အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

ကက်ဖ်ကာနှင့် TikTok
ဖရန့်ဇ်ကက်ဖ်ကာကို လူတိုင်း အဘယ်ကြောင့် ဤမျှ စွဲလမ်းရပါသနည်း?

Why is everyone so obsessed with Franz Kafka?
ဖရန့်ဇ်ကက်ဖ်ကာကို လူတိုင်း အဘယ်ကြောင့် ဤမျှ စွဲလမ်းရပါသနည်း? | © Danny Howe / Unsplash

ချက်လူမျိုးစာရေးဆရာကက်ဖ်ကာ ကွယ်လွန်ခဲ့သည်မှာ ရာစုနှစ်တစ်စုနီးပါးရှိပါပြီ။ သို့သော် TikTok နှင့် Twitter တို့တွင် တစ်ခေတ်ဆန်းနေသည်။

ရေးသားသူ​ Serena Smith

ဇာတ်လမ်းကို မဖတ်ရသေးလင့်ကစား၊ သရုပ်ဖော်ပုံကို သင် မြင်ဖူးပြီးသား ဖြစ်မည်။ အိပ်ရာထဲ၌ ပိုးတောင်မာ တစ်ကောင် ပက်လက်ကြီးလန်၍ ရိုးတံငေါငေါခြေလက်တို့က လေထဲ၌ ယက်ကန်ယက်ကန် ဖြစ်နေပုံ။ မူရင်းပုံသည် ဖရန့်ဇ်ကက်ဖ်ကာ၏ The Metamorphosis မှ စိတ်ကူးဖြစ်သည်။ အကယ်၍ သင် အကျွမ်းတဝင် မရှိပါက ၎င်းမှာ ၁၉၁၅ခုနှစ်က ထုတ်ဝေခဲ့သော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပြီး၊ ၊ အဓိကဇာတ်ကောင် Gregor Samsa သည် ရှင်းပြနိုင်ခြင်းမရှိဘဲ ညတွင်းချင်း ပိုးကောင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ မကြာမီ၌ ယင်းဇာတ်လမ်းသည် အနောက်တိုင်းစာပေ၌ နေရာအခိုင်အမာရသွားသည်။ သို့သော် လူငယ်လူရွယ် တစ်သိုက် သည် ကက်ဖ်ကာ၏လက်ရာနှင့် စာပေပေါင်းစုတို့ကို ယခုမှ တွေ့ရှိသွားပုံရသည်။

TikTok ပေါ်တွင် #kafka ကိုကြည့်ရှုသူ သန်း ၁၃၀ကျော်ရှိပြီး၊ he loved Milena လိုမျိုး သူ့ပရိသတ်များက အချစ်ခံလိုကြသည်။ ဤအတွင်း Tumblr ( back in အဖြစ်သိထားကြသော) ပေါ်တွင် ကက်ဖ်ကာ၏ဥပါဒါန် နေ့စဉ်မှတ်တမ်းရေးသားချက်များကို ကိုးကားသော ပို့စ်၌ “အိပ်ဖို့လည်းမဖြစ်နိုင်၊ နိုးထနေဖို့လည်းမဖြစ်နိုင်၊ ဘဝရဲ့ဒဏ်ကိုခံဖို့လည်းမဖြစ်နိုင်” ဟု ရေးသားထားသည်ကိုဖတ်ရသည်။ မှတ်စုထောင်ပေါင်းများစွာကိုလည်း မှတ်တမ်းတင်ထားသည်။ ထိုနည်းတူစွာ X ကို စခရိုးလ်ဆွဲချကြည့်ပါက ပို့စ်ပြန်တင်သည်ဖြစ်စေ၊ “uni life” ဟု တွဲလျက် ပို့စ်တင်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ပိုးတောင်မာ၏ကိုယ်ပေါ်၌ DD tits ကိုတင်၍ “စိတ်ကျန်းမာရေးချိနဲ့သောအမျိုးသမီးတို့ အကြောင်းရေးသားသည့် အမျိုးသားစာရေးဆရာများ” ဟူသော စာတမ်းကို ရေးရေး ပိုးတောင်မာပုံကို ထပ်တလဲလဲပြသသည့်အကြောင်းကိုသာမြင်ရပါမည်။ မကြာသေးမီ ကလည်း ပိုးဟပ်တစ်ကောင်ပမာလုပ်ထားသည့် FKA Twigs ပုံတစ်ပုံကြောင့် လူမည်းမျက်နှာမျိုး မိတ်ကပ် လိမ်းခြင်းနှင့် ပတ်သက်၍ စကားအခြေအတင်ဖြစ်ကြသည်။ သို့သော် လူများစွာတို့နှင့် The Metamorphosis ချိတ်ဆက်မိ သွားသည်။ “သူရောက်နေတာ ကက်ဖ်ကာခေတ်လေ” ဟု တစ်ယောက်က မှတ်ချက်ပေး ရေးသွားသည်။

