‘Narratives from the Earth: Natural Materials in Contemporary Art’

Narratives from the Earth: Natural Materials in Contemporary Art ©Goethe-Institut Myanmar

‘Narratives from the Earth: Natural Materials in Contemporary Art’

''စီစဉ်သူတို့ ၏ စကား''
သဘာဝဟာ သမိုင်းတလျှောက်အနုပညာဖန်တီးရာမှာ အရေးပါဆုံးသော အတွေးအမြင် ပေးစွမ်းသည့်အရာဖြစ်တယ်လို့  ပြောနိုင်ပါတယ်။ သဘာ၀က ကျွန်ုပ်တို့ရဲ့   ‘လာရာ’ နဲ့  ‘လားရာ’ တွေကို ချိတ်ဆက်ပေးပါတယ်။
“Narratives of the Earth: Natural Materials in Contemporary Art” ပြပွဲနှင့်အတူ အနုပညာက ဘာလဲဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းဆီ ပြန်သွားလိုပါတယ်။ အနုပညာ နဲ့ သဘာကကြားက ဆက်စပ်မှုကရော ဘာဖြစ်မလဲ။ အနုပညာသမားတွေ/ဖန်တီးတွေက သဘာ၀ရဲ့ ဘယ်အစိတ်အပိုင်းတွေကို အသုံးပြလို့ရလဲ။ ဒီစီမံကိန်းကနေတစ်ဆင့် "အမွေအနှစ်" အသိပညာ၊ လက်ရာများနဲ့ သဘာဝသဘာဝဆိုင်ရာ ကျင့်ဝတ်တွေရဲ့ တန်ဖိုးကိုမြှင့်တင်လိုတာ ဖြစ်ပါတယ်။

Kaal, artistic advisor, creator
JC

အနုပညာရှင်များက သဘာ၀ထုတ်ကုန်/အရင်းအမြစ်များကို အသုံးပြုပြီး ဖန်တီးထားသော အနုပညာလုပ်ဆောင်ချက်များကို ပြသထားသော အနုပညာပြပွဲတစ်ခု၏ တာရှည်တည်တံ့မှု၊ ယဉ်ကျေးမှု အမွေအနှစ်နှင့် ပတ်၀န်းကျင်ကို ဂရုစိုက်မှုတို့နှင့် သက်ဆိုင်သော အကြောင်းအရာအား ပြသနိုင်သော အရာဖြစ်ပါတယ်။ ဤပြပွဲက အနုပညာရှင်များနဲ့ ကြည့်ရှုသူများအား နေ့စဉ်ဘ၀နှင့် အနုပညာလုပ်ငန်းများတွင် ပတ်၀န်းကျင်နှင့် သင့်လျော်သော လုပ်ထုံးလုပ်နည်းများကို အပေးအယူလုပ်ရင်း လိုက်နာနိုင်ရန် ထောက်ပံ့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျော်သူထွန်း
ပြပွဲစီစဉ်သူ

လူလုပ်ကြားခံနယ်မဟုတ်တဲ့ ကြားခံပစ္စည်းဖြစ်တဲ့ သဘာ၀တရားကလာတဲ့ အရာ၀တ္ထုတွေကို ပေါင်းစပ်အသုံးပြုပြီး အနုပညာမြောက်ဘာသာစကားတွေအဖြစ် တင်ဆက်ပြသထားတဲ့ ရှားပါးတွေ့ရခဲတဲ့ ပြပွဲတစ်ပွဲဖြစ်ပါတယ်။
သဘာ၀ထွက်ကုန်ပေါများတဲ့ မြန်မာနိုင်ငံမှာ ကြိမ်၊၀ါး၊ သဘာ၀ဆိုးဆေးနဲ့ မြောက်မြားစွာသော သဘာ၀အရင်းအမြစ်တွေကို လက်မှုပညာရှင်တွေကသာ အများဆုံး အသုံးပြုခဲ့ပြီး ကျယ်ပြန့်တဲ့ သမိုင်းအစဉ်အလာတွေလည်း ရှိခဲ့ပါတယ်။
Materials of Life စီမံကိန်းမှာ လက်မှုပညာရှင်တွေနဲ့ အနုပညာသမားတွေကို ထိပ်တိုက်တွေ့ဆုံစေခဲ့ပြီး ကမ္ဘာမြေရဲ့ လက်ဆောင်ဖြစ်တဲ့ သဘာ၀ကုန်ပစ္စည်းတွေကို အနုပညာလက်ရာတွေအဖြစ်ပြောင်းလဲဖို့ ခြေလှမ်းစခဲ့ပါတယ်။
Narrative from the Earth က သဘာ၀တရား၊ ကမ္ဘာမြေ၊ လက်မှုအတတ်နဲ့ ခေတ်ပြိုင်အနုပညာတို့ရဲ့ ဆုံမှတ်တစ်ခုလို့လည်း ဆိုနိုင်မှာဖြစ်ပါတယ်။

ဟေမာန်ဦး
ယဉ်ကျေးမှုဌာနတာ၀န်ခံ
Goethe-Institut မြန်မာ

''အနုပညာလက်ရာ ဖော်ပြချက်များ''

ဖြိုးသမိန်

စောင့်ရှောက်သူ
21"×5" inches (30 Leaves)
Medium: ၀တ်လဲဗမာ့စက္ကူထွင်းကမ္မဝါ
Year: 2024
ဗုဒ္ဓသာသနာ၏အသက်သည် ကမ္မဝါစာဖြစ်သည်။ ကမ္မဝါစာသည် သာသနာ ကိုစောင့်ရှောက်၏။ ကမ္မဝါစာကို အမျိုးမျိုးတီထွင်ရေးမှတ်ကြပြီး ရှေးမြန်မာဘုရင်များလက်ထက်က ၎င်းတို့၏၀တ်လဲတော်များကို ကမ္မဝါချပ်များအတွင်းထည့်သွင်းပြုလုပ်စေကြသည်။ ယင်းကမ္မဝါချပ်များကို အသုံးပြုနေသမျှကာလပတ်လုံး ၎င်းတို့က သာသနာကိုစောင့်ရှောက်နေသည်ဟုယုံကြည်ကြသည်။ ကမ္မဝါစာတွင် အန္တရာယ်ကင်း စေသည့်စာသားများလည်းပါရှိပြီး ကမ္မဝါစာကို ဖတ်ရှုကြားနာရသူများကို အန္တရာယ်ကင်းစေသည်။
ယခုလက်ရာတွင် ကွယ်လွန်သွားပြီဖြစ်သော ကျွန်တော်၏နှစ်ဖက်ဘိုးဘွားများနှင့် အသက်ရှင်နေထိုင်လျက်ရှိသော မိဘနှစ်ဦး၏ အ၀တ်အထည်များကို ထည့်သွင်းဖန်တီးထားပါသည်။ ကျွန်ုပ်တို့ မျိုးရိုးစဉ်ဆက်သည် ဗုဒ္ဓ၏ အဆုံးအမများကို သက်၀င်ယုံကြည်ကြသူများဖြစ်လေရာ ဗုဒ္ဓသာသနာကို ရေရှည်တည်တံ့စေရန် သာသနာတော်ကို စောင့်ရှောက်လိုကြသည်။ ကျွန်ုပ်တို့သည် သတ္တဝါများကို မေတ္တာထားသည့် ဗုဒ္ဓ၏လမ်းစဉ်ကိုလိုက်နာရင်း သတ္တဝါအများအတွက် ဘေးကင်းရန်ကွာ    ကောင်းကျိုးကိုသာလိုလားကြောင်း ရည်ရွယ်ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။

သဲဒါလီ

ဣတ္ထိယ ၁၊ ၂၊ ၃
3.5 x 7.5 ft
Fabric Collages, Natural dye, hand embroidery and Bamboo
2024
အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာရေးထားတဲ့စကားလုံးတွေဟာ ပါဠိနဲ့ သက္ကတဘာသာစကားကနေတဆင့် ပြန့်ပွားလာခဲ့ပြီး ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေအပေါ်မှာ ပြဋ္ဌာန်းလွှမ်းမိုးနေတဲ့ စကားလုံးတွေပါ။ အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ မာန်မာနတွေ၊ စိတ်ခံစားမှုတွေ၊ အဝတ်အစားတွေကို ဖယ်ပြစ်ပြီး ပင်ကိုယ်သဘာဝလူသားဖြစ်တည်မှုအတိုင်း ရှိနေခဲ့ရင်တောင် အဲဒီစကားလုံးတွေဟာ သူ့ရဲ့ဝတ်လစ်စားလစ်ကိုယ်ပေါ်မှာ စွဲထင်ကျန်နေတုန်း၊ လွှမ်းမိုးနေတုန်းပါပဲ။ ဒီအသိုင်းအဝိုင်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့အတွက် ကြိုတင်ပြဋ္ဌာန်းသတ်မှတ်ထားတဲ့အရာတွေကို ကျွန်မတို့ဟာ လက်မခံချင်လည်း လက်ခံရတယ်။ လူ့အသိုင်းအဝိုင်းရဲ့ စကားလုံးတွေအပေါ်မူတည်ပြီး ဝေဖန်ပိုင်းခြားခံရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်တည်မှုကို ကျွန်မရဲ့အနုပညာလက်ရာကနေ ပြောပြချင်ခဲ့တယ်။ အဲဒီ့စကားလုံးတွေကို ကမ္မဝါဖောင့်ကိုအသုံးပြုပြီး မြန်မာအနက်ရှိတဲ့ ပါဠိစကားလုံးတွေအဖြစ် ရေးသားဖန်တီးခဲ့ပါတယ်။

စိုးယုနွယ်
(in collaboration with ‘Classic Home’)

Regenerative Nature, Ouroboros
Rattan, wire, steel rod and human hair
5 ft 8” x 4 ft x 1 ft
2024

Regenerative Nature, Infinity
Rattan, wire, steel rod and human hair
5 ft 8” x 4 ft x 1 ft
2024

Regeneration
Rattan, wire, steel rod and human hair
7 ft 4” x 5 ft x 1 ft
2024
မြွေ ၃ ကောင်ပုံစံ ပြုလုပ်တင်ဆက်ထားတဲ့ လက်ရာမှာ ‘သဘာ၀ရဲ့ တစ်ဖန်ပြန်လည်ရှင်သန်ခြင်း သဘောတရား‘ ကို အခြေပြုဖန်တီးထားပါတယ်။ ဒီလက်ရာကို ဖန်တီးရာမှာ ပြန်အသုံးပြုနိုင်ပြီး ပြန်ဖြစ်တည်နိုင်တဲ့သဘာတရားရှိတဲ့ ကြိမ်နဲ့ ဆံပင်ကိုအသုံးပြုဖန်တီးထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုနဲ့အတူ သဘာ၀တရားရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ ဆန်းသစ်စွာဖြစ်တည်နိုင်မှု နဲ့ ကုစားနိုင်ခြင်းစွမ်းအင်တွေကို ဖော်ပြလိုတာဖြစ်ပါတယ်။

