ဘာကြောင့်ဂျာမန်ဘာသာစကားကိုသင်ယူသင့်ပါသလဲ။
ဂျာမန်စာသင်ယူရန်အကြောင်း ၁၀ ချက်

သင့်အနာဂတ်အတွက် မည်သို့ပင်အစီအစဥ်များချထားသည်ဖြစ်စေ ဂျာမန်ဘာသာစကားတတ်ကျွမ်းသည်ဆိုပါက အဆုံးမရှိအခွင့်အရေးများ ယူဆောင်လာမည်ဖြစ်သည်။ ဂျာမန်ဘာသာစကားသင်ကြားခြင်းက သင်၏လုပ်ငန်းခွင်ဘဝနှင့်ပုဂ္ဂလိကဘ၀အရည်အသွေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

  • <b>စီးပွားရေးနယ်ပယ်။   ။</b>ဂျာမန်စကားပြောသည့်စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့်စကားပြောဆိုဆက်ဆံနိုင်ခြင်းက သင့်အား စီးပွားရေးအရပိုမိုကောင်းမွန်သည့်ဆက်ဆံမှုကို ဖန်တီးပေးမည်ဖြစ်ပြီး၊ အကျိုးသက်ရောက်မှုရှိသည့်ပိုမိုကောင်းမွန်သည့်အခွင့်အလမ်းများမှတစ်ဆင့် အောင်မြင်မှုကိုရရှိစေမှာပါ။ © colourbox.com

    စီးပွားရေးနယ်ပယ်။ ။ဂျာမန်စကားပြောသည့်စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့်စကားပြောဆိုဆက်ဆံနိုင်ခြင်းက သင့်အား စီးပွားရေးအရပိုမိုကောင်းမွန်သည့်ဆက်ဆံမှုကို ဖန်တီးပေးမည်ဖြစ်ပြီး၊ အကျိုးသက်ရောက်မှုရှိသည့်ပိုမိုကောင်းမွန်သည့်အခွင့်အလမ်းများမှတစ်ဆင့် အောင်မြင်မှုကိုရရှိစေမှာပါ။

  • <b>ကမ္ဘာလုံးဆိုင်ရာအလုပ်အကိုင်။     ။</b>ဂျာမန်ဘာသာစကားတတ်မြောက်ပါက သင်နေထိုင်ရာနိုင်ငံတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင်ဖြစ်စေ၊ ဂျာမန်ကုမ္ပဏီများတွင် သင်၏အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါသည်။ ဂျာမန်ဘာသာစကားကိုကောင်းမွန်စွာတတ်မြောက်ပါက နိုင်ငံတကာနှင့်စီးပွားရေးလုပ်ကိုင်နေသည့်အလုပ်ရှင်တစ်ယောက်အတွက် သင်ကအဖိုးတန်သည့်လုပ်သားတစ်ယောက်ဖြစ်လာစေမှာပါ။ Foto: Getty Images/Adam Gault

    ကမ္ဘာလုံးဆိုင်ရာအလုပ်အကိုင်။ ။ ဂျာမန်ဘာသာစကားတတ်မြောက်ပါက သင်နေထိုင်ရာနိုင်ငံတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင်ဖြစ်စေ၊ ဂျာမန်ကုမ္ပဏီများတွင် သင်၏အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါသည်။ ဂျာမန်ဘာသာစကားကိုကောင်းမွန်စွာတတ်မြောက်ပါက နိုင်ငံတကာနှင့်စီးပွားရေးလုပ်ကိုင်နေသည့်အလုပ်ရှင်တစ်ယောက်အတွက် သင်ကအဖိုးတန်သည့်လုပ်သားတစ်ယောက် ဖြစ်လာစေမှာပါ။

  • <b>ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း။    ။</b>ဂျာမန်ဘာသာစကားပြောသည့်နိုင်ငံများမှခရီးသွားများသည် အလွန်ခရီးသွားကြပါသည်။ ခရီးတွင်အခြားသောနိုင်ငံများမှခရီးသွားများထက် ငွေလည်းပိုသုံးကြပါသည်။ ဤခရီးသွားများက ဂျာမန်ဘာသာစကားပြောသည့်လူပုဂ္ဂိုလ်များ၊ ဧည့်လမ်းညွှန်များကိုပိုမိုနှစ်သက်လေ့ရှိပါသည်။ © Fotolia / corbisrffancy

    ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း။ ။ဂျာမန်ဘာသာစကားပြောသည့်နိုင်ငံများမှခရီးသွားများသည် အလွန်ခရီးသွားကြပါသည်။ ခရီးတွင်အခြားသောနိုင်ငံများမှခရီးသွားများထက် ငွေလည်းပိုသုံးကြပါသည်။ ဤခရီးသွားများက ဂျာမန်ဘာသာစကားပြောသည့်လူပုဂ္ဂိုလ်များ၊ ဧည့်လမ်းညွှန်များကိုပိုမိုနှစ်သက်လေ့ရှိပါသည်။

  • <b>သိပ္ပံနှင့်သုတေသန။    ။</b>ဂျာမန်ဘာသာစကားသည် သိပ္ပံပညာ၏ဒုတိယအရေးအကြီးဆုံးဘာသာစကားဖြစ်ပါသည်။ ဂျာမနီသည် ကမ္ဘာပေါ်တွင်သုတေသနနှင့်ဖွံ့ဖြိုးရေးနယ်ပယ်၌ အဆင့်သုံးနေရာတွင်ရပ်တည်နေပြီး နိုင်ငံရပ်ခြားမှသိပ္ပံပညာရှင်များကို သုတေသနပညာတော်သင်ဆုများပေးလေ့ရှိပါသည်။ Foto: PantherMedia / Darren Baker

    သိပ္ပံနှင့်သုတေသန။ ။ဂျာမန်ဘာသာစကားသည် သိပ္ပံပညာ၏ဒုတိယအရေးအကြီးဆုံးဘာသာစကားဖြစ်ပါသည်။ ဂျာမနီသည် ကမ္ဘာပေါ်တွင်သုတေသနနှင့်ဖွံ့ဖြိုးရေးနယ်ပယ်၌ အဆင့်သုံးနေရာတွင်ရပ်တည်နေပြီး နိုင်ငံရပ်ခြားမှသိပ္ပံပညာရှင်များကို သုတေသနပညာတော်သင်ဆုများပေးလေ့ရှိပါသည်။

  • <b>ဆက်သွယ်ရေး။    ။</b>မီဒီယာ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာနယ်ပယ်များမှတိုးတက်မှုများက ဘာသာစကားစုံတတ်ကျွမ်းမှုကိုတောင်းဆိုလာကြပါပြီ။ သတင်းအချက်အလက်အတွက် အရေးကြီးသည့်၀က်ဘ်ဆိုဒ်များမှာ ဂျာမန်ဘာသာစကားဖြင့်ရေးသားထားခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်စာအုပ်သစ်ထုတ်လုပ်မှုအများဆုံး (၈၇) နိုင်ငံအနက် ဂျာမနီသည် အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့်ရုရှားတို့ပြီးလျှင် နံပါတ်ခြောက်နေရာတွင် ရပ်တည်နေပါသည်။ သင်၏ဂျာမန်ဘာသာစကားစွမ်းရည်က သင့်ကိုပိုမိုများပြားသည့်သတင်းအချက်အလက်များဆီ ရောက်ရှိနိုင်စေမှာပါ။ © Goethe-Institut/Bernhard Ludewig

    ဆက်သွယ်ရေး။ ။မီဒီယာ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာနယ်ပယ်များမှတိုးတက်မှုများက ဘာသာစကားစုံတတ်ကျွမ်းမှုကိုတောင်းဆိုလာကြပါပြီ။ သတင်းအချက်အလက်အတွက် အရေးကြီးသည့်၀က်ဘ်ဆိုဒ်များမှာ ဂျာမန်ဘာသာစကားဖြင့်ရေးသားထားခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်စာအုပ်သစ်ထုတ်လုပ်မှုအများဆုံး (၈၇) နိုင်ငံအနက် ဂျာမနီသည် အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့်ရုရှားတို့ပြီးလျှင် နံပါတ်ခြောက်နေရာတွင် ရပ်တည်နေပါသည်။ သင်၏ဂျာမန်ဘာသာစကားစွမ်းရည်က သင့်ကိုပိုမိုများပြားသည့်သတင်းအချက်အလက်များဆီ ရောက်ရှိနိုင်စေမှာပါ။ [Wikipedia, 2014]

  • <b>ယဥ်ကျေးမှုအရနားလည်နိုင်ခြင်း။    ။</b>ဂျာမန်ဘာသာစကားကိုလေ့လာခြင်းအားဖြင့် ဂျာမန်ဘာသာစကားပြောနိုင်ငံများတွင် နေထိုင်သူများ၏ဘ၀နေထိုင်မှု၊ ယဥ်ကျေးမှုလူ့အဖွဲ့အစည်း၊ ဆန္ဒများနှင့်အိပ်မက်များကိုပါ သိရှိနိုင်လာစေမှာပါ။ © Getty Images / Neil Guegan

    ယဥ်ကျေးမှုအရနားလည်နိုင်ခြင်း။ ။ဂျာမန်ဘာသာစကားကိုလေ့လာခြင်းအားဖြင့် ဂျာမန်ဘာသာစကားပြောနိုင်ငံများတွင် နေထိုင်သူများ၏ဘ၀နေထိုင်မှု၊ ယဥ်ကျေးမှုလူ့အဖွဲ့အစည်း၊ ဆန္ဒများနှင့်အိပ်မက်များကိုပါ သိရှိနိုင်လာစေမှာပါ။

  • <b>ခရီးသွားခြင်း။    ။</b> သင်၏ဂျာမန်ဘာသာစကားကျွမ်းကျင်မှုအကူအညီဖြင့် ဂျာမန်စကားပြောသည့်နိုင်ငံများသာမက အခြားသောဥရောပနိုင်ငံများသို့ အထူးသဖြင့် အရှေ့ဥရောပနိုင်ငံများထံသို့ ခြေဆန့်လိုက်ပါ။ © Getty Images/Manuel Gutjahr

    ခရီးသွားခြင်း။ ။သင်၏ဂျာမန်ဘာသာစကားကျွမ်းကျင်မှုအကူအညီဖြင့် ဂျာမန်စကားပြောသည့်နိုင်ငံများသာမက အခြားသောဥရောပနိုင်ငံများသို့ အထူးသဖြင့် အရှေ့ဥရောပနိုင်ငံများထံသို့ ခြေဆန့်လိုက်ပါ။

  • <b>စာပေ၊ ဂီတ၊ အနုပညာနှင့်ဒဿနတို့ကိုခံစားနိုင်ခြင်း။ ။</b>ဂျာမန်ဘာသာစကားသည် ဂိုထေး၊ ကာ့ဖ်ကာ၊ မိုးဆာ့ထ်၊ ဘာ့ခ်နဲ့ ဗေထိုဗန်တို့၏ဘာသာစကားဖြစ်ပါသည်။ သူတို့၏အနုပညာလက်ရာများကို မူရင်းဘာသာစကားအတိုင်းဖတ်ရှုနားဆင်ရင်း ပိုမိုခံစားကြည့်လိုက်ပါ။ © Goethe-Institut/Loredana La Rocca

    စာပေ၊ ဂီတ၊ အနုပညာနှင့်ဒဿနတို့ကိုခံစားနိုင်ခြင်း။ ။ ဂျာမန်ဘာသာစကားသည် ဂိုထေး၊ ကာ့ဖ်ကာ၊ မိုးဆာ့ထ်၊ ဘာ့ခ်နဲ့ ဗေထိုဗန်တို့၏ဘာသာစကားဖြစ်ပါသည်။ သူတို့၏အနုပညာလက်ရာများကို မူရင်းဘာသာစကားအတိုင်းဖတ်ရှုနားဆင်ရင်း ပိုမိုခံစားကြည့်လိုက်ပါ။

  • <b>ဂျာမနီနိုင်ငံတွင်ပညာသင်ကြားခြင်းနှင့်အလုပ်အကိုင်အခွင့်အလမ်းများ။    ။</b>ဂျာမနီနိုင်ငံက ပညာတော်သင်ဆုအများအပြားကို ပေးအပ်နေပါသည်။ နိုင်ငံရပ်ခြားမှငယ်ရွယ်သူများအတွက် အထူးအလုပ်အားလပ်ရက်ဗီဇာရှိပြီး၊ အချို့အလုပ်များအတွက် အလုပ်လုပ်ခွင့်ပါမစ်အထူးစည်းမျဥ်းများလည်းရှိပါသေးသည်။ © Getty Images/Matthias Tunger

    ဂျာမနီနိုင်ငံတွင်ပညာသင်ကြားခြင်းနှင့်အလုပ်အကိုင်အခွင့်အလမ်းများ။ ။ဂျာမနီနိုင်ငံက ပညာတော်သင်ဆုအများအပြားကို ပေးအပ်နေပါသည်။ နိုင်ငံရပ်ခြားမှငယ်ရွယ်သူများအတွက် အထူးအလုပ်အားလပ်ရက်ဗီဇာရှိပြီး၊ အချို့အလုပ်များအတွက် အလုပ်လုပ်ခွင့်ပါမစ်အထူးစည်းမျဥ်းများလည်းရှိပါသေးသည်။

  • နှီးနှောဖလှယ်ခြင်း။    ။ ဂျာမနီနှင့်ကမ္ဘာ့နိုင်ငံအများအပြားအကြားတွင် ကျောင်းသားများနှီးနှောဖလှယ်ခြင်းအစီအစဥ်များကိုပြုလုပ်ရန် သဘောတူညီထားကြပါသည်။ © iStock / Neustockimages

    နှီးနှောဖလှယ်ခြင်း။ ။ဂျာမနီနှင့်ကမ္ဘာ့နိုင်ငံအများအပြားအကြားတွင် ကျောင်းသားများနှီးနှောဖလှယ်ခြင်းအစီအစဥ်များကိုပြုလုပ်ရန် သဘောတူညီထားကြပါသည်။

သင်တန်းသူ၊ သင်တန်းသားများ၏အသံ

ကျွန်ုပ်တို့၏သင်တန်းသူ၊ သင်တန်းသားများသည် အဘယ်ကြောင့်ဂျာမန်ဘာသာစကားကို သင်ယူကြပါသနည်း။

ဂျာမနီနိုင်ငံတွင်ပညာသင်ကြားခြင်း

ဂျာမနီနိုင်ငံရှိတက္ကသိုလ်တွင် အောင်မြင်စွာအစပြုနိုင်ဖို့ သင့်ကိုယ်သင်အသင့်ပြင်ဆင်ပါ။