အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Mindfulness and Expressive Art for Children & Youth©Goethe-Institut Myanmar / TheeOoThazin

ထင်ဟပ်၊ မျှဝေတွဲလက်တွေ
Mindfulness and Expressive Art for Children & Youth

‘‘ကလေးနဲ့ လူငယ်များရဲ့ စိတ်ခံစားချက်ဆိုင်ရာ ဖော်ပြမှုအနုပညာအတွက် အချိန် ၂ နာရီကြာ ပြုလုပ်ပေးခဲ့တဲ့ ပွဲလေးက သူတို့ရဲ့ အတွေး၊ ခံစားချက်တွေအကြောင်း၊ သူတပါးအပေါ်နဲ့ သူတို့ကိုယ်တိုင်အပေါ်မှာ ပြုမှုတတ်တဲ့ အမူအကျင့်တွေကို ကောင်းကောင်း ပြန်လည်နားလည် သုံးသပ်တတ်နိုင်ကြဖို့ အားပေးရာရောက်တဲ့ ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ပုံတွေဖန်တီးရင်း၊ အရောင်တွေချယ်ကြရင်း ကိုယ့်အစစ်အမှန် ခံစားချက်တွေက ဘာများလဲဆိုတာကိုလည်း စတင် မြင်လာခဲ့ကြပါတယ်။ မိမိတို့ကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့အရာ၊ မထိန်းချုပ်နိုင်တဲ့အရာတွေအကြောင်း စီစဉ်ပေးထားတဲ့အတွက် စာတွေချရေးကြရင်း၊ သူတို့ရဲ့ အတွေးတွေနဲ့ ခံစားချက်တွေကို ဘောင်မခတ်ဘဲ သုံးသပ်အဖြေရှာခြင်းတွေ မရှိဘဲ စူးစမ်းခွင့်ရခဲ့ကြပါတယ်။ စိတ်ငြိမ်သက်စေဖို့ ပြုလုပ်ပေးတဲ့အချိန်လေးကတော့ သူတို့နေ့စဉ်ဘဝမှာ အာရုံစူးစိုက်နိုင်စေဖို့ ရည်ရွယ်ပြီး သင်တန်းချိန် ပြီးသွားတဲ့အခါမှာတော့ တစ်ခုထက်မကသော စိတ်ငြိမ်သက်စေဖို့ နည်းလမ်းလေးတွေက သူတို့လေးတွေရဲ့ အပြုသဘောဆောင်တဲ့ စိတ်ထားကို ရစေဖို့၊ စိတ်ဖိအားတွေကို စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓါတ်ကျတာတွေကို လျော့ကျစေဖို့ အထူးပဲ ကူညီပေးပါတယ်။ Program of care မှာ ပါဝင်ရင်း မြို့နယ်ပေါင်းစုံကနေလာကြတဲ့ ကျွန်မချစ်တဲ့ အရွယ်စုံ၊ ကလေး/ လူငယ်များနဲ့ စုံစည်းခွင့်၊ တူတူအလုပ်လုပ်ခွင့်ရခဲ့တဲ့အတွက် အတိုင်းထက်အလွန် ဂုဏ်ယူဝမ်းသာခဲ့ရပါတယ်။’’
ကြည်နူးမြ

  • Mindfulness and Expressive Art for Children & Youth ©Goethe-Institut Myanmar