ခင်သက်ထားလတ်
together with summer painting class students

မှတ်ဉာဏ်များ၏မျိုးစေ့
Variable size
Video work, Bamboo, Shan paper
2024
မှတ်ဉာဏ်များ၏မျိုးစေ့လက်ရာသည်  ကျွန်မတို့ဘဝ၏ အရိုးရှင်းဆုံး၊ အခြေခံအကျဆုံးအရာများသည် ကျွန်မတို့၏ ကိုယ်ပိုင်လက္ခဏာများအပေါ်တွင် မည်ကဲ့သို့သောလေးနက်သောဖြစ်တည်မှုတစ်ခုအဖြစ်တည်ရှိနေသည်ကို စူးစမ်း လေ့လာခြင်းဖြစ်သည်။ ယခုလက်ရာမှတစ်ဆင့် ကလေးဘ၀အချိန်များ၊ သာမာန်တစ်နေ့တာအဖြစ်အပျက်များ၊ အိမ်နှင့် ဆက်စပ်ခံစားရသည့်ခံစားချက်များ၊ ထိုကဲ့သိုသောမှာတ်ဉာဏ်အစုအ၀ေးများကို လာရောက်ကြည့်ရူသူများ အနေဖြင့် လည်းကိုယ်ပိုင်မှတ်ဉာဏ်များဖြင့် ချိတ်ဆတ်ခံစားရမည်ဖြစ်သည်။ ထိုမှတ်ဉာဏ်များသည်ကျွန်မတို့ အားလုံးနှင့် ဆိုင်သည့်စုပေါင်းဖြစ်တည်မှုတစ်ခုဖြစ်သည်။
လက်ရာနှင့်ကြည့်ရူသူကြားအဆက်အစပ်များမှတစ်ဆင့် မှတ်ဉာဏ်များ၏မျိုးစေ့လက်ရာသည် ကျွန်မတို့၏ သာမန်နေ့များ ဖြစ်ခဲ့သည့်အတိတ်ကာလကို ပြန်လည်ဆက်သွယ်နိုင်ရန်ကြိုးစားထားပြီး လူသားများအားလုံး စုပေါင်း ကြုံတွေ့ဖြစ်တည်ရမှုကိုပိုမိုနားလည်သဘောပေါက်အားထုတ်ထားခြင်းဖြစ်သည်။


ခန့်အောင်(Citamin@)

Corrosion
Natural Dye, Bamboo, Textile
Variable size
2024
ကြီးပြင်းလာရခြင်းရဲ့ ရှောင်လွှဲလို့မရတဲ့ ပြစ်ဒဏ်တွေ
ယိုယွင်းနေတဲ့ ခေတ်ကာလနဲ့ လောကကြီးရဲ့ ရိုက်ခတ်မှုတွေ
သိစိတ်နဲ့ မသိစိတ်ကြားက ဆက်စပ်ထွက်ပေါ်လာတဲ့
လိုလိုလားလားလက်ခံနိုင်မှုနဲ့ မလွှဲသာမရှောင်သာ လက်ခံလိုက်ရမှုတွေ
ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့ခြေရာတွေနဲ့ ဘဝထဲကို ဖြတ်လျှောက်သွားတဲ့ ခြေရာတွေ
ဒဏ်ရာတွေ အနာတရတွေ ကုစားမှုတွေ အရောင်ညစ်ထေးလာတဲ့ အဖြူရောင်အိပ်မက်တွေ
လွတ်မြောက်ချင်မှုတွေ  အဲ့ဒီလိုနဲ့ပဲ ဆက်လက်ရှင်သန်စီးဆင်းနေရမှုတွေ…..

Kai

ယုံကြည်မှု မျှော်လင့်ချက်နှင့် သင်
7’ 7”
Rattan/ Bamboo, Natural pigments, Shan papers, Cloth, Other natural supporting tools (spear)
2024
ကျရှုံးခြင်း၊ သစ္စာဖောက်ခံရခြင်း၊ အထီးကျန်သော ခံစားမှုများကို ထမ်းပိုးပြီး ဘ၀ကို အရှုံးမပေးပဲ တကိုယ်တည်း  ဆက်လက်လျှောက်လှမ်းနေသည်။
ဘ၀၏ ကောက်ကျစ်မှုများစွာဖြင့် ကြုံတွေ့မှုက သူ့ကို တကိုယ်တည်း ရပ်တည်စေပြီး ထိုအတွေ့အကြုံများမှာ သင်ယူစေသည်။
ဝေဖန်တိုက်ခိုက်မှုများက သူ့ကို ရင့်ကျက် သန်မာစေသည်။
သူ၏ယုံကြည်မှုများက သူ့ကိုယ်တိုင်ကို လင်းလက်စေပြီး စိန်ခေါ်မှုများကို တယောက်တည်း ရင်ဆိုင်နိုင်သည်ကို သက်သေပြနေသည်။

Rabbit – Symbol of Purity
Covered Eyes – The darkness/ trapped by itself
Bamboo Lamp – Hope/ Faith/ Belief
Broken Lamps – The failures
Painted Cloak – The damages/ judgements/ critics from people
Symbols of Viking – His belief to grow and strong


