©Myanmar Photo Archive
ဖက်ရှင်အကြောင်း တစ်စေ့တစ်စောင်း
ဖက်ရှင်က အရာရာနှင့် သက်ဆိုင်ပါတယ်။ တချို့အတွက်ဖက်ရှင်က ဖန်တီးမှု၊ ထုတ်ဖော်ပြသမှု၊ ပီတီဖြစ်မှု၊ သို့တည်းမဟုတ် ရိုးရိုးရှင်းရှင်း အရောင်တွေကို ချစ်မြတ်နိုးမှုနှင့် အလှတရား မှ အရင်းတည်ပါသည်။ ရိုးရာအ၀တ်အစားများ၊ ခေတ်ပေါ်အ၀တ်အစားများနှင့် တစ်ကိုယ်ရည်စတိုင်များ ရောပြွန်းလိုက်သောအခါ နေ့စဉ်နှင့်အမျှ မြန်မာ့ဖက်ရှင်ကို ကျယ်ကျယ်ပြန့်ပြန့် အသက်၀င် ပေါ်လွင်ထင်ရှားစေပါသည်။
စတူဒီယို ဓာတ်ပုံများ၊ တစ်ကိုယ်ရည် ရိုက်ကူးထားသော ဓာတ်ပုံများနှင့် ကြော်ငြာများမှ တစ်ဆင့် မြန်မာ့ဖက်ရှင် အကြောင်း တစ်စေ့တစ်စောင်းကြည့်ရှုနိုင်ရန်အတွက် Yangon Book Plaza မှာ ပြုလုပ်မည့် အမြင်ဆန်းသစ်စေမည့် ဓာတ်ပုံပြပွဲသို့ လာရောက်ရန် ဖိတ်ခေါ်လိုက်ပါသည်။
ပြပွဲအသေးစိတ်အချက်အလက်များ
ပြပွဲအမည်။ ။ ဖက်ရှင်အကြောင်း တစ်စေ့တစ်စောင်း
တည်နေရာ။ ။ Yangon Book Plaza, လမ်းမတော်လမ်း၊ ရန်ကုန်
ပြပွဲကာလ။ ။ ၂၀၂၄ ခုနှစ်၊ နို၀င်ဘာ ၂၉ ရက် မှ ဒီဇင်ဘာ ၁၅ ရက်ထိ
©Myanmar Photo Archive
တစ်ခွက်...
နှလုံးသားနွေးထွေးစေမည့် Café Deja Brew မှာပြုလုပ်မည့် ပြပွဲလေးတစ်ခုကို လာရောက်ဖို့ဖိတ်ခေါ်လိုက်ပါသည်။ ဤပြပွဲမှာ vernacular အဖွဲ့သားများရိုက်ကူးထားသော ဓာတ်ပုံများဖြစ်သည့် မိတ်ဆုံပွဲများနှင့် ဖြတ်သန်းခဲ့ကြသည့် အဖိုးတန်အမှတ်တရများ၏ အလှတရားကို ဖော်ကြူးထားပါသည်။ ရန်ကုန်မြို့မှ တစ်ကိုယ်ရည် စုဆောင်းထားသော ဓာတ်ပုံအယ်လ်ဘမ်များမှ ကောက်နုတ်ထားသော သဘာ၀ကျသည့် ပုံရိပ်များသည် လူမှု့အသိုင်းအ၀ိုင်းဇတ်ကြောင်း၊ မိတ်ဖွဲ့မှုနှင့် ရင်းနှီးခင်မင်မှုများကို ထင်ဟပ်စေပါသည်။
အကြိုက်ဆုံးကော်ဖီတစ်ခွက် သောက်သုံးရင်း ဓာတ်ပုံတစ်ပုံချင်း၏ နောက်ကွယ်မှ ဇတ်ကြောင်းများတွင် စီး၀င်ခံစားပြီး သူမတူတဲ့ အတိတ်ကို လျှပ်တစ်ပြက်ခံစားလိုက်ပါ။
ပြပွဲအသေးစိတ်အချက်အလက်များ
ပြပွဲအမည်။ ။ တစ်ခွက်...
တည်နေရာ။ ။ Café Deja Brew,အမှတ် ၁၃၄၊ ၃၇ အလယ်ဘလောက်၊ မဟာဗန္ဓုလနှင့် အနော်ရထာကြား၊ ရန်ကုန်
ပြပွဲကာလ။ ။ ၂၀၂၄ ခုနှစ်၊ နို၀င်ဘာ ၂၉ ရက် မှ ဒီဇင်ဘာ ၁၅ ရက်ထိ
©Myanmar Photo Archive
ရုပ်ရှင်၀ါသနာအိုး
ရုပ်ရှင်၀ါသနာအိုး ရောက်ရှိလို့လာပါပြီ။
၁၉၅၀ နှင့် ၁၉၇၀ ခုနှစ်များတွင် မြန်မာ့ရုပ်ရှင်လောကသည် အလားအလာရှိသည့် ရုပ်ရှင်ယဉ်ကျေးမှုကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့် ဗမာဟောလိ၀ုဒ်ဟု ပြောစတမ်းတွင်ခဲ့သည့်တိုင် ရွှေခေတ်တစ်ခေတ်ဖြစ်ခဲ့သည်ကို မီးမှောင်းထိုးပြမည့် ပြပွဲသို့ လာရောက်ရန်ဖိတ်ခေါ်လိုက်ပါသည်။ ထိုကာလအတွင်း ရုပ်ရှင်စတူဒီယိုများစွာဖွံ့ ဖြိုးတိုးတက်လာခြင်း၊ ရုပ်ရှင်ကားများစွာ ဖန်တီးထုတ်လုပ်မှုက ဒေသခံပရိတ်သတ်များကို ရင်သပ်ရှုမောစေခဲ့ပါသည်။ ရုပ်ရှင်သရုပ်ဆောင်များသည် နိုင်ငံ့၏ပြယုဒ်တစ်ခုဖြစ်လာခဲ့ပြီး ဘောလိ၀ုဒ်နှင့် ဟောလိ၀ုဒ်မှ လွှမ်းမိုးမှုများကြောင့် အချစ်ဇာတ်လမ်းများ၊ ရိုးရာပုံပြင်ဇာတ်ကြောင်း စသည့် ရုပ်ရှင်ဇာတ်လမ်း အမျိုးအစားများကိုပါ ရိုက်ကူးဖန်တီးလာနိုင်ခဲ့ကြသည်။
ဤပြပွဲတွင် မြန်မာ့ရုပ်ရှင်များ၏ ရုပ်ရှင်ပိုစတာများနှင့် အမှတ်တရ ဖြစ်စေမည့် အမွေအနှစ်များကို ကြည့်ရူခံစား နိုင်မှာဖြစ်ပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်းနှင့် အခြားမူပိုင်ရှင်များထံမှ စုဆောင်းထားသော အနုပညာဆန်သည့် ရုပ်ရှင်ပိုစတာများ၊ ကြော်ငြာများ၊ ပရိတ်သတ်အယ်လ်ဘမ်များကို လေ့လာနိုင်မှာဖြစ်လို့ လက်မလွတ်သင့်တဲ့ပြပွဲတစ်ခုဖြစ်ပါသည်။
ပြပွဲအသေးစိတ်အချက်အလက်များ
ပြပွဲအမည်။ ။ ရုပ်ရှင်၀ါသနာအိုး
တည်နေရာ။ ။ အမှတ် ၂၀၁/၂၀၃၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်။
ဖွင့်ပွဲအခမ်းအနား။ ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် (တနင်္ဂနွေ)
ပြပွဲကာလ။ ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်ထိ
©Myanmar Photo Archive
အောင်မြတ်ဌေးမှ တင်ဆက်သည်
ဝိညာဉ်များနောက်ပြန်စီးဆင်းသည့်အခါ
ဤပြပွဲသည် မြန်မာနိုင်ငံ၏အတိတ်နှင့် ပစ္စုပ္ပန်ကာလအကြား အချိန်ကြာမြင့်စွာ ဆက်လက်တည်ရှိနေခဲ့သော စိတ်ဝိဉာဉ်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်း အစဉ်အလာများဆက်စပ်ပြောင်းလဲနေမှုကို စူးစမ်းလေ့လာထားပါသည်။
သက်ဦးဆံပိုင်ခေတ်မှသည် ကိုလိုနီခေတ်သို့အကူး၊ ထိုမှတဆင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း မတည်ငြိမ်ခဲ့သော သမိုင်းဝင် နိုင်ငံရေးခေတ်ကာလများ၏ သိသာစွာ ကွဲပြားရှုပ်ထွေးလှသော လူမှုရေး နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျင့်ဝတ်များက နက်ရှိုင်းစွာကူးလူး ဆက်နွယ်နေပုံကို ယခုပြပွဲတွင် အလေးပေးဖော် ပြထားပါသည်။
မော်ကွန်းမှတ်တမ်းဓာတ်ပုံများမှတဆင့် ကိုယ်ပိုင်မှတ်ဉာဏ်များကို ပြန်လည်တူးဆွရင်း အတိတ်သမိုင်းဆီမှ ဂုဏ်ယူစရာ လွမ်းဆွတ်စရာ သင်ယူစရာ စသည်တို့ရောပြွန်းနေသော ခြောက်လှန့်မှုများကို ခေတ်ပြိုင်အနုပညာရသများမှတဆင့် သိမြင်ခံစားနိုင်မည်ဖြစ်ပါသည်။
