စာမေးပွဲအချိန်ဇယားနှင့်ဖြေဆိုရန်စာရင်းပေးသွင်းခြင်း

A hand with a green pen filling out a form. © Photo: Goethe-Institut/Bettina Siegwart Goethe-Institut German exams registration Photo: Goethe-Institut/Bettina Siegwart
စာမေးပွဲဖြေဆိုရာတွင် Goethe-Institut တွင်ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်နေသူ မဟုတ်သူများလည်းဖြေဆိုနိုင်ပါသည်။ သင့်အနေနှင့် သင်သည် စာမေးပွဲအတွက်လိုအပ်သည့်ဘာသာစကားအရည်အသွေးများနှင့်ပြည့်မီသည်ဟုထင်မြင်ယူဆပါက စာမေးပွဲဖြေဆိုရန်အချိန်မရွေးစာရင်းပေးသွင်းနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အနေနှင့် သင့်အား ဂျာမန်ဘာသာစကားသင်တန်းတစ်တန်းကိုတက်ရောက်ရန်အကြံပြုလိုပါသည်။ အကြောင်းမှာ ဘာသာစကားသင်တန်းများတွင် လိုအပ်သည့်ဘာသာစကားနှင့်စာမေးပွဲအထူးပြုစွမ်းရည်များကိုသင်ကြားပို့ချပေးသောကြောင့် စာမေးပွဲဖြေဆိုရာတွင်လွယ်ကူချောမွေ့စေမည်ဖြစ်ပါသည်။

စာမေးပွဲအတွက်စာရင်းပေးသွင်းရန် အောက်ပါအချက်များကိုလိုက်နာပါ။
  1. STEP 1: စာမေးပွဲဖြေဆိုရန်အတွက် info.exam.mmr@goethe.de ကို အမည်၊ ဖြေဆိုမည့် level၊ ဖြေဆိုလိုသည့်ဘာသာရပ်၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ ပေးပို့ပါ။
  2. STEP 2: (၄၈) နာရီ အတွင်း စာမေးပွဲလျှောက်ထားရန် စာရင်းတွင်ပါ၀င်ခြင်း ရှိ/မရှိ အကြောင်းပြန်စာရရှိပါမည်။ စာမေးပွဲတွင် ပါ၀င်လျှောက်ထားနိုင်သူများအတွက် အကြောင်းပြန်စာတွင် Registration Form လင့်ခ် နှင့် စည်းမျဥ်းစည်းကမ်းစာရွက်ပါရှိပါမည်။
  3. STEP 3:  အဆိုပါ Registration Form တွင်အချက်အလက်များပြည့်စုံစွာ ဖြည့်ပါ။ ထို့နောက် လက်မှတ်ထိုးထားသော စာမေးပွဲစည်းမျဥ်းစည်းကမ်းစာရွက်၊ ကြည်လင် ပြတ်သားသော ဘဏ်မှငွေလွှဲပြေစာ၊ Passport scan နှင့် NRC scan တို့ကို (၄၈) နာရီ အတွင်း  info.exam.mmr@goethe.de သို့ အီးမေးလ် ပြန်လည်ပေးပို့ရပါမည်။
  4. STEP 4:  အီးမေးလ်ပေးပို့ပြီး အချက်အလက်များပြည့်စုံပါက နောက်ထပ် (၄၈) နာရီ အတွင်း စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းခြင်း အောင်မြင်ပြီးစီးကြောင်း အီးမေးလ်ကို လက်ခံရရှိမည်ဖြစ်ပါသည်။
မှတ်ချက်။ ဖြည့်စွက်ရမည့် အချက်အလက်များလိုအပ်နေပါက (သို့မဟုတ်) စာရွက်စာတမ်းများ ပြည့်စုံစွာမပါရှိပါက (သို့မဟုတ်) သတ်မှတ်ချိန်ထက်ကျော်လွန်၍ ပေးပို့လာပါက စာမေးပွဲဖြေဆိုရန် အကျုံးမဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

စာမေးပွဲဖြေဆိုပြီးနောက်ရက်အနည်းငယ်အကြာတွင် ကျွန်ုပ်တို့ကသင့်အား စာမေးပွဲရလဒ်ကိုအကြောင်းကြားပေးပါမည်။ ထိုသို့အကြောင်းကြားပေးပြီး (၂) ပတ်အကြာတွင် ကျွန်ုပ်တို့ထံသို့လာရောက်၍စာမေးပွဲအောင်လက်မှတ်ကိုထုတ်ယူနိုင်ပါသည်။ ဤတွင် သင်၏မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်ကိုယူဆောင်လာခဲ့ရပါမည်။
 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလစာမေးပွဲအချိန်ဇယား

စာမေးပွဲများအတွက် စာရင်းသွင်းခြင်းကို အွန်လိုင်းမှသာ ပြုလုပ်နိုင်ပါမည်။

စာမေးပွဲအဆင့်များ စာမေးပွဲနေ့စွဲ စာရင်းပေးသွင်းရမည့်ကာလ စာမေးပွဲအချိန်
Goethe-Zertifikat B1 ၁၆.၁၀.၂၀၂၄ ၃၀.၀၉.၂၀၂၄-၀၁.၁၀.၂၀၂၄ မနက် ၉ နာရီ
Goethe-Zertifikat B1 ၃၀.၁၀.၂၀၂၄ ၃၀.၀၉.၂၀၂၄-၀၁.၁၀.၂၀၂၄ မနက် ၉ နာရီ
Start Deutsch 1 ၃၁.၁၀.၂၀၂၄ ၃၀.၀၉.၂၀၂၄-၀၁.၁၀.၂၀၂၄ မနက် ၉ နာရီ
Fit in Deutsch 1  ၃၁.၁၀.၂၀၂၄ ၃၀.၀၉.၂၀၂၄-၀၁.၁၀.၂၀၂၄ မနက် ၉ နာရီ
Goethe-Zertifikat A2 ၃၁.၁၀.၂၀၂၄ ၃၀.၀၉.၂၀၂၄-၀၁.၁၀.၂၀၂၄ မနက် ၉ နာရီ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်သတ်မှတ်သော စာမေးပွဲကြေးများ

အဆင့် သင်တန်းသားများအတွက် စာမေးပွဲကြေး (မြန်မာကျပ်) ပြင်ပမှဖြေဆိုသူများအတွက် စာမေးပွဲကြေး (မြန်မာကျပ်)
A1 300,000 500,000
A2 300,000 500,000
B1 400,000 600,000
B2 400,000 600,000
C1 500,000 600,000
C2 500,000 600,000
Fit 1 300,000 500,000
Fit 2 300,000 500,000