မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်တာနဲ့အညီ Goethe-Institut မြန်မာမှာလည်း ရှေ့နှစ်များနည်းတူ International Women’s Day ကို ကြိုဆိုသော အစီအစဉ်များကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာအမျိုးသမီးများနေ့ ကျရောက်ရာ မတ်လ တစ်လလုံးကို IWD week အဖြစ်သတ်မှတ်ပြီး အပတ်စဉ်မတူညီတဲ့ အစီအစဉ်များကို မတူညီတဲ့ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ယခုနှစ်မှာ ပြုလုပ်သွားရန်ရှိပါတယ်။
A Multi-Disciplinary Workshop
ပွဲဦးထွက် အစီအစဉ်တစ်ရပ်အနေနဲ့ Goethe-Institut မြန်မာရဲ့ မိတ်ဖက်များဖြစ်ကြတဲ့ Purple Feminist အဖွဲ့၊ ကဗျာဆရာ၊ စာရေးဆရာ၊ performance artist လည်းဖြစ်သူ မောင်ဒေးတို့နဲ့ အတူ စာပေနဲ့ performance art ကို ပေါင်းစပ်ဖန်တီးမည့် အလုပ်ရုံတစ်ရပ်ကိုကျင်းပြုလုပ်သွားမှာဖြစ်ပါတယ်။
အလုပ်ရုံအပြီးမှာတော့ ပါ၀င်ခဲ့သူအားလုံးပူးပေါင်းပြီး public performance အစီအစဉ်တစ်ရပ်ကို Goethe-Institut မြန်မာရဲ့ ပြပွဲခန်းမမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အလုပ်ရုံနဲ့ ပတ်သက်သည့်အသေးစိတ်များကို အောက်ပါ link အတိုင်း၀င်ရောက်ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။
အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အားပေးထောက်ခံရင်း IWD 25 ရဲ့ အစီအစဉ်များကို ကျွန်ုပ်တို့ ၏ လူမှုကွန်ယက်စာမျက်နှာများစောင့်ကြည့်သွားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။