Soundscapes of Connection

Soundscapes of Connection ©Goethe-Institut Myanmar

စီမံကိန်း လျှောက်လွှာခေါ်ယူခြင်း

Soundscapes of Connection: Call for Contemporary Music Innovators

ခေတ်ပြိုင် ဂီတနှင့် အသံပိုင်းဆိုင်ရာ ခေတ်ပြိုင်စီမံကိန်းများကို အတူတကွ အကောင်အထည်ဖော်ရန် Goethe-Institut မြန်မာ မှ ဖိတ်ခေါ်လိုပါသည်။ ယနေ့ ကျွန်ုပ်တို့ကြား အထူးလိုအပ်လျက်ရှိသည့် မျှ၀ေခံစားခြင်း/ကိုယ်ချင်းစာနာ ထောက်ထားခြင်းကို အခြေပြု၍ ဖြစ်တည်လာသော နားလည်/နားထောင်ပေးနိုင်မှု၊ ထိုအရာတို့ကို ဖော်ပြစွမ်းနိုင်သော အပြုအမူ/တုံ့ပြန်မှု နှင့် ထပ်ဆင့်ဖြန့်ကျက်မျှ၀ေနိုင်မှုတို့ (တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော) အပေါ် အခြေခံတည်ဆောက်ထားသည့် စီမံကိန်းပုံစံကို ဦးတည်လုပ်ဆောင်သွားရန် ရည်ရွယ်ပါသည်။ ယခုစီမံကိန်းတွင် ပါ၀င်နိုင်ရန် မြန်မာနိုင်ငံ၊ အရှေ့တောင်အာရှ နှင့် ဂျာမနီ အပါအ၀င် ကမ္ဘ့ာနိုင်ငံ အနှံ့အပြားတွင်ရှိကြသော မြန်မာလူမျိုး ဂီတ နှင့် အသံပိုင်းဆိုင်ရာပညာရှင်များ၊ ထူးချွန်သူ လူငယ်များ (အထူးသဖြင့်) မတူညီသော နောက်ခံ/အကြောင်းအရာအမျိုးမျိုး နှင့် ဒေသအသီးသီး လူမျိုး/ဘာသာစကား အသီးသီးမှ သူများကို ဖိတ်ခေါ်လိုပါသည်။ ဂီတ နှင့် အသံကို အခြေပြု၍ အခြားသော အနုပညာပုံစံအသီးသီးတို့ဖြင့် ပေါင်းစပ်တင်ဆက်သည့် စီမံကိန်းများအားလည်း ကြိုဆိုပါသည်။

စီမံကိန်းကျောရိုး

  • အသံမှတစ်ဆင့် လူသားဖြစ်တည်မှုကြားက ချိတ်ဆက်မှုကို အားပြုရှာဖွေသည့် စီမံကိန်းအမျိုးအစား (နှင့်/သို့မဟုတ်)
  • အပြုသဘော ဖေးမပြောင်းလဲမှုဘက်ကို အထောက်အကူပေးသည့်၊ လေးနက်သည့်နားထောင်ပေးခြင်းဆိုင်ရာ အပြုအမူနှင့်သက်ဆိုင်သည့် စီမံကိန်းအမျိုးအစား  (နှင့် /သို့မဟုတ်)
  • အသံမှတစ်ဆင့် လူသားဖြစ်တည်မှု၏ အတွေ့အကြုံများ ခံစားချက်များကို ဖော်ပြသည့်၊ ထပ်ဆင့်လှုံ့ဆော်ဖြန့်ကျက်သည့် နည်းလမ်းများကို စူးစမ်းရှာဖွေတင်ဆက်သည့် စီမံကိန်းအမျိုးအစား (နှင့်/သို့မဟုတ်)
  • ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုပုံစံများ နှင့် ယဉ်ကျေးမှု/အနုပညာဆိုင်ရာ နေရာများအကြား ပဲ့တင်ဖြန့်ကျက်နိုင်မှုကို အသံမှတစ်ဆင့် စူးစမ်းတင်ပြသည့် စီမံကိန်းအမျိုးအစားများအား ကျွန်ုပ်တို့နှင့်အတူ လက်တွဲလုပ်ဆောင်ရန် ကြိုဆိုပါသည်။

စီမံကိန်းကာလ
ယခုလျှောက်လွှာခေါ်ယူမှုသည် ၂၀၂၅ ခုနှစ် ဇန်န၀ါရီလတွင် စတင်မည့် စီမံကိန်းများလုပ်ဆောင်ရန်ဖြစ်ပါသည်။ စီမံကိန်းကာလကို အနည်းဆုံး လ မှ အများဆုံး လထိ ရေးဆွဲရန် အကြံပြုပါသည်။

ရံပုံငွေ
စီမံကိန်းတစ်ခုကို အနည်းဆုံး ယူရို ၃၀၀၀ မှ အများဆုံး ယူရို ၁၅၀၀၀ အထိ ရေးဆွဲတင်ပြနိုင်ပြီး၊ အဆိုပါရံပုံငွေများကို Goethe-Institut မြန်မာ၏ အဖွဲ့၀င်များမှ စီမံကိန်းဆောင်ရွက်သူအဖွဲ့နှင့် တိုက်ရိုက်ပူးပေါင်း စီမံခန့်ခွဲသွားမည်ဖြစ်ပါသည်။

လျှောက်ထားရန် အကျုံး၀င်သူများ
မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှတွင်နေထိုင်သူများအား အထူးဖိတ်ခေါ်လိုပါသည်။ ကမ္ဘာအနှံ့အပြား မှ လျှောက်ထားလိုသူများရှိပါကလည်း လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာတင်ရန် လိုအပ်သည့် အချက်အလက်
စီမံကိန်းအကြောင်းအရာ အသေးစိတ်ဖော်ပြချက် (စာလုံးရေ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ ထိ၊ မြန်မာဘာသာဖြင့်ရေးသားပါက အနည်းငယ်ပိုနိုင်ပါသည်။)
- စီမံကိန်းတွင် ပါ၀င်မည့် အနုပညာရှင်/အတတ်ပညာရှင်/ဂီတပညာရှင် နှင့် အတူတကွပူးပေါင်းဆောင်ရွက်မည့်သူတို့၏ အမည်များ အပါအ၀င် စီမံကိန်းအကြောင်းအရာနှင့် လုပ်ဆောင်ချက်များကိုထည့်သွင်းရေးသားရပါမည်။
- စီမံကိန်းမှ ဦးတည်သည့်လူထုအ၀န်းအ၀ိုင်း (ပရိတ်သတ်) နှင့် စီမံကိန်းကို ပြည့်ပြည့်၀၀အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ၊ ပုံစံများအားလည်း စနစ်တကျရှင်းလင်းရေးသားပြရန် လိုအပ်ပါသည်။

Goethe-Institut မြန်မာ၏အခန်းကဏ္ဍ (စာလုံးရေ အနည်းဆုံး ၈၀ မှ ၁၅၀ ထိ၊ မြန်မာဘာသာဖြင့်ရေးသားပါက အနည်းငယ်ပိုနိုင်ပါသည်။)
Goethe-Institut အနေဖြင့် စီမံကိန်းအားဦးဆောင်ရာတွင် မည်သည့်နည်းလမ်း နှင့် မည်သို့ပါ၀င်ရမည်ကို ဖော်ပြရေးသားရန်။

စီမံကိန်း၏အကျုံး၀င်သက်ဆိုင်မှု (စာလုံးရေ အနည်းဆုံး ၈၀ မှ ၁၅၀ ထိ၊ မြန်မာဘာသာဖြင့်ရေးသားပါက အနည်းငယ်ပိုနိုင်ပါသည်။)
စီမံကိန်း၏ ထူးခြားမှု နှင့် အကျိုးသက်ရောက်မှုရှိပုံ၊ မည်သည့်အတွက်ကြောင့် အကောင်အထည်ဖော်သင့်ပုံတို့ကို ရှင်းလင်းစွာ ရေးသားဖော်ပြရန်။ မြန်မာနိုင်ငံနှင့် ၄င်းနှင့်သက်ဆိုင်သော အနုပညာပညာ/ဂီတ နယ်ပယ်တွင် လျှောက်ထားသူ/များ၏ အခန်းကဏ္ဍကို ပေါ်လွင်စွာ ရေးသားဖော်ပြရန်။

ရံပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ အသေးစိတ်အချက်အလက်များ
စီမံကိန်းရံပုံငွေကို မည်သည့်အသုံးစားရိတ်များနှင့် မည်သို့စီစဉ်အသုံးပြုမည်ကို အသေးစိတ်တွက်ချက်ဖော်ပြသည့် ဇယားအား ပူးတွဲတင်ပြရန်။ (ယူရို ၁၅၀၀၀ ထက်မပိုရပါ။ )

ယခင်ပြုလုပ်ခဲ့ဖူးသည့် စီမံကိန်းနှင့် မှတ်တမ်းများ
ယခင်ပြုလုပ်ခဲ့ဖူးသည့် စီမံကိန်းများ၊ အလုပ်မှတ်တမ်းများအား သိရှိနိုင်မည့် မှတ်တမ်းတစ်ခုအားပူးတွဲတင်ပြရန်။ (အသံ၊ ရုပ်သံဖိုင်များ၊ အင်တာနက်လင့်ခ်များလည်း ပူးတွဲတင်ပြနိုင်ပါသည်။ အများဆုံး ဖိုင်အရွယ်အစား 20 MB မှ မကျော်လွန်ရန်။ )
လျှောက်လွှာအား အင်္ဂလိပ်ဘာသာဖြင့်တင်ပြရန် အကြံပြုလိုပါသည်။ မြန်မာဘာသာဖြင့်လည်း ရေးသားလျှောက်ထားနိုင်ပါသည်။

ထည့်သွင်းစဉ်းစားရန် အကြံပြုချက်
ထပ်ဆင့်အကျိုးသက်ရောက်မှုနှင့် ရေရှည်တည်တံ့နိုင်မှု
ဒေသတွင်းနှင့် နိုင်ငံတကာ ဂီတ/အနုပညာနယ်ပယ်တွင် ယခုစီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် အလားအလာရှိသည့် ကာလရှည် အကျိုးသက်ရောက်မှုကို (ရှိပါက) ထည့်သွင်းစဉ်းစားဖော်ပြရန်နှင့်၊ စီမံကိန်းရံပုံငွေ ကာလပြီးနောက် ထပ်ဆင့် အကောင်အထည်ဖော်မည့် အစီအစဉ်များနှင့် စီမံကိန်းမှ ရလဒ်များကို ရေရှည်တည်တံ့စေမည့် အစီအစဉ်များချထားမှုကို (ရှိပါက) ထည့်သွင်းစဉ်းစားဖော်ပြရန်။

လူထုနှင့်ထိစပ်မျှ၀ေမှု
ဒေသတွင်း လူ့အဖွဲ့အစည်းများ (အထူးသဖြင့် မြို့ပြပြင်ပ)နှင့် မည့်သို့ချိတ်ဆက်ဆောင်ရွက်မည်၊ ပညာပေးမှုဆိုင်ရာသော်လည်းကောင်း၊ ပြင်ပနယ်ပယ်ဒေသများကိုပါ အကျုံး၀င်အောင် မည်သို့စီမံဆောင်ရွက်ရန် ရှိသည်များကို (ရှိပါက) ထည့်သွင်းစဉ်းစားဖော်ပြရန်။

လျှောက်လွှာပိတ်ရက်
စီမံကိန်းလျှောက်လွှာများကို သြဂုတ်လ ၁၁ ရက်နေ့ (တနင်္ဂနွေနေ့) နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပါသည်။ သြဂုတ်လ ၁၁ ရက်နေ့ ညသန်းခေါင် (မြန်မာစံတော်ချိန်)ကိုကျော်လွန်ပေးပို့လာသည့် မည်သည့်လျှောက်လွှာကိုမှ ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

လျှောက်လွှာပေးပို့ခြင်း
စီမံကိန်းလျှောက်လွှာပေးပို့ရာတွင် အကြောင်းအရာနေရာတွင် “Soundscapes of Connection: Call for Contemporary Music Innovators – [Your Name/Group Name]” ဖော်ပြ၍  info.kultur.mmr@goethe.de သို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။

စီမံကိန်းရေးဆွဲရာတွင် အထောက်အကူပြုနိုင်မည့် စကားလုံးအကြံပြုချက်များ
Human connection (လူသားဆိုင်ရာ ချိတ်ဆက်မှု)
Transformative listening (အပြုသဘောပြောင်းလဲခြင်းဆိုင်ရာ နားထောင်မှု)
Emotional articulation (စိတ်ခံစားမှု အခြေပြု တုံ့ပြန်ခြင်းနှင့် အပြုအမူများ)
Sound expression (အသံပိုင်းဆိုင်ရာ ဖော်ပြချက်)
Cultural resonance (ယဉ်ကျေးမှု/အနုပညာမြောက် ဖြန့်ကျက်မှု)
Acoustic architecture (အသံဗိသုကာ)
Sonic empathy (အသံလှိုင်းပေါ်က ကိုယ်ချင်းစာတရား)
Auditory perception (ကြားသိမှုဆိုင်ရာ သဘောထား)
Echo and reverberation (ပဲ့တင်သံများနှင့် အသံဖြန့်ကျက်မှု)
Musical storytelling (ဂီတအခြေပြု ဇာတ်ကြောင်းဖော်ပြချက်)
Sound walk (အသံများနှင့်ခရီးတစ်ထောက်)
Podcast
Field recording (ပတ်၀န်းကျင်မှ အသံများ)
Active listening (စိတ်နှင့်နားထောင်ခြင်း)
Listening to the land (ကမ္ဘာမြေသို့ နားစွင့်ခြင်း)
Oral history (ဖွင့်ဟလာသော သမိုင်းကြောင်းများ)

ယခုဖော်ပြထားသော Keyword များသည် စီမံကိန်းရေးသားရာတွင် အထောက်အကူပြုရန် အကြံပြုချက်များသာ ဖြစ်ပြီး ဘာသာပြန်ဆိုထားမှုသည်လည်း တစ်ဦးအမြင်နှင့်တစ်ဦး ကွဲလွဲမှုရှိနိုင်ပါသည်။
မျှ၀ေခံစားခြင်း/ကိုယ်ချင်းစာနာ ထောက်ထားခြင်းကို အခြေပြု၍ ဖြစ်တည်လာသော နားလည်/နားထောင်ပေးနိုင်မှု၊ ထိုအရာတို့ကို ဖော်ပြစွမ်းနိုင်သော အပြုအမူ/တုံ့ပြန်မှု နှင့် ထပ်ဆင့်ဖြန့်ကျက်မျှ၀ေနိုင်မှုတို့ အပေါ်ခြေပြုသည့် စီမံကိန်းများအား အတူတကွ အကောင်အထည်ဖော်နိုင်ရန် လူကြီးမင်းတို့၏ ဆန်းသစ်တီထွင်ပြီး စိတ်၀င်စားဖွယ်ရာ လျှောက်လွှာများအား စောင့်မျှော်လျက်ရှိပါသည်။

အွန်လိုင်း အမေးအဖြေကဏ္ဍ
လျှောက်လွှာပြင်ဆင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပိုမိုရှင်းလင်းစွာနားလည်နိုင်ရန်အတွက် online မှ ရှင်းလင်းပြောပြပေးမည့် အမေးအဖြေ အစီအစဉ်များကို အောက်ပါအတိုင်း စီစဉ်ထားရှိပါသည်။

July 24, 2024 (Wednesday): 4:30 PM – 5:30 PM (Myanmar Time)
https://goethe-institut.zoom.us/j/85239781803
Meeting-ID: 852 3978 1803

July 31, 2024 (Wednesday): 4:30 PM – 5:30 PM (Myanmar Time)
https://goethe-institut.zoom.us/j/85477095488  
Meeting-ID: 854 7709 5488

August 7, 2024 (Wednesday): 4:30 PM – 5:30 PM (Myanmar Time)
https://goethe-institut.zoom.us/j/86815976746
Meeting-ID: 868 1597 6746

လျှောက်လွှာလက်ခံခြင်းနှင့် ရွေးချယ်ခြင်း
လျှောက်လွှာတင်သူတစ်ဦးစီတိုင်းဆီသို့ လက်ခံရရှိကြောင်း အကြောင်းပြန် email များပြန်လည်ပေးပို့မည်ဖြစ်ပါသည်။
ကနဦးရွေးချယ်မှုအဆင့် ရွေးချယ်ခံရသူများကို သြဂုတ်လ ၂၃ ရက်နေ့တွေ အကြောင်းကြားပေးမည်ဖြစ်ပါသည်။
အကောင်အထည်ဖော်ရန် ရွေးချယ်ခံရသော စီမံကိန်းများကို သြဂုတ်လ ၃၀ ရက်နေ့တွင် အကြောင်းကြားပေးမည် ဖြစ်ပါသည်။

သိရှိလိုသည်များအတွက် အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဟေမာန်ဦး
ယဉ်ကျေးမှုဌာနတာ၀န်ခံ
Haymann.oo@goethe.de
+95 9 880 876 168