လိုလုပ်ရမလဲဆိုတာနှင့် ထိုပန်းခြောက်လေးတွေကို အသုံးပြုပြီး ကလေးများသည် မိမိစိတ်ကြိုက် စာမှတ်ကတ်များ၊ greeting cards များနှင့် တခြားသော အနုပညာလက်ရာဖန်တီးမှုများကို စူးစမ်းလေ့လာနိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးကို သဘာ၀တရားနှင့်ထိတွေ့စေပြီး မိမိအတွက် သော်လည်းကောင်း၊ ချစ်ခင်မြတ်နိုးရသူတွေအတွက်သော်လည်းကောင်း အမှတ်တရလက်ဆောင် လက်မှုပစ္စည်းလေးတွေကို ဖန်တီးစေလိုက်ပါ။ 

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်  ♦ အသက် ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။  
Reading Club for young readers

©Goethe-Institut Myanmar

“READING CLUB” Program for Young Readers

ဂျာမန် Level A2 ရောက်နေပြီဖြစ်တဲ့ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်အရွယ် ကလေးများအတွက် အထူးရည်ရွယ်ပြီး Goethe-Institut Myanmar မှာ ယခုပြုလုပ်မယ့် စာဖတ်၀ိုင်းလေးကို   အသစ်စီစဥ်ပေးထားပါတယ်။

တစ်နာရီကြာမြင့်မယ့်  ဒီအစီအစဥ်လေးမှာ လူငယ်စာဖတ်သူများက စိတ်၀င်စားစရာကောင်းတဲ့ ပုံပြင်လေးတွေ ၀တ္တုလေးတွေ ဖတ်ပြီး ပေါ့ပေ့ါပါးပါးနှင့် ဂျာမန်စာကို လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ဒီစာဖတ်၀ိုင်းလေးက စာဖတ်ရုံလောက်ပဲ မဟုတ်ပါဘူး။ စာအတူတူဖတ်ရင်း သူငယ်ချင်းအသစ်တွေရှာလို့လည်း ရပါတယ်။ ဒါ့အပြင် ကိုယ့်စိတ်ကူးစိတ်သန်းတွေကို ဖြန့်ကျက်စေနိုင်ခြင်း နှင့် ဘာသာစကားစွမ်းရည်တွင် မိမိကိုယ်ကို ယုံကြည်မှုတိုးလာစေဖို့အတွက်ပါ ရည်ရွယ်ထားပါတယ်။
ဒါကြောင့် သင့်ကလေးကို စာအုပ်တွေကနေတစ်ဆင့် ကမ္ဘာအသစ်တွေကို စူးစမ်းရှာဖွေစေချင်တယ်ဆိုရင်၊  ဂျာမန်ဘာသာစကားကို တိုးတက်စေချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ စာဖတ်၀ိုင်းခရီးစဥ်လေးမှာ ပါ၀င်ဖို့ တိုက်တွန်းပါရစေ။
 
လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦ အမည်  ♦ အသက် ♦ ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။  
Board Game

©Goethe-Institut Myanmar

“BOARD GAME DAY!”

ဒီလမှာတော့  လစဥ်ကျင်းပနေကြဖြစ်တဲ့ Board Game Day ကို “ Boardgame ဆော့ချင်တယ်၊ ဒါပေမယ့် ခုမှ German Level A1 ပဲရှိသေးတယ်“ ဆိုပြီး ခဏခဏပြောကြတဲ့ ကျောင်းသူ/သားတွေအတွက် အထူးသီးသန့်စီစဥ်ပေးထားပါတယ်။  Quick Buzz လို့ခေါ်တဲ့ ဒီဂိမ်းလေးမှာတော့ ကတ်ထဲမှာပါတဲ့ ပုံလေးတွေရဲ့ အဖြေမှန်ကို မှန်းဆရမှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့အပြိုင် ဘဲလ်ခေါင်းလောင်းလေးကို အလျင်အမြန်တီးရမှာဖြစ်ပါတယ်။ အမှတ်အများဆုံးရရှိသူကတော့ အနိုင်ရရှိမှာပဲ ဖြစ်ပါတယ်။ Quick Buzz က ဂျာမန်ဝေါဟာရလေ့ကျင့်၍ရသော ဂိမ်းလေးဖြစ်တဲ့အပြင် အာရုံစူးစိုက်မှုနှင့် တုံ့ပြန်ပြောဆိုတတ်မှုတို့ကိုပါ လက်တွေ့သင်ယူဖြစ်စေပါတယ်။ ဒီပျော်ဖို့ကောင်းတဲ့ ဂိမ်းအစီအစဥ်လေးကတော့ ကစားဖော် အနည်းဆုံး နှစ်ယောက်ကနေ ခြောက်ယောက်အထိ လိုအပ်တာမို့ အားလုံးအတူတူပါ၀င်ရအောင် ခုပဲ သူငယ်ချင်းတွေကို စကားလက်ဆောင်ပါးလိုက်ပါဦးနော်။ စာကြည့်တိုက်မှာ ဆုံကြရအောင်။

ဒီဂိမ်းလေးကို ကစားဖို့ A1+ level သာ လိုအပ်တာမို့လို့ စိတ်ပါ၀င်စားသူများအနေဖြင့် biblio-yangon@goethe.de သို့မဟုတ် 01 9376160 (ext. 301/302) ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ကြိုတင်စာရင်းပေး ဆက်သွယ်နိုင်ပါတယ်။
Learnberatung

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလရဲ့ ''Lernberatung'' အစီအစဉ်ကတော့ B1-level အတွက်ဖြစ်ပြီး ဂျာမန်ဘာသာစကား လေ့လာနေသူများအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တွေ၊ online resources တွေ၊ ကိုယ့် level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။

စာကြည့်တိုက်သို့လူကိုယ်တိုင်မလာရောက်နိုင်သူတွေအတွက်လည်းပါ၀င်မေးမြန်းလို့ရအောင် virtual online session ကိုလည်း ထည့်သွင်းစီစဉ်ပေးထားပါတယ်။

ဒီအစီအစဉ်လေးမှာ (လူကိုယ်တိုင်ဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ်) ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့် မိမိတက်ရောက်လိုသည့်ရက် တို့ကိုအီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။
Reading Club

©Goethe-Institut Myanmar

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန်  လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’လေး ရောက်ရှိလို့လာပါပြီ။

ဒီလရဲ့ အစီအစဥ်လေးက B1 Level အတွက်ဖြစ်ပြီး  ဆရာမနဲ့အတူတူ (၂) ချိန်စလုံး စာအုပ်တစ်အုပ်တည်းကို ဖတ်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်  (၂) ရက်စလုံး ပါ၀င်ပေးနိုင်မှသာ ထိရောက်တဲ့ စာဖတ်ခြင်း အလေ့အထကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။  
 
ဒါဆို ၀ါသနာတူသူငယ်ချင်းတွေနဲ့စာတူတူဖတ်ကြရင်း အတွေးအမြင်လေးတွေ ဝေမျှဖို့  ဖိတ်ခေါ်ပါရစေနော်။
စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
ONLEIHE: GERMAN ONLINE LIBRARY

© Goethe-Institut

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Joshua Groß, Maxim Leo, Ulrich Peltzer, Ursula Poznanski und Andreas Stichmann တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de