Dr Dan Hall သည် Warwick တက္ကသိုလ်၌ ဂျာမန်သမိုင်းနှင့် ယဉ်ကျေးမှုကို သင်ပြပေးနေသူဖြစ်ပြီး၊ ကက်ဖ်ကာ အကြောင်းကိုလည်း စိတ်ဝင်စားသည်။ “မော်ဒန်ဘဝဆိုတာ အာဏာပိုင်တွေဆီမှာ နားမလည်နိုင်တဲ့၊ မဖြစ်မနေလိုက်နာမဲ့ စည်းကမ်းတွေနဲ့။ တစ်ဦးချင်းတစ်ယောက်ချင်းဆီတိုင်းဟာ ဖယ်ကျဉ်၊ တသီးတသန့်၊ သီးသီးခြားခြား၊ တစ်ကိုယ်တည်းလိုမျိုးခံစားရတယ်။ အဲဒီလိုခံစားရတဲ့ လူအများကြီး၊ အထူးသဖြင့် လူငယ်တွေ ခံစားရတာတွေကို သူက (ကက်ဖ်ကာ) မကြုံစဖူး အမိအရဖမ်းဆုပ်ပြနိုင်တာပဲ” ဟု ရှင်းလင်းပြသည်။

သိသာထင်ရှားသည့် Gen Z ပုံစံဟာသတစ်မျိုးရှိသည်။ အဆိုးမြင်၊ ကိုးရိုးကားယား၊ ခြောက်သယောင်းယောင်း ဟာသမျိုးဖြစ်ပြီး၊ ကက်ဖ်ကာ၏လက်ရာတော်တော်များများကို နောက်ခံပြုထားသည်။ “အစွန်းရောက် အကြမ်းဖက်ဝါဒဦးထောင်လာတာ၊ လက်ယာယိမ်းလူထုအကျိုးမျှော်ဝါဒ၊ စစ်ပွဲတွေ၊ အာရပ်နွေဦး၊ ကမ္ဘာအနှံ့ ဘဏ္ဍာရေးပြဿနာ၊ လူခြောက်သန်း လောက်သေဆုံးခဲ့တဲ့ ကပ်ရောဂါဆိုး၊ ရာသီဥတုပျက်ဆီးမှု စတာတွေကို ကျွန်ုပ်တို့ ကြုံတွေ့ရ တယ်” ဟု Dr Hall ၏တပည့်တစ်ဦးက အီးမေးလ်မှတစ်ဆင့် ရှင်းပြသည်။ “ဒါကို အဓိပ္ပါယ်ရှိရှိ ပြက်လုံးထုတ် ပြောရရင် ကက်ဖ်ကာရဲ့အိပ်မက်ဆိုးလို့ ပြောရမှာပဲ။ ဒီတော့ ကျွန်ုပ်တို့ရဲ့ပြက်လုံးက သုညဝါဒ ပိုပိုဆန်လာတယ်။ အထူးသဖြင့် The Metamorphosis ထဲမှ Gregor ၏ကိုးရိုးကားရား နိုင်သည့်အခြေအနေအရ ဆိုပါက [...] ကက်ဖ်ကာလို စာရေးဆရာတစ်ဦးသည် [လူငယ်လူရွယ်များ] အတွက် ဘုရားတစ်ဆူလို ဖြစ်နေသည်။ တရင်းတနှီး ရှိပြီးသားလည်းဖြစ်သလို၊ သဘာဝမကျအောင် အလှမ်းဝေးလွန်းလှသည်။” ကျွန်ုပ်တို့ထဲမှအနည်းငယ် သာ ပိုးတောင်မာကောင်တစ်ကောင်အဖြစ် နိုးထလာသလို၊ ကျွန်ုပ်တို့ထဲမှအများကြီးကလည်း နားလည်မှုလွဲခြင်း၊ ပိတ်လှောင်ခံထားရခြင်းနှင့် တစိမ်းတရံဆန်ခြင်းတို့ကို ယခင်ကလို ခံစားနေရသည်။
