အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Mindfulness and Expressive Art for Children & Youth© Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှဝေ တွဲလက်တွေ (ဒုတိယပိုင်း)
Mindfulness and Expressive Art for Children & Youth (Part 2)

ကလေးများနဲ့လူငယ်များကို "ထင်ဟပ်မျှ၀ေ တွဲလက်၀ေ" (ဒုတိယပိုင်း) အစီအစဉ်ရဲ့ ပဉ္စမမြောက်အပိုင်းလေးဖြစ်တဲ့ "Mindfulness and Expressive Art for Children & Youth (Part 2)" မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်လေးကတော့ စိတ်တည်ငြိမ်စေမယ့် နည်းလမ်းလေးတွေကို မတူညီတဲ့လေ့ကျင့်ခန်းလေးတွေနဲ့ လုပ်ဆောင်ကြမယ်၊ ကလေးများနဲ့ ဆယ်ကျော်သက်လေးတွေရဲ့ စိတ်ထဲက၊ နေ့စဉ်ဘဝထဲက တင်းကြပ်မှုတွေ၊ စိတ်ပူပန်မှုတွေကို ဖြေလျော့နိုင်စေဖို့ အထောက်အကူပြုမယ့် ထုတ်ဖော်ပြသမှုတွေကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် မိမိရဲ့အတွေးတွေ၊ စိတ်ခံစားချက်တွေနဲ့ အပြုအမူတွေကို ပိုမိုခံစားနားလည်တတ်လာမှာပဲဖြစ်ပါတယ်။ အနုပညာကြားခံနယ်မှတစ်ဆင့် အရာ၀တ္ထုများကို ပုံဖော်ခြင်းဖြင့် သူတို့ရဲ့အတွင်းစိတ်မှာ ဖြစ်ပေါ်နေတဲ့အရာတွေကို ထင်ဟပ်သိမြင်လာခြင်း၊ စိတ်တည်ငြိမ်လာခြင်းတို့အပြင် မိမိကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာနဲ့ ပြသနာတစ်စုံတစ်ရာရှိလာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပိုမိုသိမြင်လာမှာပဲဖြစ်ပါတယ်။

စာရင်းပေးသွင်းသည့်အခါတွင် ပါဝင်သူများသည် အမည်၊ အသက်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ ဝါသနာနှင့် ယခုအစီအစဉ်မျိုးတွင် ပါဝင်တက်ရောက်ဖူးခြင်းရှိ/မရှိကို ထည့်သွင်းရေးသားပြီး ပေးပို့ရန် တောင်းဆိုခဲ့ပါတယ်။ ထိုင်ခုံအရေအတွက် ကန့်သတ်ထားသောကြောင့် မိမိတို့ နှစ်သက်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမည့်ရက်ကို ရွေးချယ်ရပြီး၊ အသက်အရွယ်အလိုက် အုပ်စု (၂) စုခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအလုပ်အရုံဆွေးနွေးပွဲမှာတော့ သင်ယူမှုအသစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ ပျော်ရွှင်စရာကောင်းတဲ့လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

  • Mindfulness and Expressive Art for Children & Youth (Part 2) © Goethe-Institut Myanmar