Tabu Familien-Edition
ဇန်နဝါရီလရဲ့ Boardgame Day လေးမှာတော့ ဂိမ်းကစားသူတွေကို ဉာဏ်စမ်းတဲ့အနေနဲ့ အချိန်တိုအတွင်း အမေးအဖြေနှစ်ခုစလုံးအတွက် တွေးတောစဥ်းစားရမယ့်
Tabu Familien- Edition ကို ဆရာမနဲ့အတူတူဆော့မှာဖြစ်ပါတယ်။ ဂိမ်းကစားတဲ့အခါ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ရှင်းပြသူတစ်ယောက်က ကတ်၏ထိပ်ဆုံးမှာပါရှိတဲ့ စာလုံးကိုသိအောင် သွယ်၀ိုက်ပြောဆိုပေးရမှာဖြစ်ပါတယ်။ ကတ်ထဲမှတားမြစ်စကားလုံးနှင့် ဟန်ပန်အမူအရာတွေကို ပြောြပခွင့်မရှိတာကြောင့် ရှင်းပြသူက ဘယ်လိုနည်းလမ်းတွေနဲ့ စကားလုံးကို အဓိပ္ပာယ်ဖော်မလဲ၊ ကိုယ့်အဖွဲ့သားတွေကရော အဖြေကို မြန်မြန်နှင့်မှန်မှန်ဖြေဆိုနိုင်ပါ့မလားဆိုတာ စိတ်၀င်စားစရာပါပဲ။ အခြားအဖွဲ့ကလည်း ကိုယ့်အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို သဲနာရီ၊ Quietscher တို့ဖြင့် စောင့်ကြည့်အမှတ်ပေးနေမှာဖြစ်ပါတယ်။ ကစားပွဲမှာ လူများလေ ပိုပျော်ဖို့ကောင်းလေမို့ သင့်သူငယ်ချင်းတွေကိုလည်း Boardgame Day နဲ့ မိတ်ဆက်ပေးပြီး အတူတူ ဂျာမန်ဘာသာစကားကို တိုးတက်စေလိုက်ပါ။
ဒီဂိမ်းလေးကို ကစားဖို့
A2 level သာ လိုအပ်တာမို့လို့ စိတ်ပါ၀င်စားသူများအနေဖြင့်
biblio-yangon@goethe.de သို့
အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
နောက်သို့ပြန်သွားရန်