Folkwang၏ နှစ်ပေါင်း ကိုးဆယ်
အနုပညာများ၏အက

Unterricht im Institut für Zeitgenössischen Tanz, Folkwang Universität der Künste
Unterricht im Institut für Zeitgenössischen Tanz, Folkwang Universität der Künste | © Heike Kandalowski

ဂျာမနီအနောက်ဖက်ပိုင်း Essen မြို့ရှိ Folkwang အနုပညာတက္ကသိုလ်သည် နှစ်ပေါင်း ကိုးဆယ် စွန်းစွန်း ရှိခဲ့ပြီ။ ၁၉၂၇ ခုနှစ်၌ စတင်တည်ထောင်စဉ်က အချိန်ကို ပြန်ပြောင်းကြည့်သော် ကျောင်း၏သမိုင်း၊ ကျောင်း၏ဩဇာ၊ ကျောင်း၏ဖွံ့ဖြိုးမှုနှင့်အတူ ကျောင်း၏နာမည်ကျော် ကျောင်းသားဟောင်းများစွာတို့က “Folkwang” တက္ကသိုလ်အား ကမ္ဘာကသိအောင်လုပ်ဆောင်ပေးခဲ့ကြသည်။

ကျောင်းတည်ထောင်သည့် ၁၉၂၇ ခုနှစ်တွင် Folkwangschule သည် တက္ကသိုလ်တစ်ခုအဖြစ်သို့ မရောက်သေးဘဲ၊ ၁၉၆၃ ခုနှစ်မှ သာ တက္ကသိုလ်အဆင့်ရရှိသည်။ ကျောင်းသစ်တစ်ကျောင်း၏ အစသည် အဘယ်နည်း။ ရှိရင်းစွဲကျောင်းများနှင့် မလုံလောက် သောအခါ၊ လူများက လိုအပ်ချက်ကို သတိပြုမိပြီး၊ စတင်ဖြည့်ဆည်းဖို့ကြိုးပမ်းသောအခါ ဖြစ်ပါသည်။ နှစ်တစ်ရာနီးပါးရှိသော သမိုင်းကြောင်းအတွင်း ပိုမိုစိတ်ဝင်စားစရာကောင်းပြီး၊ မှတ်သားထိုက်သော ဖြစ်ရပ်များရှိကြသည်။

ရှေ့ပြေးများ 

၁၉၂၅ ခုနှစ်တွင် ဂျာမနီနိုင်ငံအနောက်ဖက်ပိုင်း Münster မြို့ရှိ မြူနီစီပယ် ပြဇာတ်ရုံတွင် လှုပ်ရှားမှုဒါရိုက်တာနှင့် “Neue Tanzbühne”အကအဖွဲ့၏ အကြီးအကဲ Kurt Jooss သည်  တည်ရှိပြီးသား ဂီတကောလိပ်အား အကပညာ၊ စကားပြောပညာနှင့် ဂီတအကယ်ဒမီအဖြစ် တိုးချဲ့သည်။ ၎င်း၏ပြဇာတ်ရုံနှင့် အလွန်ဆက်စပ်သော လှုပ်ရှားမှုဖြစ်သည်။ သူနှင့်အတူ ကကွက်စီစဉ်ဖန်တီးသူ Sigurd Leeder ၊ ခေတ်သစ် အနုပညာဇာတ်ရုံဒါရိုက်တာ Rudolf Schulz-Dornburg တို့နှင့် အတူတွဲဖက်၍ ထိုသို့တိုးချဲ့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဂျာမနီနိုင်ငံတွင် ထိုကဲ့သော အသက်မွေးဝမ်းကျောင်းဌာန၊ လေ့ကျင့် သင်ကြားရေး အမိုးတစ်မိုးအောက်ရှိ အနုပညာဘာသာရပ်သုံးမျိုးနှင့် ခေတ်သစ်အက ကျောင်းတစ်ကျောင်း နှင့်လိုက်လျောညီထွေအယူအဆတစ်ရပ်ရှိသော ကျောင်းဟူ၍ မရှိသေးချေ။ မဖွယ်မရာ ထုတ်လုပ်ဖန်တီးသည်ဆိုသော စွပ်စွဲချက်ကြောင့်  Jooss လည်း ထိုနေရာမှလွင့်သွားပြီးသည့်နောက်တွင် ဖန်တီးနိုင်စွမ်းများ၊ လေ့ကျင့်သင်ကြားပေးနိုင်စွမ်းများ ပိုင်ဆိုင်ထားကြသည့် သူနှင့်သူ့အဖွဲ့ကို Essen မြို့သူမြို့သားများက ဖိတ်ခေါ်သဖြင့် ပြောင်းရွှေ့အခြေချခဲ့ကြသည်။ တည်ရှိပြီးသား ကုန်သွယ်ရေးနှင့် အသုံးချအနုပညာကျောင်းကို ဘာသာရပ်သုံးခုသင်သော အသက်မွေးကျောင်း နှင့် ပူးပေါင်းလျက် Folkwang ကျောင်းနာမည် ခံယူသည်။ ဤနာမည်မှာ Hagen မြို့မှ စွန့်ဦးတီထွင်သူလည်းဖြစ်၊ အနုပညာစုဆောင်းသူလည်းဖြစ်သောKarl Ernst Osthaus သည် ယခုကျောင်းနေရာဖြစ်နေသော သူ့ပြတိုက်အတွက် ၁၉၀၂ ခုနှစ်တွင် ရွေးချယ်ခဲ့ သောအမည်ဖြစ်သည်။ ထိုနေရာတွင် ဂျာမန်နတ်သမီး Freya၏ ခန်းမကို “hall of the people” “လူထု၏ခန်းမဆောင်” အဖြစ် ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုကြပြီး၊ နိုင်ငံသားများ အားလုံးအတွက် အနုပညာကိုတွေ့မြင်ထိတွေ့နိုင်သော နေရာတစ်နေရာဖြစ်လာသည်။
 
  • Folkwang Protagonists: Tidten, Schulz-Dornburg, Jooss, Erpf  (f.l.t.r.) © Folkwang University of Arts, Archive

    Folkwang Protagonists: Tidten, Schulz-Dornburg, Jooss, Erpf (f.l.t.r.)

  • Rehearsal with Jean Cébron, Kurt Jooss, Pina Bausch, Erika Fabry, ca. 1963 © Folkwang University of Arts, Dance Archive

    Rehearsal with Jean Cébron, Kurt Jooss, Pina Bausch, Erika Fabry, ca. 1963

  • Wolfgang Jooss and the Folkwang Dancetheatre in front of Folkwang about the year 1952 © Folkwang University of arts, Dance Archive, Photo: Ernst Knodt

    Wolfgang Jooss and the Folkwang Dancetheatre in front of Folkwang about the year 1952

  • Folkwang Dance Studio 2017 © Veronika Kurnosova

    Folkwang Dance Studio 2017

  • Young Choreographers 2017, Folkwang University of Arts © Elsa Wehmeier

    Young Choreographers 2017, Folkwang University of Arts

 

FOLKWANG ဆိုတာ ဘာလဲ

ယခုကျောင်းတစ်ကျောင်းအဖြစ် ပြောင်းလဲထားသော ဤခန်းမဆောင်ကို ကျောင်းသူကျောင်းသားများ အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်ထားသည်။ အမှန်စင်စစ် အနုပညာပုံစံအားလုံးနှင့် ထိတွေ့ခွင့် ရနိုင်ရန်ဖြစ်သည်။ ၁၉၂၇ ခုနှစ် အောက်တိုဘာလ ၈ရက် နေ့ တွင် Folkwang  ဂီတ၊ အကနှင့် စကားပြော ကျောင်းများကို Frankfurt ရှိ ၈ထပ်အဆောက် အဦးဖြစ်သော Friedrichstraße 34 တွင်ဖွင့်လှစ်ခဲ့သည်။ ဌာနများ၏ သင်တန်းများအပြင် “ထပ်နေသော” ကမ်းလှမ်းမှုများလည်း ရှိသေးသည်။ ယခုခေတ်တွင် “ဘာသာရပ်တစ်ခုမက အပြန်အလှန်ပါဝင်နေကြသော” ဆိုသည့် အဓိပ္ပါယ်ဖြင့်သိရှိကြသည်။ ဤစကား အသုံးအနှုန်းသည် ပေါ့တန်တန်သုံးလေ့ရှိ၍ အဓိပ္ပါယ်ကင်းမဲ့လုလုဖြစ်လာသည်။ သို့သော် အနုပညာပိုင်းတွင် ကြိုးစားအားထုတ်မှုပါခြင်းမျိုး အဓိပ္ပါယ်လည်း သိပ်မဆောင် သို့မဟုတ် သင်ကြားနည်းနှင့်ဆိုင်သည်ဟူသော အဓိပ္ပါယ်လည်း ဖြစ်နိုင်သည်။ “ဘာသာရပ်” အသီးသီးသည် ဗဟုသုတနှင့် စွမ်းဆောင်ရည်ပေါ်တွင် မူတည်ကြောင်း ထို ခေတ်အခါက တည်ထောင်သူများက သိရှိကြသည်။ အကျိုးသက်ရောက်မှု၊ အောင်မြင်မှုတို့နှင့် စပ်လျဉ်း၍ Folkwang ကျောင်းဇာတ်လမ်းသည် အကဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမည်ဟူ၍ကား ကြိုတင်မျှော်လင့်မထား။ အမှန်တော့ အကကို ဂုဏ်ပြုခြင်းတစ်ရပ် ဖြစ်သည်။ ယခုခေတ်မှာလိုပင် ထိုစဉ်ကလည်း အကကို ခေတ်ပြိုင် အဖြစ်၊ မျိုးကွဲများဆုံစည်းမှုအဖြစ်၊ စူးစမ်း ဖွေရှာမှု ရှိပြီး၊ ပေါင်းစပ်နိုင်စွမ်းရှိသည်အရာ အဖြစ်ရှုမြင်ကြသလို၊ Jooss-Leeder အဖွဲ့၏ အသိဉာဏ်ပညာ၊ နှစ်ခြိုက်စွဲလမ်းမှု၊ ထိုးထွင်းဉာဏ်၊ ဆွဲဆောင်မှု စွမ်းရည်များ ကို ဂုဏ်ပြုခြင်းလည်းဖြစ်သည်။
 
အကဌာန၊ ကျောင်းသားဟောင်းများနှင့် ပြင်ပ ပရောဖက်ရှင်နယ်များ၏အဖွဲ့ သို့မဟုတ် တည်ရှိပြီး၊ ပြဇာတ်ရုံတစ်ရုံနှင့် အဆက်အစပ်တို့သည် သူတို့ရရှိဖူးခဲ့သောအရာ၊ ရယူချင်နေသောအရာအတွက် မကြာမကြာ တိုက်ခိုက်ကြရသည်။ ။ Jooss အတွက် ဤသုံးပွင့်ဆိုင်တြိဂံက အရေးပါသည်။ သို့သော် Essen မြို့ရှိ Opera House (ပြဇာတ်ရုံ) သို့မဟုတ် နောက်ပိုင်းတွင်လည်း Düsseldorf မြို့ရှိ ပြဇာတ်တစ်ရုံ ဘယ်တစ်ရုံကမှ သူဖြစ်ချင်သောနည်းအတိုင်း လွတ်လပ်စိတ်အနုပညာအယူအဆများနှင့် အမှန်တကယ် လိုက်လျောခွင့်ပြုလိုကြသည် မဟုတ်ချေ။ ထို့ပြင် ရှုပ်ထွေးဇာတ်လမ်းကို အတိုချုပ်ပြောရသော် (Patricia Stöckemann ၏ အတ္ထုပတ္တိ ဖြစ်သော Etwas ganz Neues muß entstehen. Kurt Jooss und das Tanztheater, K. Kieser Verlag, Munich ၂၀၀၁ ခုနှစ်နှင့် ဆက်စပ်၍) ၁၉၃၃ ခုနှစ်တွင် Joossသည် ဂျာမဏီနိုင်ငံမှ ထွက်ခွာခဲ့သည့် အကြောင်းမှာ သူ့ဂျူး သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များကို အလုပ်မှထုတ်ပစ်ဖို့ ငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ကျောင်း၏ နာယကများ၏အကူအညီဖြင့် အင်္ဂလန်နိုင်ငံ တောင်ဘက်ပိုင်းရှိ Dartington မြို့သို့ပြောင်းရွှေ့သွားသည်။ သူ့ဘဲလေးမဟုတ်သောအကအဖွဲ့ဟု လွဲမှားစွာ ခေါ်ဝေါ်သော “Ballets Jooss”သည် ဥရောပတိုက်တစ် ခွင်နှင့် အမေရိကတိုက်နှစ်တိုက်စလုံးတွင် နှစ်ပေါင်း များစွာလှည့်လည်ခဲ့ကာ သူ့ဒဏ္ဍာရီအကဖြစ်သော The Green Table ကို တင်ဆက်ကပြလေသည်။ ၁၉၃၁ ခုနှစ်ကတည်းက Fritz A. Cohen ဖွဲ့သီသော စန္ဒရား အလိုက်ဖြင့် တင်ဆက်သော ဤ Tanztheater အရေးပါသော ဇာတ်သည် နှုတ်ဖြင့်မသီဆိုသော်ငြား၊ တင့်ဆန်း ဝေဆာမှုဖြင့် စစ်၏ရလဒ်ဖြစ်သော အပျက်အစီးများကို သရုပ်ဖော်ခြင်းဖြစ်ရာ ယနေ့တိုင် လွမ်းဆွတ်တမ်းတနေဆဲဖြစ်သည်။[MOU1] 

EUKINETICS(ခန္ဓာကိုယ်လှုပ်ရှားမှုကိုထိန်းချုပ်သော နည်းလမ်း)နှင့် CHOREUTICS (နေရာညီညွတ်မှု သဟဇာတ)တို့မှလာသော သဟဇာတသီအိုရီ

 
Kurt Jooss သည် လေးနက်သော၊ ပေါ့ပေါ့ပါးပါး အကကွက်များကို ဖန်တီးရာတွင် သူနားလည်သော အနုပညာနှင့်အကတို့ကို အခြေခံကာ အနှစ်သာရကိုရှာဖွေရင်း အဇ္ဈတဘဝနှင့် ဗဟိဒ္ဓပုံစံ၊ လှုပ်ရှားမှုနှင့် နေရာအကျယ်အဝန်းတို့၏အတိအကျ ဆက်နွယ်မှု အပေါ်အခြေခံ၍ အဓိပ္ပါယ်ကျယ်ဝန်းမှုက ဆွဲဆောင်မှုဖြစ်သည်။ ဤအဆက်အစပ်ကိုလည်း Jooss နှင့်Leederတို့ အမြဲမပြတ် ပြန်လည်မွမ်းမံနေသော အကသင်ရိုးများတွင် လက်တွေ့လည်း ကျင့်သုံးသလို လေ့လာစူးစမ်းမှုကိုလည်း ဆောင်ရွက်သည်။ ၁၉၄၉ ခုနှစ်တွင် Jooss က Folkwang Tanzabteilung in Essen-Werden (၂၀၁၂ ခုနှစ်ကတည်းက ခေတ်ပြိုင် အက ကျောင်း) ကို တည်ထောင်၍ ယနေ့အထိ ကျင့်သုံးဆဲဖြစ်သည်။
 
သူတို့ကနည်းစံနစ် သို့မဟုတ် ဟန်ဆိုသည်ထက် နည်းလမ်းကို ဖန်တီးခဲ့ကြသည်။ ၁၉၂၀ ပြည့်လွန်နှစ်များအလယ်တွင် လူကြိုက်များလာသော ကျွမ်းဘားနှင့် ဆက်ဆိုင်ခြင်းမရှိပါ။ Mary Wigman၊Harald Kreutzberg နှင့် Gret Palucca တို့ကဲ့သို့သော အနုပညာသမားတို့၏ အရှိန်အဟုန်ဝန်းထဲတွင် မိမိကိုယ်ကို ကြွားဝါနေသော ကိုယ့်ကိုယ်ကို အမွှန်းတင်သမားများ၏ မနူးမနပ်အလုပ်အဖြစ် ခေတ်သစ်အကပညာသစ်ကို တရားခံအဖြစ် မကျရောက် ရအောင်တားဆီးရန်ဖြစ်သည်။ ထိုအကဖန်တီးသူများ အထူးသဖြင့် ဤနယ်ပယ်တွင် ပေါင်းစပ်သွားသော Rudolf von Laban၊ Jooss နှင့် Leeder တို့၏ ပွင့်လင်းနယ်ပယ်များတွင် “Rococo ခေတ်တွင် ဂန္ထဝင်ဘဲလေးပုံစံဖန်တီးသကဲ့သို့ ကျွန်ုပ်တို့ ၏ လက်ရှိအကပုံစံကို တည်ငြိမ်စေရန်နှင့် ပျိုးထောင်ပေးရန်” အတွက် စံနစ်တစ်ခုကို ရှာဖွေကြသည်။ ဘဲလေးအကထံမှ နည်းစံနစ်အချို့ကို ရယူကာ ဘဲလေးအကကိုလည်း ဘယ်တော့မှ တိုက်ခိုက်ရန်လိုခြင်းမရှိခဲ့ပေ။ ရည်မှန်းချက်မှာ “ကျောင်းမှ ကျောင်းဆင်း အကသမားများသည် ဇာတ်သဘင်နှင့် လူ့အဖွဲ့အစည်း၏ ခေတ်သစ်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးရမည်။ တစ်ချိန်တည်းတွင်လည်း အနာဂတ်အကပညာ၏ ဖြစ်နိုင်ခြေကိုလည်း စိတ်ထဲ ထည့်ထားရမည်။”

ပြန်၍ပြန်၍ နုပျိုလာခြင်း။

 
ထိုစဉ်က Jooss နှင့် Leeder တို့ နှစ်ဦးစလုံးသည် အသက် သုံးဆယ်မပြည့်ကြသေး။ ပစ္စက္ခအချိန်တို့သည် အမြဲမပြတ် ပြောင်းလဲနေကြသည်။ သို့သော် နောက်ပိုင်းတွင် ဤဖောင်ဒေးရှင်းကိုEssen မြို့ရှိ Jooss တပည့်များ ဖြစ်သော Jean Cébron နှင့် Hans Züllig၊ ယနေ့ခေတ်တွင် Lutz Förster နှင့် Stephan Brinkmann တို့ ပြုစုပျိုးထောင်ခဲ့သော ဤဖောင်ဒေးရှင်းကို Laban နှင့် Jooss တို့ တွက်ချက်လုပ်ကိုင်ပေးခဲ့သော အကသင်္ကေတရှိ kinetography (လှုပ်ရှားနေ သောအရာများကိုရုပ်ရှင်ရိုက်ကူးခြင်းပညာရပ်) သင်ခန်းစာများဖြင့် ဖြည့်စွက်သည်။ ဤကျောင်း၏ဘွဲ့ရများအနက် နာမည်ကျော်ပုဂ္ဂိုလ်များမှာ ၁၉၇၀ ပြည့်နှစ်များမှသည် Tanztheater ကို ပြန်လည်မွမ်းမံသော  Pina Bausch၊  Susanne Linke၊  Reinhild Hoffmann တို့၊ Urs Dietrich၊ Joachim Schlömer၊ Christine Brunel၊ Wanda Golonka၊ Henrietta Horn၊ Felix Ruckert နှင့် Ben J. Riepe တို့ပါဝင်သည်။ သို့သော် သူတို့လောက် နာမည်မကျော် သော်လည်း“Folkwang” မှ တစ်စုံတစ်ရာကို ကမ္ဘာက သိအောင် လုပ်ဆောင်ပေးသူများလည်းရှိသည်။ နှစ်ပေါင်း ၉၀ ကြာမြင့်ပြီးသော်လည်း မေးခွန်းထုတ်ခြင်း နှင့် အကတို့အတွက် မပြီးဆုံးသေးသော တစ်စုံတစ်ခု ရှိသည်။ Folkwang Tanzstudio ကုမ္ပဏီနှင့် ဌာနဦးစီးဦးဆောင် အကပညာရှင် Bausch က ၂၀၀၀ ပြည့်နှစ် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောထားသည့် အတိုင်း “ဆက်လက်ပြီး ကြီးထွားနေတုန်းပဲ။ ဒါပေမဲ့ ပုံစံတစ်မျိုးနဲ့ပေါ့” ဟူ၍ ဖြစ်သည်။