Goethe-Zertifikat C1
Goethe-Zertifikat C1 စာမေးပွဲသည် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ပဉ္စမမြောက်အဆင့်ဖြစ်သည့် C1 နှင့် ညီမျှပြီး အသင်သည် ဂျာမန်ဘာသာစကားကို အလွန်ကျွမ်းကျင်အဆင့်အထိ ဘာသာစကားစွမ်းရည်များရှိကြောင်း ဤစာမေးပွဲက အတည်ပြုထောက်ခံပေးပါသည်။
စာမေးပွဲဖြေဆိုအောင်မြင်ပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။
- ခက်ခဲ၊ ရှည်လျားပြီး သွယ်၀ိုက်သော အဓိပ္ပါယ်များပါဝင်သည့် စာအများအပြားကို နားလည်သဘောပေါက်နိုင်ခြင်း။
- ဘာသာစကားပြောဆိုသုံးနှုံးရာတွင် စကားလုံးများကို စဥ်းစားရှာဖွေနေစရာမလိုဘဲ လျင်မြန်ချောမွေ့စွာ ပြောဆိုသုံးနှုံးနိုင်ခြင်း။
- အလုပ်၊ လူမှုပတ်၀န်းကျင်၊ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုခုသင်ယူရာတွင် သို့မဟုတ် တက္ကသိုလ်ပညာသင်ယူရာတွင် ဘာသာစကားကို အကျိုးဖြစ်ထွန်းစွာဖြင့် အဆင်ပြေချောမွေ့စွာ အသုံးချနိုင်ခြင်း။
- ခက်ခဲရှုပ်ထွေးသည့် အကြောင်းအရာများကို ရှင်းလင်း၊ စနစ်ကျ၊ အသေးစိတ်ကျနစွာ ပြောဆိုနိုင်ခြင်း။
- Goethe-Zertifikats C1 အောင်လက်မှတ်ရှိပါက တက္ကသိုလ်များတွင် ၀င်ခွင့်စာမေးပွဲဖြေဆိုရာ၌ အခြားသော ဘာသာစကားစာမေးပွဲဖြေဆိုရခြင်းမှ ကင်းလွတ်ခွင့်ရှိမရှိနှင့်ပတ်သက်၍ အသင်တက်ရောက်လိုသည့် တက္ကသိုလ် (သို့) Studienkolleg တွင် ကျောင်းစတင်မတက်ရောက်ခင်ကတည်းက ကြိုတင်စုံစမ်းမေးမြန်းထားပါ။