အတွေးခေါ်ပညာၡင်သမားတော် John Locke ၏ မှတ်ဉာဏ်သီအိုရီနှင့် အတွေးခေါ်ပညာၡင် သမိုင်းဆရာ Michel Foucault ၏"counter-memory" သဘောတရားတို့ကို နမူနာယူကိုးကား၍ ဤပြပွဲသည်သမိုင်းမှတ်ဉာဏ်များကို လူမှုရေးနိုင်ငံရေးအခြေအနေများထက် ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရား၏ရင်းမြစ်တခုအဖြစ် ဆန်းစစ်မေးခွန်းထုတ်ထားပါသည်။ အတိတ်ကာလမှ မြန်မာနိုင်ငံ၏ ဇာစ်မြစ်နဲ့ သမိုင်းပုံရိပ်များအကြား နက်ရှိုင်းသောဆက်ဆံရေးများက ပစ္စုပ္ပန်ကာလအပေါ် မည်သို့လွှမ်းမိုးနေပုံကို ဓာတ်ပုံများကတဆင့်ထုတ်ဖော်ပြသထားမည်ဖြစ်ပါသည်။
ခေတ်ပြိင်အနုပညာရှု့ထောင့်မှ သမိုင်းကို ပြန်လည်ပုံဖော်ရန် Goethe-Institut Myanmar နှင့် Myanmar Photo Archive တို့က စီစဉ်ခဲ့သည့် အဆိုပြုလွှာခေါ်ယူခြင်း အစီအစဉ်မှ ကောက်နုတ်ထားသည့် အနုပညာရှင်များဖြစ်သော Han Reality၊ မိုးမြတ်၊ မေသင်းကြည်၊ ကယ်လ်ဗင် ရှိုင်းကို၊ ကျော်မင်းထက်၊ အယ်လ်ကိုထူး၊ ကိုစိုင်းနဲ့ ရဲကျော်အောင်တို့၏ လက်ရာများ ပါ၀င်မည်ဖြစ်ပါသည်။
ပြပွဲအသေးစိတ်အချက်အလက်များ
ပြပွဲအမည်။ ။ ဝိညာဉ်များနောက်ပြန်စီးဆင်းသည့်အခါ
တည်နေရာ။ ။ အမှတ် ၂၄၃ /၂၄၅၊ ဘိုအောင်ကျော်လမ်း၊ ရန်ကုန်။
ဖွင့်ပွဲအခမ်းအနား။ ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် (သောကြာ)
ပြပွဲကာလ။ ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ၂၂ ရက်ထိ
©Myanmar Photo Archive
Archives in Focus (ဆုံချက်မော်ကွန်း)- ဓာတ်ပုံ နှင့် သ မိုင်းကြောင်းကို တမူထူးခြားစွာ ဖော်ထုတ်ပြသသွားမည့် ပြပွဲများအကြောင်း ကြေညာခြင်း
Archives in Focus (ဆုံချက်မော်ကွန်း) သည် နိုင်ငံတကာ မှ ဓာတ်ပုံနှင့် အမြင်ဆိုင်ရာ ယဉ်ကျေးမှု အကြောင်း စိတ်ဝင်တစား လေ့လာနေကြသူများ၏ ဆုံဆည်းရာ အစီအစဥ်တစ်ခုအဖြစ် ရည်မှန်း ထားပါသည်။ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်းမှ မိတ်ဖက်များနှင့် ပူးပေါင်းပြီး မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) နှင့် Goethe-Institut မြန်မာတို့ မှပူးတွဲစီစဥ်မည့် အစီအစဥ်တစ်ခုလည်းဖြစ်ပါသည်။
‘Archives in Focus’ တွင် မော်ကွန်းရှိ ဓာတ်ပုံပစ္စည်းများအား လူထုကိုယ်တိုင်ပါဝင်ပြီး မတူကွဲပြားစွာ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုနိုင်စေဖို့ အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာ့ဓာတ်ပုံမော်ကွန်းနှင့် Goethe-Institut မြန်မာတို့ ကြား (၂)နှစ်တာ ပူးပေါင်းလက်တွဲမှု၏ အဆုံးသတ် အစီအစဥ်ဟူ၍လည်း ဆိုနိုင်ပါသည်။ ပြီးခဲ့သည့် (၂)နှစ်တာအတွင်း လက်တွဲလုပ်ဆောင်ခဲ့သည့် ရလဒ်များအား ပြသခြင်း၊ နိုင်ငံတကာမှ အစီအစဥ်များနှင့် လက်ရာများပါဝင်ပြသခြင်း စသည့် အစီအစဥ်များကို (၃) ပတ်တာ စီစဥ်ကျင်းပသွားမည်ဖြစ်ပါသည်။ ဤသို့ တမူထူးခြားသည့် Archives in Focus (ဆုံချက်မော်ကွန်း) ပြပွဲကို နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်ထိ မြန်မာနိုင်ငံ၏ရန်ကုန်မြို့ နှင့် ထိုင်းနိုင်ငံ၏ချင်းမိုင်မြို့ တွင် ကျင်းပမည်ဖြစ်သည်။
၁၉ ရာစုနှင့် ၂၀ ရာစုနှစ်များတွင် အသက်ရှင်ခဲ့ကြသည့် ကျွမ်းကျင်ဓာတ်ပုံဆရာများနှင့် အပျော်တန်း ဓာတ်ပုံဆရာများမှ မှတ်တမ်းတင်ခဲ့ကြသော မြန်မာနိုင်ငံသာမက နိုင်ငံတကာမှ လူနေမှုဘဝများကို စိတ်၀င်စားဖွယ်ရာ သမိုင်းဇာတ်ကြောင်းများဖြင့် ပြသသွားမည်ဖြစ်ပါသည်။ ဤအစီအစဥ်တွင် ကိုယ်ပိုင်ဖြစ်တည်မှုအမှတ်သညာများ၊ ယဥ်ကျေးမှုများနှင့် ရွှေ့ပြောင်းနေထိုင်မှုဖြစ်စဥ်များအကြောင်းကို ကိုလိုနီခေတ် ဓာတ်ပုံများဖြင့်သာမက ခေတ်ပြိုင်အနုပညာများဖြင့်ပါ အဖြေရှာထားသည့် အနုပညာ လက်ရာများကို စုံလင်စွာဖြင့် တမူထူးခြားစွာ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ လူမှုအုပ်ချုပ်မှုပုံစံ၊ စနစ်များ နှင့်ပတ်သက်၍ ဒေသတွင်းမှာသာမက နိုင်ငံတကာမှာပါ ကွဲပြားခြားနားလာကြသည်နှင့်အမျှ ဤအစီအစဥ်မှ တဆင့် အတိတ်နှင့်ပစ္စုပ္ပန်ကာလကို ပြန်လည်သုံးသပ်၊ တွေးမြင်ကြည့်ကြစေရန် ဖိတ်ခေါ်လိုပါသည်။ အနုပညာရှင်များ၊ ကျူရေတာများ၊ အနုပညာအစုအဖွဲ့များသည် သမိုင်းဆိုင်ရာ အမြင်သစ်များအပြင် ကိုယ်ပိုင်အတွေ့အကြုံများကို အနုပညာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများမှတဆင့် တွေ့ဆုံ ဖလှယ်နိုင်ကြမည်ဖြစ်ပါသည်။
အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မြန်မာ့ဓာတ်ပုံမော်ကွန်းနှင့် Goethe-Institut Myanmar လူမှုကွန်ယက်စာမျက်နှာများတွင် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ နိုင်ငံတကာ ဧည့်သည်များအနေဖြင့် တက်ရောက်ရန် စိတ်၀င်စားပါက မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက်သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
PRESS RELEASE
©Myanmar Photo Archive
အလင်းထိဓာတ်ပုံများ - မြန်မာ့ဓာတ်ပုံအနုပညာသမိုင်းအကြောင်း ပြပွဲ
Archives in Focus (ဆုံချက်မော်ကွန်း) အစီအစဉ်များထဲက တစ်ခုဖြစ်သည့် Chiang Mai (ချင်းမိုင်) မှာကျင်းပပြုလုပ်မည့် အစီအစဉ်အကြောင်းကို သတင်းကောင်းပါးလိုပါသည်။ ပထမဆုံးအနေဖြင့် မြန်မာဓာတ်ပုံမူရင်းဇစ်မြစ်များကို ပြသမည့် အလင်းထိဓာတ်ပုံများ ပြပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှ ၂၇ ရက်အထိ Chiang Mai (ချင်းမိုင်) မြို့ရှိ Some Space Gallery တွင် ပြသသွားမည်ဖြစ်ပါသည်။ ဒီပွဲမှာ ပရိတ်သတ်တွေက မြန်မာ့ဓာတ်ပုံမော်ကွန်းမှ ပြုလုပ်ခဲ့တဲ့ အစီအစဉ်များနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝတဲ့အမွေအနှစ်များကို ဓာတ်ပုံကနေ တဆင့် စူးစမ်းလေ့လာနိုင်မည့် ပြပွဲတစ်ခုဖြစ်ပါသည်။
အလင်းထိဓာတ်ပုံများ ပြပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီမှ ည ၉ နာရီအထိ Some Space Gallery တွင် ကျင်းပသွားမည်ဖြစ်ပါသောကြောင့် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။
ပြပွဲအသေးစိတ်အချက်အလက်များ
ပြပွဲအမည်: အလင်းထိဓာတ်ပုံများ - မြန်မာ့ ဓာတ်ပုံသမိုင်းကို တူးဆွခြင်း
တည်နေရာ: SOME SPACE Gallery, ၁၂၄/၄-၅၊ စရိပွမ်လမ်း၊ စီဖွမ်၊ မောင်ချင်းမိုင်ခရိုင်၊ ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ။
ဖွင့်ပွဲအခမ်းအနား: ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် (သောကြာနေ့) ညနေ ၄ နာရီ – ည ၉ နာရီ
ပြပွဲကာလ: ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ၂၇ ရက် နေ့ထိ
©Myanmar Photo Archive
စာမျက်နှာများ - မြန်မာနိုင်ငံမှ ဓာတ်ပုံစာအုပ်များပြပွဲ
ရန်ကုန်မြို့ရှိ Goethe-Institut Myanmar သည် Archives in Focus အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ ၎င်း၏ နေရာကို ဓာတ်ပုံစာအုပ်များအား ကိုယ်တိုင်ဖတ်ရှုလေ့လာနိုင်မည့် နေရာအဖြစ် တမူထူးခြားစွာ ပြောင်းလဲ ပြသမည်ဖြစ်ပါသည်။ ဇာတ်လမ်းဇာတ်ကြောင်း များကို ချပြ၊ ပြောပြကြသည့် အခါတွင် ဓာတ်ပုံစာအုပ်များသည် အင်မတန်မှ စွမ်းအားကြီးသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်းကို စာမျက်နှာများ ပြပွဲ မှ တဆင့် မြင်တွေ့ခံစားနိုင်ကြမှာ ဖြစ်ပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်း ရှိ ဓာတ်ပုံများဖြင့် ထုတ်ဝေခဲ့သည့် စိတ်ဝင်စားဖွယ် ဓာတ်ပုံစာအုပ်များ၊ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာများ၊ အနုပညာရှင်များ ၏ ကိုယ်ပိုင်ဇာတ်လမ်းအကြောင်းအရာများ နှင့် သမိုင်းကို ထင်ဟပ်ထားသည့် အကြောင်းများကို ဖော်ပြထားသည့် ဓာတ်ပုံစာအုပ်များကို ထည့်သွင်းပြသသွားမှာ ဖြစ်ပါသည်။
စာမျက်နှာများ - ပြပွဲတွင် အခြားစိတ်၀င်စားဖွယ်ကောင်းသည့် အစီအစဉ်များဖြစ်သော ဓာတ်ပုံများ ပြန်လည်ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ပြန်လည်ထိန်းသိမ်းပြုပြင်ထားသည့် ရုပ်ရှင်ဇာတ်ကားဟောင်း နှစ်ကား ကိုလည်းပြသပေးသွားဦးမှာဖြစ်ပါသည်။ဤပွဲများအားလုံးကို Goethe-Instititut Myanmar ပွဲခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းကောင်းပါး လိုက်ပါသည်။
ပြပွဲနှင့် ပွဲအစီအစဉ်အသေးစိတ်
ပြပွဲခေါင်းစဉ်။ ။ စာမျက်နှာများ - မြန်မာနိုင်ငံမှ ဓာတ်ပုံစာအုပ်များ
တည်နေရာ။ ။ Goethe-Institut Myanmar / Archives in Focus HQ, ကမ္ဘာအေးဘုရားလမ်း နှင့် နတ်မောက်လမ်းထောင့် ၊ရန်ကုန်။
ဖွင့်ပွဲအခမ်းအနား။ ။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ မှ ည ၉ နာရီ
ပြပွဲကာလ။ ။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်ဘာလ ၁၅ ရက် နေ့ထိ
©Myanmar Photo Archive
Myanmar Photo Archive at Singapore International Photo Festival
Mingalaba - in Singapore
The Myanmar Photo Archive will participate in the 9th Singapore International Photo Festival from 18th October to 24th November. The Archive will take over The Peninsular Shopping Center, a well-known meeting point for Singapore’s Myanmar community. The shopping mall also hosts two Burmese restaurants. In collaboration with various store owners, this multi-narrative exhibition will be open to the public, engaging with the unique themes of each shop—from a musical instrument supplier to Mandalay BBQ and a photo studio offering analogue photographic services.
During the festival, the newspaper RETHINK, originally produced for the exhibition at the Goethe-Institut in January, will be reprinted and distributed free of charge in both English and Burmese to visitors.
©Myanmar Photo Archive
Recap of Hand Colouring Book Launch and Workshop
On September 1st, from 1 PM to 3 PM, a Hand Colouring Book launch event was held at Yangon Book Plaza, where visitors also had the chance to participate in a hands-on coloring activity. There was a great number of enthusiastic buyers. During the event, the creation of the Hand Colouring Book was introduced, along with its compact and adorable design. Inside the book, visitors could find intricately hand-colored photographs, and various methods and mediums for adding color onto the photos were explained. Around 20 participants took part in the workshop, where they coloured black-and-white photos. Goethe-Institut Myanmar and the Myanmar Photo Archive team expressed their gratitude to all the book buyers and workshop participants.
©Myanmar Photo Archive
Der „Hand Colouring Book & Workshop“ im „Yangon Book Plaza“
Wir freuen uns, die Veröffentlichung des handkolorierten Buches des „Myanmar Photo Archive“ bekannt geben zu können. Es ist jetzt im „Yangon Book Plaza“ erhältlich. Um diese Veröffentlichung zu feiern, bietet das Goethe-Institut Myanmar einen exklusiven Workshop zum Handkolorieren an, der in Zusammenarbeit mit dem „Myanmar Photo Archive“ und dem „Yangon Book Plaza“ veranstaltet wird. Kaufen Sie einfach Ihr Exemplar des Buches, um sich einen Platz im Workshop zu sichern. Diese Veranstaltung ist eine wunderbare Gelegenheit, in die Kunst des Handkolorierens einzutauchen und sich mit anderen zu treffen, die Ihre Leidenschaft für diese kreative Arbeit teilen. Besuchen Sie uns am 1. September 2024 von 13:00 bis 15:00 Uhr im „Yangon Book Plaza“. Folgen Sie uns für weitere Neuigkeiten auf unseren sozialen Medien.
