အွန်လိုင်းကတ်တလောက်
စာအုပ်ငှားရန်
စာကြည့်တိုက်၏ အွန်လိုင်းကတ်တလောက်အတွက် စာရင်းပေးသွင်းခြင်း
ကျွန်ုပ်တို့ စာကြည့်တိုက်၏ အွန်လိုင်းကတ်တလောက် (OPAC) မှာတော့ သင့်အနေနဲ့ အချိန်မရွေး မီဒီယာတွေကို မွှေနှောက်ရှာဖွေပြီး၊ စာကြည့်တိုက်မှာ လက်ရှိရှိနေတဲ့ စာအုပ်များ၊ စီဒီ ဒီဗွီဒီ များ၊ မဂ္ဂဇင်းများနဲ့၊ အီလက်ထရောနစ်မီဒီယာများကို တစ်နေရာတည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
သင်က စာကြည့်တိုက်အသင်းဝင်တစ်ဦးဖြစ်ပြီးပြီဆိုလျှင်၊ သင့်ကိုယ်ပိုင်အကောင့်နဲ့ အွန်လိုင်းကတ်တလောက်အတွက် စာရင်းသွင်းနိုင်ပါတယ်။ OPAC ကို မိမိကိုယ်တိုင် စိတ်တိုင်းကျ အသုံးပြုနိုင်ခြင်းက အောက်ပါ အကျိုးရလဒ်များကို ရရှိစေမှာပါ။
- သင်ငှားရမ်းထားသည့် မီဒီယာများ၏ သက်တမ်းကုန်ဆုံးရက်ကို ပြသပေးခြင်း
- သင်ငှားရမ်းထားသည့် မီဒီယာများကို သက်တမ်းတိုးခြင်း
- ပေးသွင်းရန် ကျန်ရှိသည့်၊ ပေးသွင်းပြီးဖြစ်သည့် အခကြေးငွေများကို ကြည့်ရှုနိုင်ခြင်း
- စာကြည့်တိုက်၏ လက်ရှိမီဒီယာစာရင်းထဲတွင် ထပ်မံဖြည့်စွက်လိုသည်များကို အကြံပြုနိုင်ခြင်း
- စာကြည့်တိုက်ရှိ မီဒီယာများအကြောင်း မှတ်ချက်ရေးသားနိုင်ခြင်း
- ယခင်က သင်ငှားရမ်းခဲ့သည့် မီဒီယာများကို ပြန်လည်ကြည့်ရှုသိရှိနိုင်ခြင်း
အွန်လိုင်းကတ်တလောက်တွင် စာရင်းပေးသွင်းရန် မည်သည့်အရာများ လိုအပ်ပါသနည်း။
အွန်လိုင်းကတ်တလောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မိမိစိတ်တိုင်းကျ အသုံးပြုနိုင်စေဖို့၊သင့်အနေနဲ့ စာကြည့်တိုက်အသင်းဝင်ဖြစ်ဖို့ လိုအပ်သလို၊ Mein Goethe.de မှာလည်း အခမဲ့ အကောင့်ဖွင့်မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။
မိမိစိတ်တိုင်းကျ အွန်လိုင်းကတ်တလောက်ကို အသုံးပြုဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို လွယ်ကူရိုးရှင်းတဲ့ အဆင့်သုံးဆင့်နှင့် သင့်ကို ပြသသွားမှာ ဖြစ်ပါတယ်။
Log-in ဝင်ခြင်းနှင့် ပတ်သက်ပြီး မေးခွန်း (သို့မဟုတ်) ပြဿနာ တစ်စုံတစ်ရာရှိပါသလား။
ကျွန်ုပ်တို့ကို အချိန်မရွေးဆက်သွယ်လိုက်ပါ။
biblio-yangon@goethe.de
OPAC အသုံးပြုခွင့်အတွက် လျှောက်လွှာ
သင့်ရဲ့ OPAC အသုံးပြုခွင့်ကို ဖွင့်ပေးဖို့အတွက် အောက်ပါအချက်အလက်များကို သင့်ထံမှ လိုအပ်ပါတယ်။ ကျေးဇူးပြုပြီး လျှောက်လွှာကို ဖြည့်ပြီးတဲ့နောက်၊ ပို့မည် ,,Absenden” ကို နှိပ်ပေးပါ။