စာမေးပွဲဖြေဆိုရာတွင် Goethe-Institut တွင်ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်နေသူ မဟုတ်သူများလည်းဖြေဆိုနိုင်ပါသည်။ သင့်အနေနှင့် သင်သည် စာမေးပွဲအတွက်လိုအပ်သည့်ဘာသာစကားအရည်အသွေးများနှင့်ပြည့်မီသည်ဟုထင်မြင်ယူဆပါက စာမေးပွဲဖြေဆိုရန်အချိန်မရွေးစာရင်းပေးသွင်းနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အနေနှင့် သင့်အား ဂျာမန်ဘာသာစကားသင်တန်းတစ်တန်းကိုတက်ရောက်ရန်အကြံပြုလိုပါသည်။ အကြောင်းမှာ ဘာသာစကားသင်တန်းများတွင် လိုအပ်သည့်ဘာသာစကားနှင့်စာမေးပွဲအထူးပြုစွမ်းရည်များကိုသင်ကြားပို့ချပေးသောကြောင့် စာမေးပွဲဖြေဆိုရာတွင်လွယ်ကူချောမွေ့စေမည်ဖြစ်ပါသည်။
စာမေးပွဲအတွက်စာရင်းပေးသွင်းရန် အောက်ပါအချက်များကိုလိုက်နာပါ။
- STEP 1: စာမေးပွဲဖြေဆိုရန်အတွက် info.exam.mmr@goethe.de ကို အမည်၊ ဖြေဆိုမည့် level၊ ဖြေဆိုလိုသည့်ဘာသာရပ်၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ ပေးပို့ပါ။
- STEP 2: (၄၈) နာရီ အတွင်း စာမေးပွဲလျှောက်ထားရန် စာရင်းတွင်ပါ၀င်ခြင်း ရှိ/မရှိ အကြောင်းပြန်စာရရှိပါမည်။ စာမေးပွဲတွင် ပါ၀င်လျှောက်ထားနိုင်သူများအတွက် အကြောင်းပြန်စာတွင် Registration Form လင့်ခ် နှင့် စည်းမျဥ်းစည်းကမ်းစာရွက်ပါရှိပါမည်။
- STEP 3: အဆိုပါ Registration Form တွင်အချက်အလက်များပြည့်စုံစွာ ဖြည့်ပါ။ ထို့နောက် လက်မှတ်ထိုးထားသော စာမေးပွဲစည်းမျဥ်းစည်းကမ်းစာရွက်၊ ကြည်လင် ပြတ်သားသော ဘဏ်မှငွေလွှဲပြေစာ၊ Passport scan နှင့် NRC scan တို့ကို (၄၈) နာရီ အတွင်း info.exam.mmr@goethe.de သို့ အီးမေးလ် ပြန်လည်ပေးပို့ရပါမည်။
- STEP 4: အီးမေးလ်ပေးပို့ပြီး အချက်အလက်များပြည့်စုံပါက နောက်ထပ် (၄၈) နာရီ အတွင်း စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းခြင်း အောင်မြင်ပြီးစီးကြောင်း အီးမေးလ်ကို လက်ခံရရှိမည်ဖြစ်ပါသည်။
မှတ်ချက်။ ဖြည့်စွက်ရမည့် အချက်အလက်များလိုအပ်နေပါက (သို့မဟုတ်) စာရွက်စာတမ်းများ ပြည့်စုံစွာမပါရှိပါက (သို့မဟုတ်) သတ်မှတ်ချိန်ထက်ကျော်လွန်၍ ပေးပို့လာပါက စာမေးပွဲဖြေဆိုရန် အကျုံးမဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
စာမေးပွဲဖြေဆိုပြီးနောက်ရက်အနည်းငယ်အကြာတွင် ကျွန်ုပ်တို့ကသင့်အား စာမေးပွဲရလဒ်ကိုအကြောင်းကြားပေးပါမည်။ ထိုသို့အကြောင်းကြားပေးပြီး (၂) ပတ်အကြာတွင် ကျွန်ုပ်တို့ထံသို့လာရောက်၍စာမေးပွဲအောင်လက်မှတ်ကိုထုတ်ယူနိုင်ပါသည်။ ဤတွင် သင်၏မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်ကိုယူဆောင်လာခဲ့ရပါမည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလစာမေးပွဲအချိန်ဇယား
စာမေးပွဲများအတွက် စာရင်းသွင်းခြင်းကို အွန်လိုင်းမှသာ ပြုလုပ်နိုင်ပါမည်။
စာမေးပွဲအဆင့်များ |
စာမေးပွဲနေ့စွဲ |
စာရင်းပေးသွင်းရမည့်ကာလ |
စာမေးပွဲအချိန် |
Goethe-Zertifikat B1 |
၂၇.၁၁.၂၀၂၄ |
၂၅.၁၀.၂၀၂၄-၂၆.၁၀.၂၀၂၄ |
မနက် ၉ နာရီ |
Goethe-Zertifikat A2 |
၂၈.၁၁.၂၀၂၄ |
၂၅.၁၀.၂၀၂၄-၂၆.၁၀.၂၀၂၄ |
မနက် ၉ နာရီ |
Fit in Deutsch 1 |
၂၈.၁၁.၂၀၂၄ |
၂၅.၁၀.၂၀၂၄-၂၆.၁၀.၂၀၂၄ |
မနက် ၉ နာရီ |
Start Deutsch 1 |
၂၈.၁၁.၂၀၂၄ |
၂၅.၁၀.၂၀၂၄-၂၆.၁၀.၂၀၂၄ |
မနက် ၉ နာရီ |
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်သတ်မှတ်သော စာမေးပွဲကြေးများ
အဆင့် |
သင်တန်းသားများအတွက် စာမေးပွဲကြေး (မြန်မာကျပ်) |
ပြင်ပမှဖြေဆိုသူများအတွက် စာမေးပွဲကြေး (မြန်မာကျပ်) |
A1 |
300,000 |
500,000 |
A2 |
300,000 |
500,000 |
B1 |
400,000 |
600,000 |
B2 |
400,000 |
600,000 |
C1 |
500,000 |
600,000 |
C2 |
500,000 |
600,000 |
Fit 1 |
300,000 |
500,000 |
Fit 2 |
300,000 |
500,000 |