Goethe-Zertifikat C2: GDS
Goethe-Zertifikat C2: Großes Deutsches Sprachdiplom (GDS) စာမေးပွဲသည် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ အသင့်ထံတွင် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် အမြင့်ဆုံးအဆင့်ဖြစ်သည့် C2 အဆင့်၊ အကျွမ်းကျင်ဆုံးအဆင့် ဘာသာစကားစွမ်းရည်များရှိကြောင်း ဤစာမေးပွဲက အတည်ပြုထောက်ခံပေးပါသည်။
စာမေးပွဲဖြေဆိုအောင်မြင်ပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။
- ဂျာမန်ဘာသာစကားနှင့် ကြားသမျှ၊ ဖတ်ရသမျှ မည်သည့်အရာကိုမဆို အခက်အခဲမရှိ နားလည်နိုင်ခြင်း
- ရေးသားထားသည့် (သို့) ပြောဆိုထားသည့် အမျိုးမျိုးသော အကြောင်းအရာများထဲမှ သတင်းအချက်အလက်များကို ထုတ်နုတ်အကျဥ်းချုပ်နိုင်ခြင်း။ ကျိုးကြောင်းသင့်လျော်သည့် အကြောင်းပြချက်များနှင့် ရှင်းလင်းချက်များ ကို အချိတ်အဆက်မိမိစွာဖြင့် ပေးနိုင်ခြင်း။
- လျင်မြန်၊ ချောမွေ့၊ တိကျစွာ ဖော်ထုတ်ပြောဆိုနိုင်ခြင်း။ ခက်ခဲရှုပ်ထွေးသည့် ဘာသာရပ်အကြောင်းအရာများကို ပြေပြစ်သိမ်မွေ့ အသေးစိတ်ကျစွာ၊ တိတိကျကျ ထုတ်ဖော်ပြနိုင်ခြင်း။
ဂျာမနီနိုင်ငံရှိ ပြည်နယ်များတွင် ဤစာမေးပွဲကို ဂျာမန်ဘာသာစကားအား ဆရာ၊ဆရာမအဖြစ် သင်ကြားပို့ချနိုင်သည့် အရည်အချင်းစစ်လက်မှတ်အဖြစ် အသိအမှတ်ပြုထားပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်နယ်များ၏ ပညာရေးနှင့် ယဥ်ကျေးမှု၀န်ကြီးဌာန၊ ဆရာများ လေ့ကျင့်သင်ကြားရေးဌာန၊ ခရိုင်ကောင်စီနှင့် တက္ကသိုလ်ဆီးနိတ်တို့တွင် ရရှိနိုင်ပါသည်။
(၂၀၁၂)ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့မှ စတင်ပြီး Goethe-Zertifikat C2: Großes Deutsches Sprachdiplom အောင်လက်မှတ်သည် Zentrale Oberstufenprüfung (ZOP), Kleines Deutsches Sprachdiplom (KDS), Großes Deutsches Sprachdiplom (GDS) စသည့် စာမေးပွဲသုံးခုကို အစားထိုးနေရာယူထားပါသည်။