ပွဲခန်းမ ငှားရမ်းရန်

GOETHE-INSTITUT မြန်မာရှိ ပွဲခန်းမကို အောက်ပါအဖွဲ့အစည်းများက ငှားရမ်း၊ အသုံးပြုနိုင်ပါသည်။
  • ‌ပြည်တွင်းရှိအနုပညာရှင်များ (Artists) ၊ ပညာရေးအသိုင်းအ၀န်းနှင့် လူမှုအဖွဲ့အစည်းများ
  • သံရုံးများ
  • ယဉ်ကျေးမှုအဖွဲ့အစည်းများ
  • ဥရောပသမဂ္ဂအဖွဲ့အစည်း
  • ကုလသမဂ္ဂအဖွဲ့အစည်းများ
  • အခြားနိုင်ငံတကာအဖွဲ့အစည်းများ
Goethe-Institut Myanmar နှင့် ပူးတွဲကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများသာမက ပြပွဲများနှင့် သတင်းစာမိတ်ဆက် ရှင်းလင်းပွဲများကိုလည်း ပွဲခန်းမထဲ၌ ကျင်းပပြုလုပ်နိုင်ပါသည်။ ပွဲခန်းမသည် စာကြည့်တိုက်တည်ရှိသော အဆောက်အဦး၏ အနောက်ဘက်တွင် တည်ရှိပါသည်။

ပွဲခန်းမတွင် စားပွဲနှင့်ထိုင်ခုံများ၊ မတ်တပ်စားပွဲများ၊ ရွေ့လျားပြင်ဆင်နိုင်သောဇာတ်ခုံ၊ မိန့်ခွန်းပြောစင်၊ ကားချပ်အရှင်၊ စန္ဒရား၊ တိုက်ရိုက်ဘာသာပြန်ရာတွင် အသုံးပြုသောစက်များ၊ ပရိုဂျက်တာ၊ မိုက်ခရိုဖုန်းများ နှင့် အသံပိုင်းဆိုင်ရာပစ္စည်းများ စသည်တို့ပါ၀င်ပါသည်။ (၄၉)စတုရန်းမီတာ ကျယ်၀န်းသော ပွဲခန်းမဝင်ပေါက်နေရာကိုလည်း ပွဲနှင့်အစီအစဥ်များအတွက် အစားအသောက်များ တည်ခင်းဧည့်ခံနိုင်ရန် အသုံးပြုခွင့်ပေးထားပါသည်။ ပွဲခန်းမသည် (၁၃၉) စတုရန်းမီတာကျယ်၀န်းပြီး လူအယောက် (၁၈၀)ခန့် ၀င်ဆံ့ပါသည်။

လုပ်ဆောင်၊ ပြုလုပ်လိုချက်များ အားလုံးသည် Goethe-Institut Myanmar ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်  လိုအပ်ပါသည်။

ပွဲခန်းမ စီမံခန့်ခွဲ့ရေးအဖွဲ့
auditorium-yangon@goethe.de
+95 1 9376160

   

ဆက်သွယ်ရန်

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက