အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

We will have been young – ဓာတ်ပုံပြပွဲ

(၂၀၁၆) နှင့် (၂၀၁၇) ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ပီနန်မြို့ ၌ Obscura ဓာတ်ပုံပြပွဲကျင်းပရာ “အရှေ့တောင်အာရှမှ လူငယ်နှင့်အနာဂတ်” ခေါင်းစဥ်အမည်ရှိပြပွဲကို Ostkreuz ဓာတ်ပုံအေဂျင်စီမှ J.Brüggemann နှင့် T.Kruse တို့ဦးစီးသည့် အရှေ့တောင်အာရှဓာတ်ပုံအထူးသင်တန်း၏ ရလဒ်အဖြစ် ပြသနိုင်ခဲ့ပါသည်။ (၂၀၁၈) ခုနှစ်တွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် မလေးရှားတို့တွင် ပြပွဲပြသပြီးနောက်၊ (၂၀၁၉) ခုနှစ်တွင် မိုင်းမြစ်ကမ်းရှိဖရန့်ဖွတ်ထ်၊ ဘာလင်၊ ဟနွိုင်း နှင့် HCMC၊ (၂၀၂၀) ခုနှစ်တွင် ဘန်ကောက်နှင့် ရန်ကုန်တို့တွင် ပြပွဲများပြသခဲ့ပါသည်။

we will have been young Photography Exhibition©CCTang_Obscura


ဓာတ်ပုံပညာရှင်များ

Alvin Lau | Malaysia
အချစ်ဆိုသည်မှာဤအရာလား။

အွန်လိုင်းဒိတ်ယဥ်ကျေးမှုဟာ ယခုထောင်စုနှစ် အစောပိုင်းကစပြီး လူအများကြားဆက်နွယ်မှုကို ပိုမိုအဆင်ပြေစေတဲ့အရာတစ်ခုဖြစ်လာပါတယ်။ 

အားလုံးကို ဆုံးရှုံးခြင်းမဟုတ်။

ဒါကသူမရဲ့ ပြင်ပအသွင်သဏ္ဍာန်လား။ သူမပြောဆိုပုံ၊ ပြုမူပုံ ဒါမှမဟုတ် လှုပ်ရှားပုံလား။ ဒါမှမဟုတ် သူမရဲ့ဆံနွယ်တွေ လေမှာဝေ့နေတဲ့ဟန်က သူမရဲ့ ဣထိယဆန်မှုကိုပံ့ပိုးပေးနေတာလား။

ဗက်စ်ပါ စစ်သည်များ။

(၁၉၄၆) ခုနှစ် ဖလောရန့်မြို့တွင်မွေးဖွားချိန်မှစ၍ Vespa သည် အများစုအတွက် ထူးခြားသောအရာဖြစ်ခဲ့ပါသည်။ အချို့အတွက်မူ ၎င်းသည် နေထိုင်မှုစတိုင်တစ်ခု ဖြစ်လာခဲ့၏။ 

ဟန်ဆောင်မိသားစုနဲ့အတူရှိခဲ့တဲ့နေ့ရက်များ။

(၂၀၁၆) ခုနှစ် အောက်တိုဘာလမှာ မိသားစုအယ်လ်ဘမ်အတုလို့ အမည်ပေးထားတဲ့ ပရောဂျက်ကို ကျွန်မစတင်လုပ်ကိုင်ခဲ့ပါတယ်။ ရင်းနှီးယုံကြည်မှုကိုဟန်ဆောင်ပြဖို့ ဘယ်လောက်လွယ်ပါသလဲဆိုတာ ကျွန်မလေးလေးနက်နက်တွေးခဲ့မိလို့ပါ။ 

Kanel Khiev | ပျက်စီးခြင်းမတိုင်မီ © Kanel Khiev

ပျက်စီးခြင်းမတိုင်မီ

အဖြူရောင်အဆောက်အအုံ သို့မဟုတ် Bodeng လို့ လူသိများတဲ့ ဖနွမ်းပင်မြို့လယ်က မြူနီစီပယ်တိုက်ခန်းတွဲတွေကို (၁၉၆၃) ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။

စားပွဲအောက်ကစမ်းချောင်း

(၂၀၁၆) ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)မှ အင်ဒိုနီးရှားတွင် စိတ်ရောဂါခံစားနေရသူများအားဆက်ဆံပုံနှင့်ပတ်သက်သည့် စာမျက်နှာ (၇၆) မျက်နှာပါ အစီရင်ခံစာကို  “ငရဲတွင်နေထိုင်ခြင်း - အင်ဒိုနီးရှားတွင် စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူများကို ညှဥ်းပန်းနှိပ်စက်ခြင်း” အမည်ဖြင့် ထုတ်ဝေခဲ့သည်။