Datum: 1. September 2024
Uhrzeit: 13:00 - 15:00 Uhr
Ort: Yangon Book Plaza
© Goethe-Institut Myanmar
ပြန်လည်ခံစားတင်ပြခြင်း
Rethink - ပြန်တွေးမြင်ကြည့်အနုပညာပြပွဲ
မြန်မာ့ဓာတ်ပုံမော်ကွန်းမှ Goethe-Institut Myanmar ပြပွဲခန်းမတွင် ဇန်နဝါရီလ ၁၅ ရက်မှ ၃၀ ရက်ထိပြုလုပ်ခဲ့သော Rethink - ပြန်တွေးမြင်ကြည့်အနုပညာပြပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါသည်။ ဤပြပွဲတွင် မြန်မာ့ဓာတ်ပုံမော်ကွန်း ၏ OPEN CALL အစီအစဥ်မှထွက်ပေါ်လာသည့်အနုပညာလက်ရာများကို အများပြည်သူသို့တင်ဆက်ချပြသည့် ပထမဆုံး မြန်မာ့ဓာတ်ပုံမော်ကွန်း၏ပြပွဲလည်းဖြစ်ပါသည်။ ပန်းချီအနုပညာများ၊ ဓာတ်ပုံစီးရီးများ၊ collage စီးရီးများ၊ ရုပ်ရှင်အတိုများ ပြပွဲတွင်ပါဝင်ပြသခဲ့သလို Open call တွင်ပါဝင်ခဲ့ကြသည့် စာရေးသူများ၊ သုတေသနပညာရှင်များ၏လက်ရာများကို သတင်းစာကဲ့သို့ဖန်တီး၍ ပြန်လည်စုစည်းဖော်ပြပေးခဲ့ပါသည်။
ထိုအပြင် စနေနေ့တိုင်းတွင် ထူးထူးခြားခြားပြောစကားအစီအစဥ် ထည့်သွင်းကျင်းပခဲ့ပြီး Open call တွင်ပါဝင်ခဲ့သည့် စာရေးသူမင်းချစ်ပိုင်နှင့်ဥာဏ်ရဲရင့်ဝင်းတို့မှ သူတို့ရေးသားခဲ့သည့်လက်ရာများနှင့်ပတ်သက်ပြီး ဝေမျှခဲ့ကြသလို အထူးဖိတ်ကြားထားသူများဖြစ်သည့် Save Myanmar Film နှင့် Frederick Lee (Taiki) တို့မှလည်း မြန်မာ့ရုပ်ရှင်ဟောင်းများ အား ထိန်းသိမ်းကြပုံအကြောင်း နှင့် ဖလင်ဓာတ်ပုံရိုက်ကူးခြင်းအကြောင်းတို့ကို ဗဟုသုတရဖွယ် မျှဝေပေးခဲ့ကြပါသည်။
ပြပွဲကျင်းပသည့် ရက်သတ္တပတ် နှစ်ပတ်တာအတွင်း မိမိတို့၏ ဓာတ်ပုံဟောင်းများ၊ ပို့စ်ကဒ်များ စသည်တို့ကို ဒစ်ဂျစ်တယ် ဓာတ်ပုံများအဖြစ်ပြောင်းလဲပေးသည့် ဒစ်ဂျစ်တယ်စတေရှင်ကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်း၏ Rethink-ပြန်တွေးမြင်ကြည့် ပြပွဲသို့ နေ့စဥ်လာရောက်သူ ၄၀ ဝန်းကျင်ခန့်ရှိသလို၊ ထူးထူးခြားခြားပြောစကား အစီအစဥ်တွင် တက်ရောက်သူ ၁၀၀ ကျော်နှင့် ပြပွဲ၏ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သူပေါင်း ၃၀၀ နီးပါးရှိခဲ့ပါသည်။ ပြပွဲသို့ လာရောက်အားပေးခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ပါသည်။
©Goethe-Institut Myanmar
Burmese Photographers
©Goethe-Institut Myanmar
Exhibitions & Workshops
©Goethe-Institut Myanmar
More to come