ဂျာမန်စကားကို အခမဲ့ လေ့ကျင့်ပါ။

Goethe-Institut မှကျွမ်းကျင်ပညာရှင်များနဲ့ ဂျာမန်ဘာသာစကားကို လေ့လာသင်ယူနိုင်ပါတယ်။ သင့်အတွက် ဂျာမန်ဘာသာစကား အခမဲ့လေ့ကျင့်သင်ကြားနိုင်တဲ့ မီဒီယာများစွာပံ့ပိုးပေးထားပါတယ်။ ဂိမ်းများ၊ ပေါ့ကတ်စ်များ၊ ဗီဒီယိုများနှင့် သင်ထောက်ကူများပါဝင်သော အပ်ပလီကေးရှင်းများမှသည် လူမှုကွန်ယက်များနှင့် သင်ယူသူအသိုင်းအဝိုင်းအတွက် ကမ်းလှမ်းမှုများအထိပါရှိပါတယ်။ သင်ဘယ်လောက်ပဲ ဂျာမန်စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သည်ဖြစ်စေ၊ ဘာကြောင့်ပဲ ပိုကောင်းအောင်လေ့ကျင့်ချင်သည်ဖြစ်စေ သင် ပျော်ပျော်ရွှင်ရွှင်နဲ့ စတင်လိုက်ဖို့သာလိုပါတယ်။

ကင်မရာဆီသို့ ပြုံးပြနေသော လူငယ်များ © Goethe-Institut

Deutsch für dich

အတူတကွဆိုလျှင်အရာများစွာ ပိုမိုလွယ်ကူပါတယ်။ ကျွန်ုပ်တို့၏အွန်လိုင်းအသိုင်းအဝိုင်းမှာ ဘာသာစကားအဆင့်အမျိုးမျိုးအတွက် အခမဲ့ ဂျာမန်စာလေ့ကျင့်ခန်းပေါင်း ၂၆၀ ကျော်ရှိပြီး သင်နဲ့အတူ ဂျာမန်ဘာသာစကားကို လေ့ကျင့်ပေးနိုင်မယ့်သူများစွာလည်းရှိပါတယ်။ ဒီနေရာမှာ ဒီလူတွေနဲ့ သိကျွမ်းကာ နှီးနှောဖလှယ်ပြီး အတူတကွ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ပါတယ်။

အပြာရောင်နောက်ခံနှင့် လူငယ် ၄ ယောက် သူတို့၏ဖုန်းများ၊ Tablet များကို အတူတကွကြည့်နေကြသည်။ © Foto: Shutterstock.com, Rawpixel.com

အကြောင်းအရာအလိုက် သင့်အတွက်လေ့ကျင့်ခန်းများ

အဆင့်အလိုက် သင့်အတွက်လေ့ကျင့်ခန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက