© Elliott Koon
Elliott Koon သည် ကွာလာလမ်ပူတွင်နေထိုင်ပြီး ဓာတ်ပုံဆရာနှင့်ဂီတပညာရှင်ဖြစ်သည်။ သူသည် (၂၀၁၅) ခုနှစ် Obscura Festival အလုပ်ရုံဆွေးနွေးပွဲ၏ အဖွဲ့ဝင်ဟောင်းဖြစ်သည်။ သူ၏လက်ရာများကို အဖြူအမည်းကာလာဖြင့် Street Photography, Mononami၊, Fine Art Tokyo, Street View Photography, Ricoh GR Photography Community နှင့် အခြားအဖွဲ့အစည်းများတွင် အွန်လိုင်းပြသထားသည်။
ကွာလာလမ်ပူရှိ Dream Center တွင်လည်း (၂၀၁၃) ခုနှစ်တွင် ၎င်း၏လက်ရာများပါဝင်ပြသခဲ့ပြီး (၂၀၁၄) ခုနှစ်တွင် သူ၏လက်ရာများကို Photo VOGUE Italia နှင့် Baccarat မဂ္ဂဇင်းတို့တွင်ဖော်ပြခံခဲ့ရသည်။ (၂၀၁၅) ခုနှစ်တွင် Nikon Photo Week Malaysia မှ ၎င်း၏လက်ရာကို ဆုချီးမြှင့်ခဲ့သည်။ (၂၀၁၆) ခုနှစ်တွင် သူ၏ဂျပန်ဓာတ်ပုံများမှ တစ်ပုံကို "လမ်းပေါ်တွင်ရိုက်ကူးခဲ့သောအကောင်းဆုံးဓာတ်ပုံ ၃၀" စာရင်းထဲသို့ ရွေးချယ်ခံရပြီး ရုရှားဝက်ဘ်ဆိုက် rosphoto.com တွင် ဖော်ပြခံခဲ့ရသည်။