Morris John

ရေခဲဆိုင်မှာ ကြွက်တစ်ကောင်သေနေတယ်
Bamboo & Wires
39" × 19" × 18"
ရေခဲဆိုင်မှတ်တိုင်နားက ပလက်ဖောင်းပေါ်မှာ ကြွက်အမည်းကြီးတစ်ကောင် ရောက်လာတယ်။ မနက်က တွေ့ခဲ့တဲ့ ရေခဲဆိုင်ကြွက်က ညနေကျတော့ သေနေတယ်။ အမှိုက်တွေကို ရေမြောင်းထဲ လှဲချတာကိုလဲ တွေ့ရတော့ နောက်နေ့ဆိုရင် ရေမြောင်းထဲများရောက်သွားမလား၊ အမှိုက်ထဲပါသွားမလား မသိတော့။ ရေခဲဆိုင်ကြွက်တစ်ကောင်က ကိုယ်များဖြစ်နေမလားဆိုပြီး တွေးပူနေမိတယ်။

ရေခဲဆိုင်မှာ ဆင်းခဲ့တယ်
6 paintings
Ink & Natural Pigments on Shan Paper
1.5' × 1.5'
ရေခဲဆိုင်ဟာ တစ်ခြမ်းပဲရှိပါတယ်။ ပထမဦးဆုံးအကြိမ်ကြားဖူးတုန်းက ဒီနားမှာ ရေခဲတွေရောင်းလိမ့်မယ်လို့ ထင်ခဲ့ဖူးပါတယ်။ တစ်နေ့က ဘတ်စ်ကားက ရေခဲဆိုင်မှာ ချမပေးဘဲ ကျော်မောင်းသွားပါတယ်။ စိတ်ထဲမှာ အဲနေ့ကတည်းက "ရေခဲဆိုင်မှာ ချပေးပါ"လို့ အော်ပြောချင်နေခဲ့မိပါတယ်။

ရေခဲဆိုင်မှာ ချပေးပါ (စာအုပ်)
Linocut Prints on Shan Paper
A5 (24 pages)

ရေခဲဆိုင်မှာ ချပေးပါ (ကြော်ငြာစာ)
Acrylic on Shan Paper
3' × 5'
တစ်ရက်တုန်းက နေရာတစ်နေရာကို မထင်ထားဘဲ ရောက်သွားခဲ့တယ်။ လေထုက အတော်အေးလို့ လမ်းဘေးက ဆိုင်တစ်ဆိုင်မှာ ကျွန်တော် ရေနွေးကြမ်းသောက်နေခဲ့တယ်။ ထမင်းကြော်တစ်ပွဲကိုလည်း ကျွန်တော် စားထားတယ်။ တစ်ယောက်ယောက်က ကျွန်တော်နဲ့အတူ တစ်ဝိုင်းထဲ မျက်နှာချင်းဆိုင်ထိုင်နေတယ်။ သူဘယ်သူလဲဆိုတာ ကျွန်တော် မသိဘူး။

Kaal

ဗောဓိညောင်ပင် ၁၊ ၂၊
Shan paper, sumi ink, charcoal, bamboo, wire, rice glue.
37x60 in
2024
ယခုလက်ရာကို ဂျပန်နိုင်ငံရှိ ရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်းများတွင် ရေပန်းစားခဲ့သော မန္တန်များနှင့် သုတ္တန်များ ပြသထားသည့် “hashiragake” ဝါးစာတန်းများအား ကိုးကား၍ ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။ ရှမ်းစက္ကူကို ဂျပန် ဆူမီမင် ("မှင်ကျောက်") ဖြင့် ဆေးခြယ်ပြီး ဝါးဘောင်ပေါ်တွင် တပ်ဆင်ထားသည်။ ဤသဘာဝနှင့် သန့်စင်သောပစ္စည်းများသည် အရှေ့အာရှတစ်ဝှမ်းတွင် ကိုးကွယ်ကြသည့် ဗောဓိပင်၏ တန်ခိုးအာနိသင် နှင့် အကာအကွယ်ပေးနိုင်စွမ်းကို အနုပညာလက်ရာတစ်ခုအဖြစ် တင်ဆက်ဖော်ပြရန် အကောင်းဆုံးဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက