သင်တန်းသားခေါ်ခြင်း

Academy of Care

AoC Open Call ©Goethe-Institut Myanmar

ဖန်တီးဆင့်ပွား မျှဝေမည် ဂရုစိုက်မှု အကယ်ဒမီ Academy of Care (AoC) သည် စိတ်ဒဏ်ရာ ကို အခြေခံပြီး ဂရုစိုက်ပံ့ပိုးပေးနိုင်မှု အတွက် ဖန်တီးမှု အနုပညာ ကုထုံးများကို အဓိကထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အခြေခံပြီး လေ့ကျင့်ပေးမည့် နှစ်လကြာ  အချိန်ပြည့် တက်ရောက်သင်ကြားရမယ့် Certificate base သင်တန်းတစ်ခုဖြစ်ပါတယ်။ တက်ရောက်ကြမယ့် သင်တန်းသားများအနေနှင့် အနုပညာ၊ ဂီတနှင့် ဒရာမာကုထုံးများတွင် လက်တွေ့ကျွမ်းကျင်မှုများရရှိမှာဖြစ်ပြီး မိမိ ရပ်ရွာဒေသလူထု အတွက် အကျိုးပြု ပရောဂျက်များ ပျိုးထောင်နိုင်ဖို့ရာ မျိုးစေ့ရန်ပုံငွေနှင့် အကြံပေး နည်းပြ လမ်းညွှန်ပေးခြင်းဆိုင်ရာများဖြင့် ဆက်လက် ပံ့ပိုးပေးသွားမည့် အစီအစဉ်ထိ ရရှိနိုင်တဲ့ သင်တန်းဖြစ်ပါတယ်။

AoC သည် စာနာနားလည်မှုကို မြှင့်တင်ရန်နှင့် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းခြင်းဖြင့် လူုအပြောင်းအလဲ ကို အားပေးရန် ရည်ရွယ်ကာ နိုင်ငံတကာနှင့်ပြည်တွင်းမှ ကျွမ်းကျင်သူ ပညာရှင်များ က ဦးဆောင်သင်ကြားပို့ချသွားမည့် သင်တန်းဖြစ်ပါတယ်။

အနုပညာကုထုံး ဆိုတာ ဘာလဲ။
အနုပညာကုထုံးသည် ပုံဆွဲခြင်း၊ ပန်းချီဆွဲခြင်းနှင့် ပန်းပုထုခြင်းကဲ့သို့သော ဖန်တီးမှု ကြားခံ medium တို့ကိုအသုံးပြု၍ တစ်ဦးချင်း နှင့် အဖွဲ့အလိုက် စိတ်ခံစားမှုများ၊ အတွေ့အကြုံများနှင့် စိန်ခေါ်မှုများကို စူးစမ်းရှာဖွေရန်အတွက် ကုထုံးဆိုင်ရာထွက်ပေါက်တစ်ခုအနေဖြင့် ရှာဖွေဖော်ထုတ်နိုင်ရန် စိတ်ချလုံခြုံတဲ့ အခြေအနေရပ် တစ်ခုအဖြစ် ဖန်တီးပေးခြင်းဖြစ်ပါတယ်။ သင်တန်းသားများအနေဖြင့် အနုပညာ ဖော်ပြချက်များမှတဆင့်  ရှုပ်ထွေးသောခံစားချက်များကို ထုတ်ဖော်နိုင်ပြီး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိုးထွင်းသိမြင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ဂီတကုထုံးဆိုတာ ဘာလဲ။
ဂီတကုထုံးသည် စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုလုပ်ငန်းစဉ်များကို—နားထောင်ခြင်း၊ တူရိယာတီးခြင်း သို့မဟုတ် သီဆိုခြင်းမှဖြစ်စေ—ဂီတဖြင့် ကုသနိုင်ခြင်း စွမ်းအားဖြစ်လာစေရန် ပံ့ပိုးပေးခြင်း ဖြစ်ပါတယ်။ဂီတကုထုံးအနေဖြင့် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို မြှင့်တင်ပေးပြီး လူတစ်ဦးချင်းစီ၏ စိတ်ခံစားချက်များကို ဖော်ပြခြင်းနှင့် ထိန်းညှိပေးခြင်းတို့ကို ပံ့ပိုးပေးကာ စိတ် နှင့် ကျန်းမာရေး ဘက်ပေါင်းစုံ တိုးတက်လာစေပါတယ်။

