(၂၀၂၀) ခုနှစ်၊ ဇူလိုင်လတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းများရပ်တန့်နေရသော ယဥ်ကျေးမှုနယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပြန်လည်ချိတ်ဆက်ရန်အတွက် ပြန်လည်ချိတ်ဆက် (၂၀၂၀) အစီအစဉ်ကို Goethe-Institut မြန်မာမှမိတ်ဆက်ပြီး အားလုံးကိုဖိတ်ခေါ်ခဲ့ပါတယ်။ ပြန်လည်ချိတ်ဆက် (၂၀၂၀) ယဉ်ကျေးမှုအစီအစဉ်အတွက် လျှောက်လွှာပေါင်း (၁၈၀) နီးပါးလက်ခံရရှိခဲ့ပြီး လျှောက်ထားမှုများအားလုံးမှ (၂၀၂၀) ခုနှစ်အတွက် စီမံကိန်း (၂၀) ခု နှင့် (၂၀၂၁) ခုနှစ်အတွက် စီမံကိန်း (၂၀) ကို Goethe-Institut မှ ထောက်ပံ့ပေးခဲ့ပါသည်။
- ရုပ်ရှင် (Film)
- ပြဇာတ် (Theater)
- အက (Dance)
- ပါဖောင်းမန့်အတ် (Performance Art)
- ဂီတ (Music)
- အမြင်ဆိုင်ရာအနုပညာ (Visual Art)
- ကဗျာ (Poetry)
- ဓါတ်ပုံ (Photography)
- စာပေဆိုင်ရာပညာရေး (Literary Education)
- စာအုပ်ထုတ်ဝေရေး (Book Production)
အစရှိသည့်နယ်ပယ်အသီးသီးမှ စီမံကိန်းများလုပ်ဆောင်ရန်အတွက် ပံ့ပိုးပေးခဲ့ပါသည်။
ရွေးချယ်ခံရသောစီမံကိန်းများမှ အချို့ကိုစုစည်းပြီး (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ (၄၄) ရက်ကြာ အိဇ္ဇဘီးရှင်းတစ်ခုကိုဖန်တီးပြသသွားမည်ဖြစ်ပါသည်။ ထိုအိဇ္ဇဘီးရှင်းကို ရန်ကုန်မြို့၊ မြို့နယ် (၅) ခုမှနေရာ (၇) ခုတွင် တစ်ပြိုင်နက်တည်းတင်ဆက်ပြသသွားမည်ဖြစ်သည်။
/ရှိ အိဇ္ဇဘီးရှင်း