© Geric Cruz
Geric သည် မနီလာတွင် လက်ရှိနေထိုင်သော အလွတ်တန်းဓာတ်ပုံဆရာဖြစ်သည်။ မနီလာရှိ St. Benilde ကောလိပ်မှ မာလ်တီမီဒီယာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ကျောင်းပြီးချိန်မှစ၍ ကမ္ဘောဒီးယားရှိ Angkor ဓါတ်ပုံအလုပ်ရုံဆွေးနွေးပွဲ အပါအဝင် အလုပ်ရုံဆွေးနွေးပွဲများစွာနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Foundry အလုပ်ရုံဆွေးနွေးပွဲတို့တွင် ပါဝင်ခဲ့သည်။ သူ၏လက်ရာများတွင်မိသားစု၊ လူမှုအသိုင်းအဝိုင်းတွင်းဆက်နွယ်မှု နှင့် ကြာရှည်တည်တံ့မှု တို့ကို ဦးတည်လေ့ရှိသည်။ သူ၏လက်ရာ "Second Star to the Right" ကို အိန္ဒိယနိုင်ငံ ဒေလီဓာတ်ပုံပွဲတော်တွင် ပြသခဲ့သည်။ ၎င်းအပြင် စင်ကာပူ၊ သြစတြေးလျ၊ တောင်ကိုရီးယား နှင့် ဒိန်းမတ်တို့တွင်လည်း သူ၏လက်ရာများကို ပြသခဲ့သည်။ Wallpaper မဂ္ဂဇင်း၊ The Fader၊ Pulitzer Centre, Esquire မဂ္ဂဇင်း နှင့် အခြားမဂ္ဂဇင်းများမှ သူ၏လက်ရာများကို ပုံနှိပ်ထုတ်ဝေခဲ့သည်။