ဒရာမာကုထုံးဆိုတာဘာလဲ။
ဒရာမာကုထုံးသည် ကိုယ်ခန္ဓာဖြင့် စိတ်ခံစားချက်ထုတ်ဖော်ပြသမှုကို အားပေးရန်၊ (အုပ်စုအဖွဲ့ dynamic ကို ပံ့ပိုးပေးရန်)၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ဖို့ရန်  ဇာတ်ကြောင်းသရုပ်ပြခြင်း၊ improvise လက်တန်းသရုပ်ဖော်ခြင်း နှင့် ပုံပြင်ပြောခြင်းကဲ့သို့သော သရုပ်ဖော်နည်းလမ်းတွေကို အသုံးပြုတာဖြစ်ပါတယ်။ ဒရာမာပြဇာတ်လှုပ်ရှားမှု activities တွေမှာ ပါဝင်ခြင်းဖြင့် သင်တန်းသားများအနေနဲ့  ကိုယ်ရေးကိုယ်တာဇာတ်ကြောင်းများကို စူးစမ်းလေ့လာရင်း လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို တည်ဆောက်ကာ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်နိုင်မှုကို လည်း ထပ်တိုးရရှိသွားစေပါတယ်။

AoC အနေဖြင့် မိမိတို့နိုင်ငံတွင် ကြုံတွေနေရတဲ့ တစ်ဦးချင်းနှင့် စုပေါင်းစိတ်ဒဏ်ရာများနှင့် တီထွင်ဖန်တီးမှုကုထုံးများ လေ့ကျင့်သင်ကြားရေး လမ်းပြပို့ချမှုများအပိုင်းတို့တွင် နည်းပါးလျက်ရှိတဲ့ စိန်ခေါ်မှုများကို ဖော်ဆောင်ထောက်ပြပြီး တီထွင်ဖန်တီးမှုကုထုံးများကို အလေးပေးခြင်းဖြင့် AoC သည် စိန်ခေါ်မှုများတဲ့ အခြေအနေမျိုးတွေမှာ မိမိကိုယ်ကို ဂရုစိုက်ရန် လူမှုအသိုင်းအဝိုင်းများကို အခွင့်အလမ်းဖော်ပြကာ ပိုမိုကျန်းမာပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းများကို ပြုစုပျိုးထောင်ပေးလိုခြင်းဖြစ်ပါတယ်။

ပရိုဂရမ်သည် မိမိကိုယ်မိမိ သိရှိနားလည်မှု၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် ပုဂ္ဂိုလ်ရေးတိုးတက်မှုအတွက် ရောင်ပြန်ဟပ်သော အလေ့အကျင့်များကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒရာမာ၊ အနုပညာနှင့် ဂီတကုထုံးများတွင် အမျိုးမျိုးသော မော်ဒယ်များ၊ လေ့ကျင့်ခန်းများနှင့် မိမိကိုယ်ကို ဂရုစိုက်မှု self care နည်းလမ်းတွေမှတစ်ဆင့် သင်တန်းသားများအနေဖြင့် မိမိတို့ရဲ့ တစ်ကိုယ်ရည်ကျန်မာရေး well being နဲ့ resilience စိတ်ဓာတ်ကြံ့ကြံ့ခံနိုင်မှု အပိုင်းတွေကိုလည်း ကိုင်တွယ်ထိန်းသိမ်းရင်း အခြားသူများအတွက် ပါ ထိရောက်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ရန် လိုအပ်သောစွမ်းရည်များကို ရရှိလာနိုင်စေပါတယ်။

သင်တန်းသားများအနေဖြင့် စိတ်ဒဏ်ရာအသိပေးစောင့်ရှောက်မှုအပေါ် အာရုံစိုက်ထားသည့် သီအိုရီဆိုင်ရာ အသိပညာများနှင့်ပတ်သက်၍ လက်တွေ့သင်ယူမှုအတွေ့အကြုံများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပြီး ဤချဉ်းကပ်ပုံနည်းလမ်းများအနေဖြင့် လက်တွေ့ အခြေအနေများ အတွက် ထိရောက်စွာ အသုံးချနိုင်မယ့် နည်းပညာ intervention techniques တွေကို ပြင်ဆင်ပေးနှင့်ပြီး ဖြစ်လာစေပါမယ်။ 

AoC သည် အထူးသဖြင့် မျိုးစေ့ရန်ပုံငွေရရှိသူများအနေဖြင့် Peer Supervision သင်တန်းသားအချင်းချင်း ဆွေးနွေးဖလှယ်ခြင်းနှင့် သင်တန်းဆရာများမှ လမ်းညွှန်ပေးမှုများ ဆက်လက်ပံ့ပိုးပေးမှုများရရှိနိုင်ရန် အတွက် ကျောင်းသားဟောင်းများကွန်ရက် AoCA (Academy of Care Alumni) အားဖွဲ့စည်းထားမှာဖြစ်ပါတယ်။

အနုပညာ၊ ဂီတနှင့် ဒရာမာကုထုံးနည်းပညာများကို အသုံးပြု၍ သင်တန်းသားများအနေဖြင့် ၎င်းတို့၏ facilitation skills စွမ်းရည်တွေကို မွန်းမံနိုင်ရန် practice base learning လက်တွေ့ လေ့ကျင့်မှု မှတဆင့် စွမ်းရည်မြင့်တင်ဖို့ရန် အတွက် အချင်းချင်းလေ့ကျင့်မှုများ နဲ့ ပြင်ပဧည့်သည်များနဲ့လေ့ကျင့်မှုတွေ ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။