  ကက်ဖ်ကာ၏လက်ရာများတွင် အားကောင်းသည့်ဆိုရှယ်လစ်ရေစီးကြောင်းစီးဆင်းနေသည့်အချက်မှာ နောက်ထပ် စွဲမက်စရာပင်။ အမှန်တကယ် Gregor က ပိုးကောင်တစ်ကောင်အဖြစ် ရပ်တန့်မနေပေ။ သူ၏အဓိက စိတ်ပူပန်မှုက အလုပ်သို့ အချိန်သိပ်နောက်ကျမှရောက်သည့်အဖြစ်၊ သူ့အလုပ်ရှင်ကို စိတ်ဆိုးစေသည့်အဖြစ်၊ ခရီးသွားလာရသည့် အရောင်းဝန်ထမ်းအဖြစ်မှ အလုပ်ဆုံးရှုံးရမည့်အဖြစ် (ဤအလုပ်ကို သူမုန်းတီးသော်လည်း၊ ငွေကြေးအရ မှီခိုနေရသည်) တို့ဖြစ်သည်။ သူအသွင်ပြောင်းလဲသွားပြီးချိန်ကစ၍ သူ့မိဘများနှင့် ညီမတို့က သူ့ကို ဂရုမစိုက်ကြတော့။ သို့အတွက် မိသားစုအတွက် အဓိကစားဝတ်နေရေးရှာဖွေပေးသူအဖြစ် သူ မဆောင်ရွက်နိုင် တော့ပေ။ ၎င်းသည် စီးပွားရေးရလဒ်အားဖြင့် လူများ၏’တန်ဖိုး’ ကို ညွှန်ပြသော အရင်းရှင်စီးပွားရေး၏ ထင်ရှား သော ပြယုဂ်ဖြစ်သည်။ Gregor ၏အသွင်ပြောင်းလဲခြင်းက အစေအပါးအလုပ်သည် အဘယ်မျှနိမ့်ပါးကြောင်း၊ လူများကို လူသားမဆန်အောင်လုပ်ခြင်းတို့ကို ကိုယ်စားပြုကြောင်း အချို့ဝေဖန်သူတို့က ငြင်းခုန်ကြပေမည်။ ဤသို့စိတ်ဓာတ်များရှိလင့်ကစား မပြည့်ဝခြင်းကို ထောက်ပြဝေဖန်မှု၊ များပြားလှသော အထက်အောက် အဆင့်ဆင့်အလုပ်၊ ဤကဲ့သို့အလုပ်မျိုးကိုဖြစ်စေသည့် အရင်းရှင်စနစ် တို့ကြောင့် တိုးပွားလာသော လူငယ်များစွာတို့သည် ဆိုရှယ်လစ်စိတ်ထားများကို ပို၍ လက်ခံလာကြလေသည်။

“လူငယ်တွေက အလုပ်ဆိုတဲ့စိတ်ကူးကို စီးပွားရေးအရလိုအပ်ချက်တစ်ခုပုံစံမျိုးနဲ့ ရှုမြင်ကြတယ်” ဟု Dr Hall တပည့်တစ်ဦးက ထပ်လောင်းဖြည့်စွက်သည်။ “ငွေကြေးဖောင်းပွတာက မြင့်သထက်မြင့်လာတယ်။ လခလစာက တန့်နေတယ်။ သတ်မှတ်သလောက် လခမရဘဲ အလုပ်ပိုလုပ်ရတဲ့ လူငယ်လူရွယ်တွေဟာ စိတ်ထောင်းကိုယ်ကြေ ဖြစ်ကြတယ်၊ သူစိမ်းတစ်ရံလိုခံစားရတယ်။ Gregor ရဲ့ metamorphosis က သူ့ကို အလုပ်မလုပ်နိုင်အောင် လုပ်တယ်။ ဒီတော့ သူ့မိသားစု၊ သူ့အလုပ်ရှင်တွေ၊ ကမ္ဘာကြီးအတွက် သူက အသုံးမဝင်တော့ဘူး။ ဒါကြောင့်ပဲ သူ ပြိုကွဲရတာ။ သူ့ကို သတ်ပစ်လိုက်တာပဲ”

