အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Stress Management Sessions - An Introduction to YES!+ Workshop© Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှဝေ တွဲလက်တွေ (ဒုတိယပိုင်း)
Stress Management Sessions - An Introduction to YES!+ Workshop

"Stress Management Sessions - An Introduction to YES!+ Workshop" ကို အိန္ဒိယသံရုံးရဲ့ "Swami Vivekananda Cultural Center" နဲ့ အတူ ပူးပေါင်းစီစဉ်ခဲ့ပြီး၊ ဒီအစီအစဉ်ဟာ Goethe-Institut မြန်မာကနေ ဦးဆောင်ပြုလုပ်ခဲ့တဲ့ "ထင်ဟပ်မျှ၀ေ တွဲလက်တွေ" (ဒုတိယပိုင်း) အစီအစဉ်ရဲ့ စတုတ္ထမြောက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ဖြစ်ပါတယ်။

ဘ၀ကိုအကောင်းဆုံးနေထိုင်ဖြတ်သန်းဖို့အတွက်ဆိုရင် ကျွန်ုပ်တို့ရဲ့စွမ်းအင်တွေကိုမြှင့်တင်ဖို့၊ ရှိထားပြီးသားစွမ်းအင်တွေကို ထိန်းထားဖို့နဲ့ ကျွန်ုပ်တို့ဘ၀ရဲ့အချိန်တွေကို ကောင်းစွာစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ ဘ၀ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေထိုင်ရှင်သန်ရင်း ဘယ်လိုအကျိုးရှိရှိနဲ့ စွမ်းအင်ပြည့်ဖြတ်သန်းရမယ်ဆိုတာကို ဒီအလုပ်ရုံဆွေးနွေးပွဲကနေ ပြသပေးခဲ့တာပဲ ဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း စွမ်းအင်မြှင့်တင်ပေးမယ့် အသက်ရှူနည်းစနစ်တွေ၊ ယောဂလုပ်ငန်းစဉ်တွေ၊ တရားထိုင်ခြင်းနဲ့ ၊ နေ့စဉ်ကြုံတွေ့နေရတဲ့စိတ်ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူတဲ့နည်းလမ်းအချို့ကို လေ့လာသင်ယူခဲ့ကြပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ -
* “Yogic Coffee” အသက်ရှူနည်းလမ်းနဲ့ စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်စေဖို့
* အကြောက်တရားနဲ့ စိုးရိမ်စိတ်တွေကို ‘စိတ်ရဲ့လားရာသုံးရပ်အဖြစ်’ ထဲထဲ၀င်၀င်ကိုင်တွယ်နိုင်စေဖို့
* လက်တွေ့ပြသပေးမှုနဲ့အတူ ၁၅ မိနစ်စာတရားထိုင်ရင်း ပစ္စုပ္ပန်ကိုသုံးသပ်နိုင်စေဖို့
* “Art of living” ရဲ့ကမ္ဘာ့အသိအမှတ်ပြုအသက်ရှူနည်းစနစ် “Sudarshan Kriya™” ကိုစတင်မိတ်ဆက်လေ့လာနိုင်စေဖို့
- အချိန်တိုအတွင်းမှာလက်တွေ့ကျကျနည်းလမ်းပြမှုတွေနဲ့ စိတ်ဖိစီးမှုတွေကိုအ၀ေးကိုဖယ်ထုတ်နိုင်စေဖို့ကို ညွန်ကြားပြသပေးခဲ့ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို အိန္ဒိယသံရုံး (ရန်ကုန်)က နည်းပြဆရာဖြစ်သူ Mr. Ritam Khan က ဦးဆောင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း မည်သူမဆို ဒီအလုပ်ရုံဆွေးနွေးပွဲကို အခမဲ့ ပါ၀င်တက်ရောက်နိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ 

  • Stress Management Sessions – An Introduction to YES!+ Workshop © Goethe-Institut Myanmar
    Stress Management Sessions – An Introduction to YES!+ Workshop
  • Stress Management Sessions – An Introduction to YES!+ Workshop © Goethe-Institut Myanmar
    Stress Management Sessions – An Introduction to YES!+ Workshop