AoC လုပ်ဆောင်နိုင်သည့်အရာများ
AoC သည် သင်တန်းသားများအားတီထွင်ဆန်းသစ်သော နည်းလမ်းများဖြင့် ခံစားချက်တွေ ထုတ်ဖော်ပြသနိုင်သော ကုထုံး အသုံးချမှု နည်းပညာများအတွက် လိုအပ်သော ကျွမ်းကျင်မှုများ၊ အသိပညာနှင့် လေ့ကျင့်ခန်းများကို ပေးဆောင်စေပြီး၊

  • ကျန်းမာရေးအတွက် အနုပညာကုထုံး နည်းလမ်းအသုံးပြုအလုပ်ရုံဆွေးနွေးပွဲများကို facilitate လုပ်ဆောင်တတ်စေခြင်း။ တီထွင်ဖန်တီးမှုမှတဆင့် ထုတ်ဖော်ပြောဆိုခြင်း ကုထုံးဆိုင်ရာအလေ့အကျင့်များပေါင်းစပ်လုပ်ဆောင်တတ်စေခြင်း။တစ်ဦးချင်းစီ၏ကိုယ်ရေးကိုယ်တာစောင့်ရှောက်မှုနှင့် စိတ်ဒဏ်ရာများကိုရှာဖွေခြင်းအတွက် အနုပညာကုထုံး၏အရေးပါမှုကို သဘောပေါက်စေပြီး ကိုယ်ပိုင်လေ့ကျင့်အသုံးချသွားနိုင်ဖို့အထိ သင်တန်းသားများကို လမ်းညွှန်ပြသပေးသွားမှာဖြစ်ပါတယ်။
  • ကျန်းမာရေးအတွက် ဂီတကုထုံး နည်းလမ်းအသုံးပြုအလုပ်ရုံဆွေးနွေးပွဲများကို facilitate လုပ်ဆောင်တတ်စေခြင်း။ ဂီတကို စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာအတွက် ကိရိယာတစ်ခုအဖြစ် အသုံးချကာ အုပ်စုဖွဲ့ စုပေါင်းအတွေ့အကြုံများမှတစ်ဆင့် အုပ်စုများအတွင်း ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ပေးနိုင်စေခြင်း။
  • ကျန်းမာရေးအတွက် ဒရာမာကုထုံး နည်းလမ်းအသုံးပြုအလုပ်ရုံဆွေးနွေးပွဲများကို facilitate လုပ်ဆောင်တတ်စေခြင်း။ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို စူးစမ်းဖြေရှင်းရန်၊ အဖွဲ့လိုက် အပြန်အလှန်ဆက်သွယ်မှုနှင့် စုပေါင်းကုသခြင်းအတွက် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်ကို ဖန်တီးရန် ဒရာမာနည်းပညာများကို အသုံးပြုဆောင်ရွက်တတ်လာစေခြင်း။
AoC မလုပ်ဆောင်နိုင်သည့်အရာများ
AOC တွင် အတွေ့အကြုံရှိ ကုထုံးဆရာများ အတွေ့အကြုံရင့် ပညာရှင်များမှ လေ့ကျင့်သင်ကြားပေးမှာဖြစ်သော်လည်း သင်တန်းပြီးမြောက်ပါက သင့်အား လိုင်စင်ရ ကုထုံးပညာရှင်အဖြစ် လုပ်ဆောင်နိုင်ဖို့ အရည်အချင်း ပြည့်မှီစေမည် မဟုတ်ပါ။

ပရိုဂရမ်သည် တရားဝင်လိုင်စင်ထက် လက်တွေ့ကျသော ကျွမ်းကျင်မှုနှင့် နည်းပညာများကို အလေးပေး၍ သင်ကြားပေးမှာဖြစ်ပြီး လိုင်စင် အသိအမှတ်ပြု ဆိုတာထက် certificate လက်မှတ်အခြေခံတဲ့ သင်တန်း တစ်ခုသာဖြစ်ပါတယ်။ သင်တန်းသားများသည် သီးခြားအခြေအနေများအတွင်း တီထွင်ဖန်တီးမှုကုထုံးများကို ကျင့်သုံးရာတွင် နားလည်သဘောပေါက်ပြီး အသုံးပြုနိုင်မည့် နည်းလမ်းများကို ရရှိမှာဖြစ်သော်လည်း ဤပရိုဂရမ်မှတစ်ဆင့် တရားဝင်ကုထုံးအသိအမှတ်ပြုလက်မှတ်ကို မရရှိနိုင်ပါ။

