Logo Goethe-Institut

မြန်မာ

သင်ယူမှုနှင့်ပညာရေး

ပဟေဠိကိုအဖြေညှိရင်း ဂျာမန်စကားကို အခမဲ့ လေ့ကျင့်လိုပါသလား။ ဒါဆိုရင်တော့ ဒီမှာတစ်ချက် ကြည့် ကြည့်ပါ။ သင့်အတွက် ကမ္ဘာကြီးနဲ့ ဂျာမနီအကြောင်း လွယ်ကူတဲ့ အသိပညာဗဟုသုတမေးခွန်းတွေရော ခက်ခဲတဲ့မေးခွန်းတွေပါ ပြင်ဆင်ပေးထားပါတယ်။ ဥပမာ - ကမ္ဘာရဲ့ ဘယ်ဒေသတွေမှာ ပင်ကွင်းတွေ အများဆုံးနေထိုင်သလဲ။ ဂျာမန်တီထွင်သူ Carl Benz က ဘယ်လို အားလပ်ရက်အချိန်ပိုင်းအလုပ်ကို လုပ်ခဲ့ပါသလဲ။ သင့်ရဲ့အသိပညာကို စမ်းသပ်ပြီး သင်ဘာတွေသိသလဲဆိုတာ ပြသလိုက်ပါ။

မော်လီကျူးပုံစံ ပညာရှင် © Goethe-Institut, Getty Images

ကလေးများအတွက်ပလက်ဖောင်း

Digitale Kinder-Uni

တစ်ဦးတည်းမည်သို့ ကားမောင်းနိုင်ပါမည်နည်း။ ခရုခွံကို နား နားကပ်နားထောင်သည့်အခါ မည်သို့သော အသံကိုကြားရပါသနည်း။ ဘာကြောင့် အိပ်ဖို့လိုအပ်တာပါလဲ။ ကမ္ဘာကြီးသည်မေးခွန်းများဖြင့် ပြည့်နှက်နေပါသည်။ ထို့အတွက် ကျွန်ုပ်တို့တွင် အဖြေများရှိနေပါသည်။ အသေအချာရှင်းပြထားပြီး အခမဲ့ဖြစ်သည်။ ပရော်ဖက်ဆာ အိုင်းစတိုင်းနှင့် ဆိုဖီရှလောင်း တို့က သင့်ကိုတွေ့ရန် စောင့်မျှော်နေပါသည်။

KinderUni Foto: © Goethe-Institut Foto: © Goethe-Institut

ဆယ်ကျော်သက်များအတွက်ပလက်ဖောင်း

Digitale Junior-Uni

အာကာသသည် မည်သို့မည်ပုံရှိပါသနည်း။ လျှပ်စစ်မီးသည် ဘယ်ကလာပါသလဲ။ စက်ရုပ်တစ်ရုပ်သည် မည်သို့လုပ်ဆောင်ပါသလဲ။ ကျောင်းသား/သူတစ်ဦးအနေနှင့် ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ် ဂျူနီယာတက္ကသိုလ်တွင် သင့်အတွက်အဖြေများရှာဖွေနိုင်ပါသည်။ ထို့အပြင် သင့်ဂျာမန်ဘာသာစကားစွမ်းရည်ကိုလည်း အခမဲ့ မြှင့်တင်နိုင်ပါသည်။ ဂျူနီယာတက္ကသိုလ်သည် A1/A2 အဆင့်နှင့် A2/B1 အဆင့်များအတွက် အသင့်လျော်ဆုံးဖြစ်သည်။ 

JuniorUni Foto: © Goethe-Institut Foto: © Goethe-Institut

Podcast "kurz & bündig"

Über Politik, Wirtschaft und Gesellschaft

ဤပေါ့ကတ်စ်များသည် ဂျာမနီနှင့်ကမ္ဘာတဝှမ်းမှ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးအကြောင်းအရာများကို ဦးတည်ထားပါသည်။ ဥပမာ - ဂျာမနီတွင် ဥရောပသည် မည်သို့ရှိသနည်း။ တရုတ်နှင့်ကုန်သွယ်မှုအခြေအနေမှာ မည်သို့ရှိသနည်း။ နားထောင်ရန်စာသားများမှာ ဂျာမန်လိုဖြစ်ပြီး B2/C1 အဆင့်များအတွက် သင့်လျော်ပါသည်။

Smartphone auf dem der Podcast kurz & bündig läuft Foto: © Goethe-Institut, Europanetzwerk Deutsch Foto: © Goethe-Institut, Europanetzwerk Deutsch

ဗီဒီယိုများ - ဂျာမနီရှိနေ့စဉ်ဘဝ

ဂျာမနီဓါတ်ခွဲခန်း

ဘီယာ၊ ဝက်အူချောင်း၊ အေးစိမ့်သောရာသီဥတု။ ဂျာမနီဟုဆိုလိုက်လျှင် မည်သည်ကို သတိရမိပါသလဲ။ ဤဗီဒီယိုစီးရီးတွင် နီနာနှင့်ဒေးဗစ်ကလီရှေးတို့က ပါဝင်ထားကြပါသည်။ မည်သည့်အရာကလုပ်သင့်ပါသလဲ။ မည်သည့်အရာက မလုပ်သင့်ဘူးလဲ။ မည်သို့ဆိုစေ ဂျာမနီက အံအားသင့်ဖွယ်ပင်ဖြစ်သည်။ တစ်ချက်လောက် ဝင်ရောက်ကြည့်ပါ။ A2 အဆင့်မှစတင်၍ ဤဗီဒီယိုများကို ကောင်းကောင်းနားလည်နိုင်ပါသည်။

Nina und David vom Deutschlandlabor Grafik: © Goethe-Institut | DW Grafik: © Goethe-Institut | DW

Podcast „Superfrauen“

အမျိုးသမီးဝါဒ၊ ယဉ်ကျေးမှုနှင့်လူမှုရေး

ဤပေါ့ကတ်စ်သည် ကမ္ဘာတဝန်းမှ အမျိုးသမီးများ၏ သမိုင်းကြောင်းများကို တင်ဆက်ထားပါသည်။ မတူညီကွဲပြားမှုများကြားမှ တူညီမှုတစ်ခုလည်းရှိနေပါသည်။ ဒါကတော့ စံပြုစရာပုဂ္ဂိုလ်များပါ။ သူတို့၏ဘဝတစ်လျှောက် ဖြတ်သန်းမှုလမ်းကြောင်းများသည် စိတ်လှုပ်ရှားတက်ကြွဖွယ် ထက်မြက်ပြီး ရဲရင့်ကြသည်။ နားထောင်ရန်စာသားများသည် ဂျာမန်လိုဖြစ်ပြီး B2/C1 အဆင့်များအတွက် သင့်လျော်ပါသည်။

Superfrauen Podcast Grafik: © Goethe-Institut Grafik: © Goethe-Institut

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက