အခြေခံအဆင့်ဖြစ်သည့် A အဆင့် ပြီးမြောက်သူတစ်ဦး၏ ဘာသာစကား ပြောဆိုရေးသားနိုင်မှုအတိုင်းအတာ | |
A1 ရင်းနှီးကျွမ်းဝင်နေကျ၊ နေ့စဉ်သုံး အသုံးအနှုန်းများ၊ လွယ်ကူရိုးရှင်းသည့် စာကြောင်းများကို နားလည်နိုင်ခြင်း။ မိမိ၏လိုအပ်ချက်များကို ဖော်ပြနိုင်ရန် အဆိုပါ စာကြောင်းများ၊ အသုံးအနှုံးများကို အသုံးပြုနိုင်ခြင်း။ မိမိကိုယ်ကိုနှင့် သူတစ်ပါးကို မိတ်ဆက်ပေးနိုင်ခြင်း။ အခြားသူများကို ၎င်းတို့အကြောင်း မေးခွန်းများမေးနိုင်ခြင်း ဥပမာ။ ။ မည်သည့်နေရာတွင် နေထိုင်သည်၊ မည်သူတို့ကို သိကျွမ်းသည် သို့မဟုတ် မည်သည့်အရာများ ရှိသည် စသဖြင့်။ မိမိနှင့်စကားပြောနေသူသည် ဖြည်းဖြည်းနှင့် ရှင်းရှင်းလင်းလင်းပြောဆိုပြီး မိမိနားမလည်သည့် အရာများအတွက် မိမိအားကူညီရှင်းပြပေးပါက ထိုကဲ့သို့သော လွယ်ကူသည့် အမေးအဖြေများကို ပြောဆိုနားလည်နိုင်မည် ဖြစ်ပါသည်။ |
|
A2 စာကြောင်းများ၊ တိုက်ရိုက်အဓိပ္ပါယ်ဖော်ဆောင်သည့် အသုံးများသည့် အသုံးအနှုန်းများကို နားလည်နိုင်ခြင်း။ (ဥပမာ။ ။ လူပုဂ္ဂိုလ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မိသားစုအကြောင်း၊ ဈေးဝယ်ခြင်း၊ အလုပ်အကိုင်၊ အနီးအနားပတ်ဝန်းကျင်) ရိုးရှင်းသည့် သမားရိုးကျအခြေအနေများတွင် တစ်ဖက်သားအား မိမိဆိုလိုသည်ကို နားလည်စေနိုင်ခြင်း။ လွယ်ကူသည့် အသုံးအနှုန်းများဖြင့် မိမိလာရာအရပ်ဒေသ၊ ပညာရေး၊ အနီးအနားပတ်ဝန်းကျင်စသည့် မိမိ၏လိုအပ်ချက်များကို ပြောဆိုဖော်ပြနိုင်ခြင်း။ |
ဘာသာစကားကို အမီအခိုကင်းစွာဖြင့် ကိုယ်တိုင် အသုံးချနိုင်ခြင်း | |
B1 ပြောဆိုသူသည် ရှင်းလင်းသည့် စံဘာသာစကားကို အသုံးပြု၍ အလုပ်၊ ကျောင်း၊ အားလပ်ချိန်စသည့် ပုံမှန်ပြောနေကျ ခေါင်းစဉ်များအကြောင်းပြောပါက အဓိကဆိုလိုရင်းများကို နားလည်နိုင်ခြင်း။ ဂျာမန်ဘာသာစကားပြောဒေသများတွင် အခြေအနေတော်တော်များ၌ စကားပြောဆိုနိုင်ခြင်း။ သိကျွမ်းပြီး အကြောင်းအရာများနှင့် ပုဂ္ဂလိကစိတ်ဝင်စားသည့် အကြောင်းအရာနယ်ပယ်များအကြောင်း လွယ်ကူစွာ ချိတ်ဆက်ပြောဆိုနိုင်ခြင်း။ အတွေ့အကြုံများ၊ အဖြစ်အပျက်များ၊ အိပ်မက်၊ မျှော်လင့်ချက်များနှင့် ရည်ရွယ်ချက်များကို ဖော်ပြနိုင်ခြင်း။ မိမိ၏စီမံကိန်းများနှင့် ရည်ရွယ်ချက်များအကြောင်း လိုတိုရှင်းရှင်းပြနိုင်ခြင်း (သို့) အကြောင်းပြချက်များပေးနိုင်ခြင်း။ |
|
B2 လွယ်ကူသော သို့မဟုတ် ရှုပ်ထွေးသော စာများ၏ အဓိကဆိုလိုရင်းကို နားလည်နိုင်ခြင်း။ မိမိကိုယ်ပိုင်အထူးပြုနယ်ပယ်မှ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကို နားလည်နိုင်ခြင်း။ ဂျာမန်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသူများနှင့် ရုတ်တရက်ပြောဆိုရသည့်အခါ ကြီးမားသည့် အခက်အခဲတစ်စုံတစ်ရာမရှိဘဲ၊ နှစ်ဘက်လုံး နားလည်အောင် ချောမွေ့စွာ ပြောဆိုနိုင်ခြင်း။ များစွာသော အကြောင်းအရာအကြောင်း ရှင်းရှင်းလင်းလင်းဖြင့် အသေးစိတ်ကျစွာ ပြောဆိုနိုင်ခြင်း။ အကြောင်းအရာတစ်ခုနှင့် ပတ်သက်ပြီး မိမိထင်မြင်ချက်၊ ဖြစ်လာနိုင်သော ကောင်းကျိုး၊ ဆိုးကျိုးများကို ဖော်ပြနိုင်ခြင်း။ |
အရည်အသွေးပြည့်မှီစွာဖြင့် ဘာသာစကားကို အသုံးချနိုင်ခြင်း | |
C1 ရှည်လျားခက်ခဲသော (သို့) နက်နဲသည့် အဓိပ္ပါယ်များပါဝင်သည့် စာများကို နားလည်နိုင်ခြင်း။ ရုတ်တရက်ပြောဆိုရသည့် အခြေအနေများတွင် မိမိပြောလိုသော စကားလုံးများကို စဥ်းစားနေစရာမလိုဘဲ အဆင်ပြေချောမွေ့စွာ ပြောဆိုနိုင်ခြင်း။ ဘာသာစကားကို လူမှုအသိုင်းအဝိုင်း၊ လုပ်ငန်းခွင်၊ အလုပ်သင်ယူခြင်း၊ တက္ကသိုလ်ပညာသင်ကြားမှု စသည့်အခြေအနေများတွင် ချောမွေ့ပြေပြစ်စွာ အသုံးပြုနိုင်ခြင်း။ ရှုပ်ထွေးသည့် ဘာသာရပ်ဆိုင်ရာအကြောင်းအရာများအကြောင်း ရှင်းလင်း၊ စနစ်ကျ၊ အသေးစိတ်ကျစွာ ပြောဆိုနိုင်ခြင်း။ ထို့အတွက် လိုအပ်သည့် စကားဆက်များကို သင့်လျော်စွာ အသုံးပြုနိုင်ခြင်း။ |
|
C2 ကြားသမျှ၊ ဖတ်သမျှကို အခက်အခဲမရှိ နားလည်နိုင်ခြင်း။ မိမိနားထောင်ခဲ့သော (သို့) ဖတ်ခဲ့သော အကြောင်းအရာများကို အကျဉ်းချုပ်ဖော်ပြနိုင်ပြီး လိုအပ်သည့် အကြောင်းပြချက်နှင့် ရှင်းပြချက်များကို အချိတ်အဆက်မိမိ ပေးနိုင်ခြင်း။ ရုတ်တရက်ပြောဆိုရသည့် အခြေအနေများတွင် ကောင်းမွန်ချောမွေ့တိကျစွာ ပြောဆိုနိုင်ပြီး ရှုပ်ထွေးသည့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများကို အဓိပ္ပါယ်ကျစ်လစ်စွာ ရှင်းလင်းပြနိုင်ခြင်း။ |