Academy of Care ၏ အသိအမှတ်ပြုလက်မှတ်အခြေခံ  Train-to-Facilitate သင်တန်း အစီအစဉ်ကို ပြီးမြောက်ခြင်းဖြင့် ဘာတွေ ရရှိနိုင်မလဲ။
ပရိုဂရမ်ကို ပြီးမြောက်ခြင်းဖြင့်၊ သင့်အနေဖြင့် အနုပညာ သို့မဟုတ် ဂီတနှင့် ဒရာမာကုထုံးဆိုင်ရာ နည်းပညာများ၏ သီအိုရီနှင့် လက်တွေ့ကဏ္ဍနှစ်ခုစလုံးတွင် ကျွမ်းကျင်မှုကို ရရှိမှာဖြစ်ပါတယ်။
ဤသင်တန်းသည် မတူကွဲပြားသောအုပ်စုအဖွဲ့များ၊လူတစ်ဦးချင်းစီနှင့် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတို့တွင် စိတ်ဒဏ်ရာပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုအပိုင်းတို့ နှင့် လူမှုရေးဆိုင်ရာအကြောင်းအရာများတွင် သင့်ရဲ့ပါဝင်ကူညီမှု အပိုင်းမှာ အကျိုးသက်ရောက်မှုရှိစေမှု ပိုမိုတိုးတက်လာစေပြီး ကျွမ်းကျင်မှုတတ်မြောက်မှုများကို ထိထိရောက်ရောက်အသုံးချနိုင်လာစေမှာဖြစ်ပါတယ်။

ရရှိနိုင်မယ့် အကျိုးရလဒ်များအနေဖြင့်
လက်တွေ့အတွေ့အကြုံတွေနဲ့ AoCA ကွန်ယက်သို့ ဝင်ရောက်ခွင့်တို့ ပါဝင်ပါတယ်။ သင်တန်းသားများအနေဖြင့် မိမိဒေသတွင်း ဦးဆောင်ဆောင်ရွက်သူများ ကွန်ယက်တစ်ခုကိုဖွဲ့စည်းပြီး မိမိတို့ကိုယ်ပိုင်ဦးဆောင်လုပ်ဆောင်မှု ပရောဂျက်များအတွက် မျိုးစေ့ရန်ပုံငွေအတွက်ကိုလည်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
မျိုးစေ့ထောက်ပံ့ကြေးရရှိသူများသည် mentorship နှင့် peer supervision တို့ စတဲ့ အခွင့်အရေးတို့ကို ရရှိအုံးမှာဖြစ်ပါတယ်။ သင်တန်းသားများအနေဖြင့် ဒရာမာကုထုံး လေ့ကျင့်မှုသင်တန်း နှစ်ပတ်တာ ပြီးဆုံးပါက သီရိလင်္ကာနိုင်ငံ၊ ပြဇာတ်ကုထုံးသုတေသနဌာနမှ ချီးမြှင့်သည့် လက်မှတ်ကိုလည်းရရှိမှာဖြစ်ပါတယ်။

သင်တန်းအပတ်စဥ် ၂ (မေလမှ ဇူလိုင်လ ၂၀၂၄) အတွက် အထူးဖော်ပြချက်များအနေဖြင့်
သင်တန်းအပတ်စဥ် ၂ တွင် အတွေ့အကြုံရင့် စိတ်ရောဂါကုဆရာဝန် ရှစ်ဦးမှ ဦးဆောင်ကာ အတွေ့အကြုံရှိ စင်ကာပူ၊ ဂျာမနီ၊ အစ္စရေး၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံတကာ အနုပညာ၊ ဂီတနှင့် ဒရာမာ ကုထုံးပညာရှင်များဖြင့် ဦးဆော သင်ကြားပေးခဲ့ပါသည်။ နယ်ပယ်အသီးသီးက ပါဝင်ပံ့ပို့ပေးခဲ့ကြတဲ့ အတတ်ပညာရှင်များက ဖန်တီးမှုကုထုံးများဆိုင်ရာ အတွေးအမြင် အတွေ့အကြုံများ ကျယ်ပြန့်ပြီး ပြည့်စုံကြွယ်ဝတဲ့ အမြင်သစ်တွေကို ဝေမျှပေးခဲ့ကြပါတယ်။

သင်တန်းအပတ်စဥ် ၃ ရဲ့ အထူးဖော်ပြချက် အနေဖြင့်
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့၊ ၁၀ အောက်တိုဘာလ ၂၀၂၄

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ရက်သတ္တပတ်အတွင်းတွင် AoC မှ ဒို့လှေနှင့် အတူ  နိုင်ငံတကာမှ လေးစားအပ်သော ကုထုံးပညာရှင်များနှင့် ပူးပေါင်းကာ လူထုဟောပြောပွဲများနှင့် အစီအစဉ်များစွာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