ထို့ပြင် ကက်ဖ်ကာတင်ပြသည့် လူမှုသီးသန့်ဖြစ်ခြင်းသည် Gen Z အထီးအကျန်ဆုံးသက်ရှိမျိုးဆက် တို့၏အသံ၌ ထင်ဟပ်နေခြင်းမှာ အံ့ဩသင့်စရာ မဟုတ်ပေ။ “The Metamorphosis ကို ကြည့်လိုက်တာနဲ့ ၂၀၂၀ခုနှစ်က လော့ခ်ဒေါင်းချတာတွေနဲ့ လေးလေးနက်နက်နှိုင်းယှဉ်ကြည့်လို့ရတယ်” “ကမ္ဘာလောကနဲ့သူစိမ်းတစ်ရံဆံတဲ့ ခံစားမှုမျိုးကို ရေးတဲ့နေရာမှာ ကက်ဖ်ကာက အံ့မခန်းပဲ” ဟု အသက် ၂၀အရွယ်၊ ကက်ဖ်ကာ၏ ပရိသတ်တစ်ဦး ဖြစ်သည့် Leia က ဖြည့်စွက်ပြောကြားသည်။ နှိုင်းယှဉ်ထားပုံမှာ သိသာလှသည်။ ဇာတ်လမ်း၏အဓိကအရ Gregor သည် သူ့အိပ်ခန်းထဲ၌သာ နေနေရသည်။ သို့သော် ပိုးတောင်မာတစ်ကောင်မဖြစ်ခင်က Gregor ၌ လူမှုဘဝမရှိ၊ ရင်းနှီးကျွမ်းဝင်သူများမရှိဘဲ၊ အဆက်ပြတ်နေပြီးဖြစ်သည်။ သူ့မိခင်က “ညနေခင်းတွေမှာ သူဘယ်တော့မှ အပြင်ကို မထွက်ဘူး” ဟု ဝေဖန်ပြစ်တင်သည်။ Gregor ကမူ “မိတ်ရင်းဆွေရင်းများ” ရခွင့် မကြုံခြင်းမှာ သူ့အလုပ်ကြောင့်ဖြစ်သည်ဟု ပြောဆိုလေသည်။
  „“ကက်ဖ်ကာရေးတဲ့ မော်ဒန်ဘဝရဲ့ ထူးဆန်းမှုနဲ့ သူစိမ်းဆံမှုကို ကျွန်မ မကြာမကြာ ခံစားမိတယ်။ ကမ္ဘာကြီးမှာအခုဖြစ်ပျက်နေတဲ့ ပြဿနာကြီးတွေက ကက်ဖ်ကာရေးထားတဲ့အတိုင်းပဲ။ (အရာရာ)ဟာ ရှောင်ပြေးလို့မရနိုင်ဘူး၊ အိပ်မက်ဆိုးလိုပဲ။ လူငယ်မျိုးဆက်တွေက ဒီအတိုင်းပဲ ခံစားကြတယ်လို့ ကျွန်မ ထင်တယ်။ ကမ္ဘာကြီးက ကျွန်မတို့ကို ကျောခိုင်းထားတဲ့အဖြစ်ကို ကြည့်နေရုံကလွဲပြီး ကျွန်မတို့ ဘာမှ မလုပ်နိုင်ဘူး” ဟု Leia က ပြောသည်။

‘Kafkaesque’ ဆိုသည့်ဝေါဟာရကို မျှော်လင့်အားရဖွယ်မရှိသောအခြေအနေတို့ကိုဖော်ပြရာတွင် ပိုမိုသုံးစွဲသည့် အန္တရာယ် ရှိသည်။ ဘယ်ဆင်ဆာတည်းဖြတ်မှု သို့မဟုတ် စောင့်ကြည့်မှုတိုင်းနှင့် ကြုံသည့်အခြေအနေတိုင်း ၌လည်း ‘Orwellian’ ဟု အလားတူသုံးစွဲကြသည်။ သို့မဟုတ် အတိတ်ကိုပြန်ပြောင်းသည့်အခါတိုင်း၌ ‘Shakespearean’ ဟု သုံးစွဲကြသည်။ သို့သော် လူငယ်တစ်ယောက်အဖို့ Kafkaesque ဖြစ်ပုံရသော ဘဝမျိုး အများအပြားရှိသည်ဟု Leia ပြောသည်က အချက်ကျသည်။

၁၉၉၁ခုနှစ်တွင် The New York Times ၌ ကက်ဖ်ကာ၏အတ္ထုပ္ပတ္တိရေးသူ Frederick Karl က ယခုလိုရှင်းပြသည်။ “Kafkaesque ဆိုတာက အိပ်မက်ဆန်ဆန်လောကထဲကို ခင်ဗျားဝင်သွားတဲ့အခါ ခင်ဗျားရဲ့ ထိန်းချုပ်မှုပုံစံတွေ၊ ခင်ဗျားရဲ့အစီအစဉ်အားလုံး၊ ခင်ဗျားရဲ့ [အပြုအမူ] စီမံထားတဲ့နည်းတစ်ခုလုံးတို့ဟာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ကုန်ကြတာပဲ။ ခင်ဗျားက လက်လျှော့တာမဟုတ်ဘူး။ ခင်ဗျားက လှဲချပစ်ပြီး သေလိုက်တာမျိုးမဟုတ်ဘူး။ ခင်ဗျားလုပ်တာက ဒီအဖြစ်ကြီးကို ခင်ဗျားမှာရှိတဲ့ကိရိယာအားလုံးနဲ့ ခင်ဗျားမှာရှိသမျှအရာနဲ့ အလျှော့မပေးဘဲ ကြိုးစားပမ်းစား လုပ်တာမျိုး။ ဒါပေမဲ့ ခင်ဗျားမှာ အခွင့်အရေးတော့မရှိဘူး” သူတို့မိဘများ၏မျိုးဆက်ထက် ပိုမိုဆိုးဝါးသည့် ငယ်ရွယ်သောမျိုးဆက်တို့အတွက် အလုပ်ကြိုးစားသော်ငြား ရလဒ်ကောင်းမရသည်မှာ ပိုပြီး ရိုးရှင်းသည်။ အချည်းအနှီးအလုပ်သို့ နေ့တိုင်းသွားရသည်၊ လောကမှာတိုးတက်ဖို့လည်း မျှော်လင့်ချက်မရှိ၊ ဒါမှမဟုတ် အခြေခံလိုအပ်ချက်များကိုပင် မပေးဆောင်နိုင်သည့်အဖြစ်လိုမျိုးလား။ အုတ်ဂျုံနို့ဝယ်ပြီး၊ အသားစိမ်းကိုစားနေစဉ် ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီတို့က လုပ်ငန်းခိုင်မာပြီး၊ အလုပ်သေချာတဲ့အကြောင်းတွေကို မှတ်တမ်း တင်နေကြတာလား။ ဘယ်အရာက ပိုပြီး Kafkaesque ဖြစ်တာလဲ။

“ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့မှာ မျှော်လင့်ချက်မရှိဘူး” ဟု Dr Hall ၏တပည့်တစ်ဦးက သုံးသပ်သည်။ “ဒါပေမဲ့            [ Gregor လိုမျိုးလူတစ်ယောက်] နဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ အချက်က ရယ်စရာကြီး။ အနည်းဆုံးတော့ ကျွန်ုပ်အတွက် အပေါင်းအသင်းစိတ်လိုမျိုး ထူးထူးဆန်းဆန်းခံစားရတယ်။ ရဲဘော်ရဲဘက်စိတ်ပေါ့။ ဒါမှမဟုတ်လည်း နားလည်စိတ်မျိုးပေါ့”