Expanded Curatorial Practice & Exhibition Making Training
Open Call
Goethe-Institut မြန်မာမှအနုပညာပြပွဲစီမံခန့်ခွဲမှုဆိုင်ရာအလေ့အကျင့်ကိုချဲ့ထွင်နိုင်ရန် သင်တန်းတစ်ရပ်ကို စီစဉ်ပို့ချသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အနုပညာအခင်းအကျင်းတွင် ပြပွဲစီမံခန့်ခွဲမှုဆိုင်ရာပညာရှင်များ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုသင်တန်းအစီအစဉ်ကိုစတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်းသာမက အမြို့မြို့ အနယ်နယ်မှစိတ်ပါ၀င်စားသူ မည်သူမဆိုလျှောက်ထားနိုင်ပါသည်။ အဓိကပို့ချမှုများကို documenta Institut မှ Prof. Dr. Mi You မှဦးဆောင်သွားမည်ဖြစ်ပြီး ထပ်ထိုးသင်တန်းတိုများ၊ စကား၀ိုင်းဆွေးနွေးခြင်းများလည်းပါရှိပါသည်။
Training Schedule
Expanded Curatorial Practice & Exhibition Making training program အတွက်သင်တန်းသားခေါ်ယူခြင်းကို ဇူလိုင်လ (၂၄) ရက်နေ့မှာစာရင်းပိတ်ခဲ့ပြီး စိတ်ပါ၀င်စားသူများစွာလျှောက်ထားခဲ့ကြပါတယ်။ များပြားလှတဲ့လျှောက်လွှာများထဲမှ (၁၆) ဦးကိုရွေးချယ်ပြီး သင်တန်းတက်ရောက်ခွင့်နဲ့ အဖွဲ့လိုက်ပြပွဲစီမံကိန်းများဖော်ဆောင်ရန်အတွက် ဆုငွေပေးအပ်ခြင်းတို့ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။
သင်တန်းများကို အဓိကပို့ချသူအဖြစ် documenta Institut မှ Prof. Dr. Mi You ကအောက်ဖော်ပြအချိန်များအတိုင်း ပို့ချသွားမှာဖြစ်ပါတယ်။ Main training section:
- August 11, 18, 25, 2023 (2:00 PM-4:30 PM)
- September 1 (2:00 PM-4:30 PM) Location: Goethe-Institut Myanmar Auditorium
စင်္ကာပူအမျိုးသားအနုပညာပြခန်းမှ Senior Curator and Deputy Director (Curatorial and Research) Mr. Seng Yu Jin မှထပ်ဆောင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း ဖော်ပြပါအစီအစဉ်အတိုင်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ Additional training section:
- September 16, 2023 (2:00 PM - 4:30 PM)
Mi You သည်Kassel တက္ကသိုလ်/ documenta Institut မှ အနုပညာနှင့်စီးပွါးရေးပါမောက္ခတစ်ဦးဖြစ်ပါသည်။ သူမသည် Academy of Media Arts Cologne တွင် ၂၀၁၄ မှ ၂၀၂၁ ထိ အနုပညာနှင့်မီဒီယာဘာသာရပ်ဌာနတွင် သုတေသနတွဲဖက်အဖြစ်လုပ်ဆောင်ခဲ့သည်။ Arts Bremen တက္ကသိုလ် အနုပညာ ပရိုဂရမ်တွင် ၂၀၁၆ မှ ၂၀၁၇ ထိ၊ Dutch Art Institute ၏ Roaming Academy ပရိုဂရမ်တွင် ၂၀၁၈ မှ ၂၀၁၉ ထိ၊ School of Art, Design and Architecture, Aalto တက္ကသိုလ်၏ Visual Cultures, Curating နှင့် ခေတ်ပေါ် အနုပညာပရိုဂရမ်များတွင် ၂၀၁၉ မှ ၂၀၂၀ ထိ သင်ကြားပို့ချခဲ့သည်။ Dr. Mi You သည် မီဒီယာသီအိုရီ၊ သိပ္ပံနှင့်နည်းပညာတို့ကို လေ့လာဆည်းပူးခဲ့ပါသည်။
Seng Yu Jin သည် National Gallery Singapore ၏ Curatorial နှင့် Exhibitions ပိုင်းတွင် လက်ထောက် ညွန်ကြားရေးမူးဖြစ်ပြီး၊ စီနီယာကျူရေတာတစ်ယောက်လည်းဖြစ်ပါသည်။ LASALLE အနုပညာကောလိပ်တွင် အာရှအနုပညာသမိုင်းမဟာဝိဇ္ဇာတန်းနှင့် Fine Art ဝိဇ္ဇာတန်းများ ကိုသင်ကြားပို့ချခဲ့ပြီး ယခုအခါ National University of Singapore အနုပညာသမိုင်းပရိုဂရမ်၏သာမန်ဘာသာရပ်တွင် သင်ကြားပို့ချလျှက်ရှိသည်။
Goethe-Institut Myanmar ကစီစဥ်ပြုလုပ်ခဲ့တဲ့ Expanded Curatorial practice and Exhibition Making သင်တန်းမှ curatorial team များက ရန်ကုန်မြို့ရှိ အနုပညာပြခန်းအသီးသီးတွင် ပြပွဲများဆက်လက်လုပ်ဆောင်လျှက်ရှိပါသည်။ ပြပွဲအကြာင်းအသေးစိတ်ကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။