Children & Youth Program "Junk Modelling for Sustainability!"

Junk Modelling ©Goethe-Institut Myanmar

Sa, 18.01.2025

13:00 - 15:00

စာကြည့်တိုက်

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

၂၀၂၅၊ ဇန်န၀ါရီလ နှစ်သစ်ကူးအချိန်အခါလေးမှာတော့ ကျွန်ုပ်တို့ စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှ ‘Junk Modelling for Sustainability’ ကိုကျင်းပမှာ ဖြစ်ပြီး၊ အသက် ၆ နှစ် မှ ၁၂ နှစ်အရွယ်  သားသားမီးမီးများ ပါ၀င်နိုင်မှာ ဖြစ်ပါတယ်။

Junk Modelling ဆိုသည်မှာ အသုံးပြုပြီးသားပစ္စည်းလေးတွေကို စွန့်ပစ်အမှိုက်အဖြစ်မရောက်စေဘဲ ပြန်လည်အသုံးချလို့ရသော ဖန်တီးမှုလက်ရာကောင်းများကို ပုံဖော်ခြင်းပဲဖြစ်ပါတယ်။ အမှိုက်ကနေ ရွှေဖြစ်လာနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားနည်းတူ ပစ္စည်းဟောင်းလေးတွေကို ဘ၀သစ်တစ်ခုအစပြုပေးခြင်းနဲ့လည်း တူပါတယ်။

ဒီအစီအစဥ်လေးမှာတော့ နေ့စဥ်အိမ်မှုအသုံးအဆောင်များဖြစ်တဲ့ ကတ်ထူသေတ္တာစက္ကူခွက်၊ ပုလင်းများ၊ တစ်ရှူးလိပ်များနှင့်မဂ္ဂဇင်းအဟောင်းများကို ပြန်လည်အသုံးပြုပြီး သားသားမီးမီးတို့က စက်ရုပ်လေးတွေမှသည် ရဲတိုက်ကြီးတွေအထိ မိမိကြိုက်နှစ်သက်ရာဖန်တီးခွင့်ရရှိမှာဖြစ်ပါတယ်။ Junk Modelling မှတဆင့် ကလေးငယ်များကို သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်ကမ္ဘာမြေကိုထိန်းသိမ်းစောင့်ရှောက်ခြင်း၏အရေးပါပုံတို့ကို သင်ကြားပေးနိုင်သည့်အပြင် သားသားမီးမီးတို့ရဲ့ စိတ်ကူးစိတ်သန်း ဖြန့်ကျက်နိုင်စွမ်းကိုလည်း သိမြင်ခွင့်ရစေပါတယ်။ ဒါကြောင့် ဇန်နဝါရီလ ၁၈ ရက်နေ့ မှာ စွန့်ပစ်ပစ္စည်းလေးတွေကို သူငယ်ချင်းတွေနဲ့အတူတူ ဆန်းသစ်တဲ့အရာလေးတွေ ဖန်တီးနိုင်ဖို့ ကျွန်ုပ်တို့စာကြည့်တိုက်မှ ဖိတ်ခေါ်လိုက်ရပါစေ။
 
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်  ♦ အသက် ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။   

နောက်သို့ပြန်သွားရန်