အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Dance Movement Therapy Workshop© Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှဝေ တွဲလက်တွေ (ဒုတိယပိုင်း)
Dance Movement Therapy Workshop

"ထင်ဟပ်မျှ၀ေ တွဲလက်တွေ" (ဒုတိယပိုင်း) အစီအစဉ်ရဲ့ တတိယမြောက် ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကို "Dance Movement Therapy Workshop" လို့ အမည်ပေးထားပြီး အိန္ဒိယသံရုံး၏ Swami Vivekananda Cultural Centre နှင့် ပူးပေါင်းကာ စီစဉ်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲက အကမှတစ်ဆင့် နူးညံ့သိမ်မွေ့သော ကိုယ်လက်လှုပ်ရှားမှုရဲ့ အကျိူးကျေးဇူးများဖြင့် ကျန်းမာပျော်ရွှင်မှုများကို တိုးတက်စေရန် ရည်ရွယ်ပါတယ်။ အကတွေရယ်၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေရယ်ကတစ်ဆင့် ဒီအလုပ်ရုံဆွေးနွေးပွဲက စကားလုံးတွေမလိုပဲ ဖန်တီးမှုကောင်းတဲ့ ထုတ်ဖော်မှုတွေ၊ ခန္ဓာကိုယ်ရဲ့ အနေအထား လှုပ်ရှားမှုတွေကို ပိုမိုသိမြင်လာဖို့ အားပေးခဲ့ပြီး၊ ထိုမှတစ်ဆင့် စိတ်ပင်ပန်းမှုတွေ၊ ခန္ဓာကိုယ်တောင့်တင်းနေမှုတွေကို အချိတ်အဆက်ညီညီ ခန္ဓာကိုယ်ကနေ လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲက အကဖျော်ဖြေပွဲများအတွက် လေ့ကျင့်လုပ်ဆောင်နေတာမျိုးမဟုတ်ပဲ သက်တောင့်သက်သာရှိစေဖို့ရန်နဲ့ စိတ်အပန်းပြေစေဖို့ရန် ရည်ရွယ်ခြင်းဖြစ်တဲ့အတွက် အကကြိုတင်လေ့ကျင့်သင်တန်းများ တက်ရောက်ထားဖို့ မလိုပါ။

ဒီအလုပ်ရုံဆွေးနွေးပွဲကို အိန္ဒိယသံရုံးမှ အကဆရာမဖြစ်တဲ့ Miss. Lalan Desai မှ ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ အသက် ၁၆ နှစ်မှ ၄၀ ကြား မည်သူမဆို ဒီအလုပ်ရုံဆွေးနွေးပွဲကို ပါ၀င်တက်ရောက်နိုင်ဖို့ စီစဉ်ခဲ့ပြီး၊ အုပ်စုနှစ်စုခွဲပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

  • Dance Movement Therapy Workshop © Goethe-Institut Myanmar
    Dance Movement Therapy Workshop
  • Dance Movement Therapy Workshop © Goethe-Institut Myanmar
    Dance Movement Therapy Workshop