“Board Game Friday!” Program “BOARD GAME FRIDAY!”

“BOARD GAME FRIDAY!” ©Goethe-Institut Myanmar

Fr, 26.07.2024

14:00 - 16:00

စာကြည့်တိုက်

ဒီတစ်ခေါက်မှာတော့ ဂျာမန်စကားပြော မြို့တွေကိုလှည့်ပတ်သွားလာရင်း ဗဟုသုတတွေ လေ့လာမယ် ပထဝီဝင်နဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေ ခန့်မှန်းမယ် Grammar ပါတခါထဲလေ့ကျင့်လို့ရတဲ့ ဂိမ်းလေးပါ။

သောကြာနေ့မှာ ပျော်စရာနည်းလမ်းတွေနဲ့ အချိန်ဖြုန်းဖို့ စိတ်ကူးရှိပါသလား။ ဒါဆိုရင်တော့ ကျွန်ုပ်တို့ စာကြည့်တိုက်၏ လစဥ်ကျင်းပတဲ့ Board Game Friday ကိုသာ သတိရလိုက်ပါ။ ဒီတစ်ခေါက်မှာတော့  ဂျာမန်စကားပြော မြို့တွေကိုလှည့်ပတ်သွားလာရင်း ဗဟုသုတတွေ လေ့လာမယ် ပထဝီဝင်နဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေ ခန့်မှန်းမယ် Grammar ပါတခါထဲလေ့ကျင့်လို့ရတဲ့ ဂိမ်းလေးပါ။ အံစာတုံးလှိမ့်ရင်း ကိုယ်ကျတဲ့ နံပါတ်နဲ့အရောင်ပေါ်မူတည်ပြီး ကစားနည်းလေး ပြောင်းမှာမို့ ဂိမ်းတခုထဲကနေ အမျိုးစုံတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုရမှာပါ။

A2 - B 1 Level အတွက်ဖြစ်ပြီး စိတ်ပါ၀င်စားသူများအနေဖြင့် biblio-yangon@goethe.de သို့မဟုတ် 01 9376160 (ext. 301/302) ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ကြိုတင်စာရင်းပေး ဆက်သွယ်နိုင်ပါတယ်။ သူငယ်ချင်းတွေစုပြီး စာတူတူလေ့လာရင်း ပျော်စရာအမှတ်ရစရာ နေ့လေးကို ကျွန်ုပ်တို့ဆီမှာ Board Game ဆော့ရင်း ဖန်တီးလိုက်ပါ။

နောက်သို့ပြန်သွားရန်