ဤမြေ၏သွေးသားများ

Orang Asli သည် မလေးရှားဌာနေတိုင်းရင်းသားများ ဖြစ်ပြီး ငြိမ်းချမ်းသောလူမျိုးစုဖြစ်သည်။ အများအားဖြင့် မြို့ပြ၏အခြားတဖက် သဘာ၀ပတ်၀န်းကျင်များ ဝန်းရံထားသည့် သေးငယ်သောလူမှုအဖွဲ့အစည်းများအတွင်း နေထိုင်ကြသည်။

၇၄၆၅

လူအများစုမေးလေ့ရှိသောမေးခွန်းများထဲမှတစ်ခုမှာ "မင်းအရွယ်ရောက်လာတဲ့အခါဘာဖြစ်ချင်သလဲ။” ဖြစ်ပြီး မည်သူကမှ “မင်းအခုဘာဖြစ်ချင်သလဲ။” ဟု လူငယ်များကိုမမေးခဲ့ပေ။

ထိုမတိုင်မီအထိ

“ထိုမတိုင်မီအထိ” ဆိုသည်မှာ “ငယ်ရွယ်ခြင်းနှင့် လိင်တူချစ်သူဖြစ်ခြင်း” ဟု စင်ကာပူတွင် အဓိပ္ပါယ်ဖွင့်နိုင်ကြောင်း ကျွန်ုပ်၏အတွေ့အကြုံမှရသော အမြင်ရှုထောင့် နှင့် ပတ်၀န်းကျင်ရှိမိတ်ဆွေများထံ မေးမြန်းရာမှ သိရှိရပါသည်။ 

အီဗာ

မနီလာ၏ပရမ်းပတာပတ်ဝန်းကျင်မှဝေးသော ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Bacolod တွင် ကျွန်တော်၏အဖွားအီဗာ နေထိုင်ပြီး၊ သူမ၏အိမ်ပတ်ဝန်းကျင်မှအရာများ၊ လူများနှင့် အမှတ်တရများကို မှတ်တမ်းတင်ခြင်းမှ အီဗာကတ်တလောက်ကို စတင်ခဲ့ပါတယ်။

ပိတ်ထားသော တံခါးချပ်များနောက်ကွယ်

“သတိ” ဒီအမိန့်သံကြားတာနဲ့တပြိုင်နက်တည်း ကျွန်တော်တို့ဟာ တန်းစီငြိမ်သက်လိုက်ကြပြီး အလံကို အလေးပြုလိုက်ကြပါတယ်။ ဒါဟာ (၁၂) နှစ်လုံးလုံး တနင်္လာနေ့တိုင်း မြင်တွေ့နေကျဖြစ်တဲ့ ကျွန်တော်တို့ ကျောင်းရဲ့အပတ်စဥ်တန်းစီပွဲ မြင်ကွင်းပါပဲ။ခပ်မတ်မတ်ရပ်ရတဲ့ ကိုယ်ဟန်အနေအထားက ဒီနေရာမှာ အရေးကြီးပြီး၊ ဒါက ကောင်းမွန်တဲ့ ကျင့်ဝတ်လိုက်နာမှုကို ကိုယ်စားပြုပါတယ်။

အမှတ်တရလမ်း

ဆေးရုံတက်နေရတဲ့ စန်းကေခိုင်ဆီကို သွားလည်တိုင်း  “အိမ်ပြန်ချင်တယ်”လို့  ပြောတာ ကြားရလေ့ရှိပါတယ်။ 
သူမက အသက် (၁၇) နှစ်အရွယ်ရှိပြီး၊ ရန်ကုန်က နာမည်ကြီးအပ်ချုပ်ဆိုင်တစ်ဆိုင်မှာ ငါးနှစ်ကြာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံရပြီး နှိပ်စက်ခံခဲ့ရသူပါ။ 
သတင်းထောက်တစ်ဦးက သူမအကြောင်းကို ဖော်ထုတ် ရေးသားပြီးနောက်မှာမှ သူမလွတ်မြောက်ခဲ့ပါတယ်။ သူမကိုစတွေ့တော့ လက်ချောင်းတွေအားလုံးက အရိုးတွေကျိုးပြီး၊ လက်ကလဲလိမ်နေပါတယ်။ အစပိုင်းမှာ (၁၅) မိနစ်ထက်လဲ ပိုပြီးမရပ်နိုင်ပါဘူး။


တွဲဖက်အဖွဲ့အစည်းများ