သင်တန်းအပတ်စဥ် ၃ မှ ပါဝင်သူများသည် ဤပွဲများအတွင်း ပွဲတက်ရောက်သူ ဧည့်သည် များနှင့် တွေ့ဆုံပြီး ကျောင်းသားဟောင်းများနှင့်အတူ မိမိတို့ရဲ့ လက်ဆင့်ကမ်း အတွေ့အကြုံဝေမျှခြင်း တို့ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဤနှစ်လတာအစီအစဉ်သည် သင်တန်းသားအချို့အတွက်  အပြည့်အဝ ပံ့ပိုးပေးမယ့် ပညာသင်ဆုများ ပါဝင်ပါတယ်။ လျှောက်ထားသူအားလုံး အနေဖြင့် ပညာသင်ဆုရရှိမည်မဟုတ်ကြောင်း သတိပြုပေးပါ။ လျှောက်လွှာစံနှုန်းပေါ်မူတည်၍ ရွေးချယ်ခံရသူများကိုသာ ပညာသင်ဆု ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

 

အစီအစဉ် အချိန်ဇယား
၂၀၂၄ ခုနှစ် စက်တင်ဘာလ တတိယအပတ် မှ နိုဝင်ဘာလ စတုတ္ထအပတ်
ပရိုဂရမ်သည် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

1) ကနဦး အစီအစဉ်
စိတ်ကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာရရှိမှုဆိုင်ရာ စောင့်ရှောက်မှုဆိုင်ရာ  အခြေခံ အသိပညာပေးမှုကို ၃ ရက်ကြာ သင်ကြားမှာဖြစ်ပါတယ်။

2) Creative Expressive Therapeutic Intervention and Facilitation Workshops
နိုင်ငံတကာ ကုထုံးပညာရှင်များနှင့် အတွေ့အကြုံရှိ သင်တန်းဆရာများဦးဆောင်ပြီး ဒရာမာကုထုံး၊ အနုပညာကုထုံးနှင့် ဂီတကုထုံးဆိုင်ရာ အထူးပြုသင်တန်း များကို နှစ်ပတ်တာ သင်ကြားမှု ပုံစံမျိုးဖြင့် စုစုပေါင်း လေးပတ်ကြာ ပြုလုပ်မည်ဖြစ်ပါသည်။
ဤ အပိုင်းတွင် နှီးနှောဖလှယ်ပွဲများ၊ အပြန်အလှန်အကျိုးပြုသော အလုပ်ရုံဆွေးနွေးပွဲများနှင့် အချင်းချင်းလက်တွေ့ အကြံပေးလုပ်ဆောင်မှုများ ပါဝင်မှာဖြစ်ပါတယ်။ သင်တန်းသားများသည် ၎င်းတို့၏ အတွေ့အကြုံနှင့် စိတ်ဝင်စားမှုများအပေါ် အခြေခံ၍ အနုပညာကုထုံး သို့မဟုတ် ဂီတကုထုံးတွင် ၎င်းတို့၏ အထူးပြုဘာသာရပ်ကို ရွေးချယ်လျှောက်ထားနိုင်ခွင့်ရှိပါတယ်။  ထို့အပြင် သင်တန်းသားများအားလုံးအတိုင်းအတာဖြင့် ပြဇာတ်ကုထုံး နှစ်ပတ် သင်တန်းကို လက်ခံသင်ကြားရမှာဖြစ်ပါတယ်။

3) Proposal ရေးသားဖန်တီးမှု သင်တန်း
ဤအဆင့်သည် seed funding ရန်ပုံငွေဆိုင်ရာ အစပျိုးမှုများအတွက် အဆိုပြုချက်များကို ရေးဆွဲပြင်ဆင်နိုင်ဖို့ရန်အတွက် ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ သင်တန်းသားများအား မိမိနယ်ပယ်သို့ပြန်သွားသည့်အခါ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း ဆောင်ရွက်သွားမည့် အကျိုးပြု အစီအစဉ်များအတွက် တီထွင်ဖန်တီးမှုကုထုံးနည်းလမ်းများထဲမှ တစ်ခု သို့မဟုတ် နှစ်ခုကို အသုံးပြု၍ ၎င်းတို့၏ ကိုယ်ပိုင်ရှေ့ပြေးအဆင့်ပရောဂျက်များကို စတင်ရန် လမ်းညွှန်ပေးဖို့ရန် အတွက်ဖြစ်ပါတယ်။

4) Peer supervision ကို အလေးပေးတဲ့ Practice base week
နောက်ဆုံးအဆင့်တွင် သင်တန်းသားများသည် အချင်းချင်း ၎င်းတို့သင်ယူခဲ့သော တီထွင်ဖန်တီးမှုကုထုံးဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းပညာများကို မျှဝေလေ့ကျင့်ပေးနိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

