Goethe-Zertifikat B2
Goethe-Zertifikat B2 စာမေးပွဲသည် ဆယ်ကျော်သက်လူငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကား စာမေးပွဲတစ်ခု ဖြစ်ပါသည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် စတုတ္ထမြောက်အဆင့်ဖြစ်သည့် B2 နှင့် ညီမျှပြီး အသင်သည် ဂျာမန်ဘာသာစကားကို အတော်အသင့် ကျွမ်းကျင်နေပြီဖြစ်ကြောင်း ဤစာမေးပွဲက အတည်ပြုထောက်ခံပေးပါသည်။
စာမေးပွဲဖြေဆိုအောင်မြင်ပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။
- ပို၍တိကျသေချာပြီး ရှုပ်ထွေးသော အကြောင်းအရာအများအကြောင်း ရေးသားထားသည့် စာများ၏ အဓိကဆိုလိုရင်းကို နားလည်နိုင်ခြင်း၊ မိမိနှင့် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးချက်များကို နားလည်နိုင်ခြင်း။
- ဂျာမန်လူမျိုးများနှင့် စကားပြောဆိုရာတွင် နှစ်ဦးနှစ်ဘက်လုံးအတွက် ကြီးမားသည့်အခက်အခဲများ (သို့) နားလည်မှုလွဲခြင်းများမဖြစ်စေဘဲ အဆင်ပြေချောမွေ့စွာ နားလည်ပြောဆိုနိုင်ခြင်း။
- ကျယ်ပြန်သည့် အကြောင်းအရာများနှင့် ခေါင်းစဥ်များအကြောင်းကို ပြောဆိုရာတွင် ရှင်းရှင်းလင်းလင်းနှင့် အသေးစိတ်ကျကျ ပြောဆိုနိုင်ခြင်း။ အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ မိမိ၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုနိုင်ပြီး ဖြစ်နိုင်ချေရှိသည့် ကောင်းကျိုးဆိုးပြစ်များကို တင်ပြနိုင်ခြင်း။