Get Your Virtual One-On-One Q&A Session.
Let’s Meet A Librarian!

ကျွန်မတို့ စာကြည့်တိုက်မှူးများက သင့်ရဲ့ အခက်အခဲများ ကို ကူညီဖြေရှင်းပြီး အကြံဥာဏ်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။

Virtual One-On-One Q&A Session © Goethe-Institut Myanmar

ဘယ်သူတွေအတွက် ဒီ Session လေးဟာ အကျိုးရှိနိုင်မလဲ ?
  • Online German Class ကို တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားသစ်များမှ စာကြည့်တိုက်နဲ့ ပတ်သက်သော အကြောင်းအရာများကို သိရှိ၊ မေးမြန်းလိုသူတွေ
  • Mein Goethe.de Account ဘာလို့ရှိဖို့လိုအပ်သလဲဆိုတာကို သိချင်သူတွေ၊ အကောင့်အသစ် ဖွင့်ချင်သူတွေ
  • German Digital Library “Onleihe” အကြောင်းကိုသိရှိလိုသူတွေ (သို့) အသုံးပြုချင်သူတွေ
  • Onleihe အသုံးပြုရာမှာ အဆင်မပြေ အခက်အခဲ ဖြစ်နေသူတွေ
  • အွန်လိုင်းစာကြည့်တိုက် အသင်းဝင်သစ် လျှောက်ထားမှုပုံစံနဲ့ ပတ်သက်ပြီး သိရှိလိုသူတွေ
  • Pick-up Service အကြောင်းနှင့် စာကြည့်တိုက်၏ အွန်လိုင်းကတ်တလောက်မှ တဆင့် မိမိငှားရမ်းလိုသည်များကို ဘယ်လို ကြိုတင်မှာယူနိုင်မလဲဆိုတာကို မေးမြန်းလိုသူတွေအတွက် လူကိုယ်တိုင် စာကြည့်တိုက်ကို လာစရာမလိုပဲ ကျွန်မတို့ စာကြည့်တိုက်မှူးများက သီးသန့် Virtual One-On-One Q&A Session ကို စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
စာကြည့်တိုက် အီးမေးလ် biblio-yangon@goethe.de (သို့) messenger မှတဆင့် နာမည်၊ ဖုန်းနံပါတ်၊ သိလိုသည့်အကြောင်းအရာ အကျဉ်းချုပ်၊ Q&A Session ပြုလုပ်လိုသော နေ့ရက်၊ အချိန်တို့ကို ပေးပို့ရုံသာဖြစ်ပြီး ကျွန်မတို့ စာကြည့်တိုက်မှူးများက သင့်အား ပြန်လည်ဆက်သွယ် အကြောင်းကြားပေးမှာဖြစ်ပါတယ်။ သီးသန့် Session ဖြစ်တာကြောင့် သင့်ရဲ့ မေးခွန်းတွေအားလုံးကို မမေးလိုက်ရမှာကိုတော့ စိတ်ပူနေစရာမလိုတော့ဘူးနော်။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက