Ein Bräutigam steckt seiner Braut den Ehering an den Finger. © Goethe-Institut

စာရွက်စာတမ်းများ

နိုင်ငံအများစုတွင် လက်ထပ်ရာ၌ရုံးတက်လက်မှတ်ထိုးကြသည်။ ဤသည်မှာ အများအသိမှတ်ပြုသောတရားဝင်လက်ထပ်ခြင်းဖြစ်သည်။ ဂျာမနီတွင်လည်း ဤကဲ့သို့ပင်ဖြစ်သည်။ ခရစ်ယာန်ဘုရားကျောင်းတွင်လည်းလက်ထပ်နိုင်ပါသည်။ ရုံးတွင်လက်ထပ်ပြီးနောက် ဘုရားကျောင်းတွင်လက်ထပ်လေ့ရှိကြသည်။

ဂျာမနီတွင်လက်ထပ်လိုပါက ပထမဦးစွာ သင့်ရပ်ကွက်ရှိမှတ်ပုံတင်ရုံးတွင်စာရင်းသွင်းရပါမည်။ စာရင်းသွင်းရန်အတွက် စာရင်းသွင်းဖောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့) နိုင်ငံကူးလက်မှတ်နှင့်မွေးစာရင်းတို့လိုအပ်ပါသည်။ အကယ်၍ သင်နှင့်လက်တွဲဖော်တွင်ကလေးရှိပါက ကလေးများနှင့်ပတ်သက်သည့်စာရွက်စာတမ်းများကိုပါတင်ပြရပါမည်။ စာရွက်စာတမ်းများကို ဂျာမန်ဘာသာစကားသို့ဘာသာပြန်ထားရပါမည်။ ဘာသာပြန်ဆိုမှုမှန်ကန်ကြောင်း နိုထရီမှလက်မှတ်ထိုးထားပြီး ၎င်းသည် ဘာသာပြန်ဆိုမှုမှန်ကန်ကြောင်းသက်သေပြနိုင်ရပါမည်။

(၂၀၁၇) ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ဂျာမနီတွင် လိင်တူများလည်း အခြားသူများကဲ့သို့ အခွင့်အရေးတူညီစွာလက်ထပ်နိုင်ပါသည်။ ၎င်းတို့သည် သတ်မှတ်ထားသောတောင်းဆိုချက်များနှင့်ကိုက်ညီပါက အခြားသောလိင်မတူသည့်ဇနီးမောင်နှံများကဲ့သို့ ကလေးများကိုလည်းအမွေစားအမွေခံမွေးစားနိုင်ပါသည်။​​​​​​​

Es sind zwei Bräute zu sehen, die die gleichgeschlechtliche Ehe eingehen. © Goethe-Institut
လက်ထပ်ရာတွင် ရုံးမှစာရွက်စာတမ်း လက်ထပ်စာချုပ်ကိုရရှိပါမည်။ အကယ်၍သင်ဆန္ဒရှိပါက သင့်မိသားစုအချက်အလက်များပါဝင်သောမိသားစုစာရင်း တနည်းအားဖြင့် သန်းခေါင်စာရင်းကိုလည်းထုတ်ယူနိုင်ပါသည်။

အကယ်၍သင်သည် သင့်နိုင်ငံတွင်လက်ထပ်ခဲ့ပြီးဖြစ်ပါက လက်ထပ်စာချုပ်ရရှိပြီးပြီဖြစ်ပါလိမ့်မည်။ ထိုစာရွက်စာတမ်းသည် နိုင်ငံခြားမှလက်ထပ်စာချုပ်ဖြစ်သည်။ ထိုလက်ထပ်စာချုပ်ကို ဂျာမနီတွင်အသိအမှတ်ပြုရန်အတွက် ရုံးတွင်ဆောင်ရွက်နိုင်ပါသည်။

မင်္ဂလာဆောင်ခြင်း

လူအများစုသည် လက်ထပ်ပွဲအတွက် မင်္ဂလာဧည့်ခံပွဲကြီးတစ်ပွဲကျင်းပလေ့ရှိကြသည်။ သတို့သမီးသည် မင်္ဂလာဆောင်ဝတ်စုံအဖြူကိုဝတ်ဆင်လေ့ရှိကြသည်။ များစွာသောဇနီးမောင်နှံများသည် လက်ထပ်လက်စွပ်များကိုဝယ်ယူလေ့ရှိကြသည်။ မင်္ဂလာဧည့်ခံပွဲတွင် သတို့သားဖြစ်သူက သတို့သမီးထံမှလက်စွပ်ကိုလက်ခံရယူပြီး သတို့သမီးဖြစ်သူကလည်း သတို့သားထံမှလက်ထပ်လက်စွပ်ကိုလက်ခံရယူသည်။

“နိုင်ငံတကာထိမ်းမြားလက်ထပ်ခြင်း” (“International marriage”) ခေါင်းစဉ်နှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ဖက်ဒရယ်နိုင်ငံခြားရုံး၏ဝက်ဘ်ဆိုက်များတွင်ကြည့်ရှုနိုင်သည်။

“အိမ်ထောင်ဖက်များလိုက်ပါပြောင်းရွှေ့လာခြင်း” (“Subsequent entry of spouses”) – တစ်နည်းဆိုရသော် ဂျာမနီတွင်နေသောသင်၏ခင်ပွန်း (သို့မဟုတ်) ဇနီးသည်ဆီသို့လိုက်ပါပြောင်းရွှေ့လိုပါက အသေးစိတ်အချက်အလက်များကို BAMF ဝက်ဘ်ဆိုက် „Welcome to Germany“ တွင်ကြည့်ရှုနိုင်ပါသည်။




Ein weiß geschmückter Saal mit Hochzeitsdeko ist zu sehen. © Goethe-Institut

ကွာရှင်းပြတ်စဲခြင်း

ဇနီးမောင်နှံတို့သည် အကြောင်းအမျိုးမျိုးကြောင့်ကွာရှင်းပြတ်စဲကြသည်။ အကယ်၍ အထူးသဖြင့်ကလေးများနှင့်သက်ဆိုင်သောကိစ္စရပ်များတွင် နေထိုင်ကုန်ကျစရိတ်များကိုပေးချေခြင်းနှင့်ပတ်သက်၍ အကြံပေးဆွေးနွေးမှုများကအကူအညီပေးနိုင်ပါသည်။ အကြံပေးနေရာများတွင် ဥပဒေရေးရာမေးခွန်းများကိုလည်းမေးမြန်းနိုင်ပါသည်။

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့