မျိုးစေ့ရန်ပုံငွေ
မျိုးစေ့ရန်ပုံငွေပရိုဂရမ်သည် AoC ၏ပါဝင်သူများကို ၎င်းတို့၏ကိုယ်ပိုင်အစပျိုးမှုများကို အကောင်အထည်ဖော်ရန်နှင့် အကောင်အထည်ဖော်ရန်အတွက် ငွေကြေးပံ့ပိုးပေးပါသည်။ ဤပရောဂျက်များသည် သင်တန်းကာလအတွင်း ရရှိလာသော အသိပညာနှင့် ကျွမ်းကျင်မှုများကို ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းအတွင်း အလုပ်ရုံဆွေးနွေးပွဲများနှင့် အသိပညာပေးသင်တန်းများမှတစ်ဆင့် ဖြန့်ဝေရန် ရည်ရွယ်သင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ ပရိုဂရမ်သည် ပိုမိုကျယ်ပြန့်သော ပရိသတ်နှင့် မတူကွဲပြားသော အသိုက်အဝန်းများသို့ အနုပညာ၊ ဂီတနှင့် ဒရာမာကုထုံးဆိုင်ရာ စွက်ဖက်မှုနည်းပညာများနှင့် အနီးကပ်ချိတ်ဆက်ထားသော စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှု၏ အကျိုးကျေးဇူးများကို ဖြန့်ဝေပေးသည့် အကျိုးသက်ရောက်မှုကို ဖန်တီးစေဖို့ရန်ဖြစ်ပါတယ်။

ပညာသင်ဆုတွင် ဘာတွေပါဝင်မလဲ။

Academy of Care အနေနဲ့ သင်တန်းသားအချို့ကို ပံ့ပိုးနိုင်ရန် ပညာသင်ဆုများ ထားရှိထားပါတယ်။
  • ပညာသင်ဆုတစ်ခုတွင် နေရာထိုင်ခင်းနှင့် ခရီးစရိတ်များ (ရန်ကုန်ပြင်ပမှ လာသူများအတွက် စားသောက်စရိတ်စသည့် နေ့စဥ်နေထိုင်စရိတ်) ပါဝင်ပါတယ်။
  • လက်ရှိလစာဖြင့်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော သူများအနေဖြင့်  ပညာသင်ဆုလျှောက်ထားခွင့်မရှိပါ။
  • လစာခွင့်ဖြင့်ဖြစ်စေ လစာမဲ့ခွင့်ဖြင့်ဖြစ်စေ လာရောက်တက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့် သင်တန်းလျှောက်ထားရာတွင် မိမိ လုပ်ငန်းအဖွဲ့အစည်း လုပ်ငန်းရှင် အထက်လူကြီးထံမှ အချိန်ပြည့်တက်ရောက်ခွင့်ပေးသည့် ခွင့်ပြုချက်နှင့် ထောက်ခံစာတင်ပြရန်လိုအပ်သည်ကိုသတိပြုပေးပါရန်။
  • အလုပ်ရှင်က လျှောက်ထားသူအား လစာမဲ့ခွင့် ဖြင့် တက်ရောက်စေပါက ထို သင်တန်းလျှောက်ထားသူ အနေဖြင့် ပညာသင်ဆု တစ်စိတ်တစ်ပိုင်း ရရှိရန် လျှောက်ထားနိုင်ပါတယ်။
  • လျှောက်ထားသူတွင် အလုပ်အကိုင်နှင့် ငွေကြေးအခက်အခဲကြုံတွေ့နေရပါက ပညာသင်ဆုလျှောက်ထားနိုင်သည်။
လျှောက်လွှာသတ်မှတ်ချက်
  • စိတ်ကျန်းမာရေး၊ စိတ်ပညာ၊ ဆွေးနွေးအကြံပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ပညာရေးနယ်ပယ်တွင် အနည်းဆုံး နှစ်နှစ်အတွေ့အကြုံရှိသူများ လျှောက်ထားဖို့ရန် တိုက်တွန်းလိုပါတယ်။ဤအတွေ့အကြုံသည် အထူးသဖြင့် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအခြေအနေများအတွင်း စေတနာ့ဝန်ထမ်းအလုပ်၊ ရပ်ရွာလူထုပါဝင်မှု၊ ပညာရေးဆိုင်ရာ လိုက်စားမှုများနှင့် လက်တွေ့အတွေ့အကြုံများကို ရည်ရွယ်ပါတယ်။
  • တီထွင်ဖန်တီးမှုနယ်ပယ်အတွင်း - အနုပညာ၊ ပြဇာတ်အက သို့မဟုတ် ဖျော်ဖြေတင်ဆက်မှု သို့မဟုတ် ဂီတနောက်ခံ၊ အတွေ့အကြုံရှိသောသူများကိုလည်း လျှောက်ထားကြဖို့ တိုက်တွန်းပါတယ်။ ဂီတကုထုံးအထူးပြု တက်ရောက်ခွင့်ရရန် ဂီတနှင့်ပတ်သက်သည့် ဗဟုသုတ အတွေ့အကြုံအနည်းငယ်လိုအပ်ပါတယ်။
  • AOC အနေဖြင့် ပဋိပက္ခဖြစ်ပွားရာနေရာများအပါအဝင် မတူကွဲပြားသောအုပ်စုများကို ပံ့ပိုးပေးနေသော၊ ခက်ခဲ့တဲ့ နေရာဒေသ ရပ်ရွာများနှင့်နယ်ပယ်တွင် အလုပ်လုပ်နေသောသူများ၊ လူမှုအသိပညာပေးခြင်း၊ ရပ်ရွာအလုပ်၊ သို့မဟုတ် စေတနာအလုပ်တွင် ပါဝင်ပတ်သက်သူများအပြင် ဤနယ်ပယ်များတွင် လေ့လာဖူးသူ သို့မဟုတ် ပရော်ဖက်ရှင်နယ်လုပ်ကိုင်နေသူများလည်း လျှောက်ထားကြဖို့ တိုက်တွန်းလိုပါတယ်။
  • ထို့အပြင်၊ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ သို့မဟုတ် စိတ်ဒဏ်ရာများကို ကိုယ်တိုင်ကိုယ်ကျ  ကျော်လွှားအောင်မြင် ခဲ့ကြသူများ အနေဖြင့် မိမိတို့ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ သို့မဟုတ် စိတ်ဒဏ်ရာအတွေ့အကြုံနဲ့ စိတ်ဓာတ်ခွန်အား တို့ကို ပြန်လည် မျှဝေပြီး သင်ပြပေးသူတစ်ယောက်အဖြစ် ဆောင်ရွက်လိုသူတို့ရဲ့ လျှောက်လွှာများကိုလည်း ကြိုဆိုပါတယ်။
လျှောက်လွှာလိုအပ်ချက်များ

လျှောက်ထားဖို့ စိတ်ဝင်စားပါက _ ဤနေရာတွင် လျှောက်လွှာ တင်သွင်းရန် ပေးထားသော လျှောက်လွှာပုံစံ ကို ဖြည့်ပါ။

လျှောက်လွှာတွင် အောက်ပါတို့ ပါဝင်ရမည်။
  • Motivation Letter - အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာဖြင့် စကားလုံးအရေအတွက် ၅၀၀/၈၀၀။
  • CV: ပညာရေးနှင့် ပရော်ဖက်ရှင်နယ် အတွေ့အကြုံ စသည်ဖြင့်။ သက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ သို့မဟုတ် ယခင်အလုပ်ပရောဂျက်များ၊ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အတွေ့အကြုံ သို့မဟုတ် လက်တွေ့ အတွေ့အကြုံ ကို ကိုးကားဖော်ပြ ထားသောစာရွက်စာတမ်းများ။
  • Recommendation letter - မိမိ လုပ်ငန်းအတွေ့အကြုံအတွက် ထောက်ခံပေးမည့် recommendation letter တစ်စောင်၊ သို့မဟုတ် ထောက်ခံပေးနိုင်သူ တစ်ဦး သို့မဟုတ် နှစ်ဦးအတွက် ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များကို ဖော်ပြပေးပါ။
  • အကယ်၍ မိမိသည်  ဝန်ထမ်းဖြစ်ပါက ပရိုဂရမ်ကာလ တစ်ခုလုံးအတွက် ခွင့်ရက်ပေးမည်ဖြစ်ကြောင်း အတည်ပြုကြောင်း အလုပ်ရှင်ထံမှ ခွင့်ပြုချက်စာစောင် တင်ပြပေးပါရန်။ အခြားတာဝန်ဝတ္တရားများမပါဘဲ နှစ်လလုံးလုံး သင်တန်းတက်ရောက်နိုင်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုပေးဖို့ လိုအပ်ပါတယ်။  မိမိအလုပ်ရှင်မှ သိလိုသော မေးခွန်းများရှိပါက၊ AoC သို့ မလျှောက်ထားခင် ကြိုတင်ဆက်သွယ်နိုင်ပါတယ်။
ဘယ်သူတွေ လျှောက်ထားနိုင်မလဲ။ (M/F/D)

စိတ်ဝင်စားလျှောက်ထာလိုသူအားလုံးပါဝင်လျှောက်ထားကြဖို့အတွက်ကို အားပေးပြီး ခွဲခြားဆက်ဆံမှုပုံစံအားလုံးကို ဆန့်ကျင်ပါတယ်။အထူးသဖြင့် အရင်းအမြစ်များကို လက်လှမ်းမီနိုင်မှုအားနည်းပြီး စွမ်းရည်မြှင့်တင်မှု သင်ကြားပေးရေး အပိုင်းများတွင် အကန့်အသတ်ရှိသော ဒေသများ၊ ရန်ကုန်ပြင်ပဒေသများမှ  တစ်ဦးချင်းစီအား လျှောက်ထားကြရန် တိုက်တွန်းပါတယ်။

AoC အနေဖြင့် ပရိုဂရမ်တွင် အချိန်ပြည့်တက်ရောက်နိုင်ပြီး ကျွမ်းကျင်မှုနှင့် အသိပညာအသစ်များကို ရယူလိုသော စိတ်အားထက်သန်ကြပြီး မိမိ တတ် ကျွမ်းသည်များကို မျှဝေလိုသောဆန္ဒရှိသူများကို ရှာဖွေနေတာဖြစ်ပါတယ်။ ၎င်းတို့အနေဖြင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်အပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများရှိရန် စိတ်အားထက်သန်ကာ  လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ရန်အသင့်ရှိနေပြီး မတူကွဲပြားသော လူမှုယဉ်ကျေးမှုလိုအပ်ချက်များကို လေးနက်စွာ နားလည်သဘောပေါက်ထားသူများဖြစ်ရပါမယ်။ မိမိတို့ နေထိုင်ရာ နယ်ပယ်သို့ ပြန်လည် သွားရောက်လိုပြီး နိုင်ငံအတွင်း လိုအပ်နေသူများကို ပံ့ပိုးကူညီလိုသော လူတစ်ဦးချင်းစီအား အထူးရည်ရွယ်ပါတယ်။

မှတ်သားရန်
Academy of Care ဟာ မိမိတစ်ကိုယ်ရည်စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို ရှာဖွေနေသူများအတွက် ရည်ရွယ်တာမဟုတ်ဘဲ စိတ်ဒဏ်ရာ၊ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကြုံတွေ့နေရသည့် လူတစ်ဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းများကို ထိရောက်စွာပံ့ပိုးပေးနိုင်သူများအတွက် ရည်ရွယ်ပါတယ်။

အင်္ဂလိပ်စာ တတ်ကျွမ်းပါက ပို၍အဆင်ပြေသော်လည်း အဓိကလိုအပ်ချက်တော့ မဟုတ်ပါ။ ဘာသာစကားအကူအညီအတွက် သင်တန်းကာလအတွင်း စကားပြန် ထားရှိမှာဖြစ်ပါတယ်။

အချိန်ဇယား
  • လျှောက်လွှာများပေးပို့ရန်  နောက်ဆုံးရက်- တနင်္ဂနွေ၊ ဩဂုတ်လ ၁၁ ရက် ၂၀၂၄ ခုနှစ်
  • ရွေးချယ်ရေးလုပ်ငန်းစဉ်ရက်စွဲ- သြဂုတ်လ ၁၂ မှ ၁၄ ရက် ၂၀၂၄ ခုနှစ်
  • ဆန်ခါတင်စာရင်းဝင်သူများအား အသိပေးချက်- သြဂုတ်လ ၁၅ ရက် ၂၀၂၄ ခုနှစ်
  • ပထမအကြိမ်အင်တာဗျူးများ- သြဂုတ်လ ၂၀ မှ ၂၃ ရက် ၂၀၂၄ ခုနှစ်
  • ဒုတိယအကြိမ် အင်တာဗျူး- သြဂုတ်လ ၂၆ နှင့် ၂၇ ရက် ၂၀၂၄ ခုနှစ် (အဖွဲ့လိုက်အင်တာဗျူး)
  • ရလဒ်ကြေငြာချက်- စက်တင်ဘာလ ၂ ရက် ၂၀၂၄ ခုနှစ်
Online Orientation
လျှောက်လွှာအတွက် ပြင်ဆင်ရာတွင် အကူအညီဖြစ်စေရန် မြန်မာဘာသာစကားဖြင့် အွန်လိုင်း orientation အစီအစဉ်များရှိပါမယ်။
AOC ပရိုဂရမ်နှင့်ပတ်သက်သည့် သိလိုသော မေးခွန်းအားလုံးကို ဖြေကြားပေးမှာဖြစ်ပါတယ်။
  • ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက် ကြာသပတေးနေ့ ၁၆:၀၀ မှ ၁၇:၀၀ - အင်္ဂါနေ့၊ ဇူလိုင်လ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းပါရန်။
  • ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက် ကြာသပတေး၊ ၁၆:၀၀ မှ ၁၇:၀၀ - အင်္ဂါနေ့၊ ဇူလိုင်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းပါရန်။
  • ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ ကြာသပတေး၊ ၁၆း၀၀ မှ ၁၇း၀၀ - အင်္ဂါနေ့၊ သြဂုတ် ၆ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းပါရန်။
academyofcare.yangon@goethe.de သို့ အီးမေးလ်ပေးပို့ စာရင်းပေးသွင်းပါရန်။

Academy of Care ကို Goethe-Institut Myanmar နှင့် နယ်သာလန်နိုင်ငံသံရုံးတို့မှ ရန်ပုံငွေဖြင့် ပံ့ပိုးထားပါသည်။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက