အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Self-expression & Self-care through Music©Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)
Self-expression & Self-care through Music

‘‘ထင်ဟပ်မျှဝေ တွဲလက်တွေ‘‘ (ဒုတိယပိုင်း) အစီအစဉ်ရဲ့ ခေါင်းစဉ်အောက်ကနေ မတူညီတဲ့ အလုပ်ရုံဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ခေါက် အလုပ်ရုံဆွေးနွေးပွဲကတော့ ‘‘Self-expression & Self-care through Music‘‘လို့အမည်ရပြီး  ဂီတကုထုံးကို အခြေခံတဲ့ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
 
ဂီတကုထုံးဆိုတာဘာလဲ?
ဂီတကုထုံး *Music Therapy* ဆိုတာ နိုင်ငံတကာမှာ သုတေသနတွေ အခိုင်အမာပြုလုပ်ထားရှိတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ တေးဂီတကို "နည်းစနစ်ကျကျ" အသုံးချပြီးတော့ ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဥ်ရေးရာ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ စိတ်အာရုံခံစားမှု၊ ဉာဏ်ရည်ဖွံဖြိုးတိုးတက်မှု တို့နဲ့ပတ်သက်ပြီး လူတစ်ဦးတစ်ယောက်ချင်းဆီဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ အဆင်ပြေကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ဖို့နဲ့ လူနေမှုဘဝအရည်အသွေး (quality of life) တိုးတက်ဖို့ ကူညီ ကုသလုပ်ဆောင်ပေးတဲ့ ကုထုံးဖြစ်ပါတယ်။
 
ဒါဆို ဒီအလုပ်ရုံဆွေးနွေးမှာ ဘာတွေပါပါသလဲ?
ဒီဂီတကုထုံးအလုပ်ရုံဆွေးနွေးပွဲမှာ တေးဂီတ အတူတကွဖန်တီးရေးဖွဲ့ ခြင်း၊ တေးဂီတနဲ့အတူလှုပ်ရှားကခုန်ခြင်း၊ တေးသီချင်းများ သီဆိုနားထောင်ခြင်း၊ တူရိယာများတီးခတ်ခြင်းတွေကို ကျွမ်းကျင်ဂီတကုထုံးပညာရှင်က စနစ်တကျ စီစဥ်ကြပ်မတ်ပေးခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တူရိယာတီးခတ်တတ်ရန်၊ သီချင်းဆိုတတ်ရန် မဟုတ်ဘဲ ဂီတအားအသုံးပြုပြီး မိမိခံစားချက်များကို ဖော်ထုတ်ပေးနိုင်သော၊ မိမိရဲ့ တနေ့တာ အစီအစဉ်တွင် Self-care practice အဖြစ် ဂီတအားအသုံးပြုနိုင်သော activities များအသုံးပြုကာ မိမိရဲ့ Well-being အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။
 
ဒီအလုပ်ရုံဆွေးနွေးပွဲကို အသက် ၁၆နှစ်မှ ၆၀ ကြား မည်သူမဆို ပါဝင်နိုင်ရန် စီစဉ်ခဲ့ပြီး၊ musician တစ်ယောက်ဖြစ်ဖို့ တူရိယာတီးခတ်တတ်ရန် မလိုအပ်ပါ။ အုပ်စု ၄ ဖွဲ့ခွဲထားတာကြောင့် မိမိတက်ရောက်လိုသည့် တစ်ဖွဲ့ကိုသာ ရွေးချယ် စာရင်းပေးသွင်းကြရတာပဲ ဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားပြီး ၀င်ကြေးအခမဲ့ ဖြစ်ပါတယ်။

  • Self-expression & Self-care through Music © Goethe-Institut Myanmar
    Self-expression & Self-care through Music
  • Self-expression & Self-care through Music © Goethe-Institut Myanmar
    Self-expression & Self-care through Music