အမြင်ဆိုင်ရာ၊ စာပေ၊ ကဗျာ၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်နဲ့ ပါဖောမန့်စ်အနုပညာရှင်များ၊ အနုပညာနှင့်ယဥ်ကျေးမှုနယ်ပယ်အတွင်း လုပ်ငန်းဆောင်ရွက်နေသူများနှင့်အလွတ်တန်းသုတေသနပညာရှင်များကိုပံ့ပိုးရန်အတွက် ပြန်လည်ချိတ်ဆက် ၂၀၂၁ ယဥ်ကျေးမှုဆိုင်ရာရန်ပုံငွေအစီအစဥ်ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် Goethe-Institut မြန်မာမှ ဒုတိယအကြိမ်ထပ်မံ၍ စီစဉ်ပံ့ပိုးပေးခဲ့ပါသည်။ ပြန်လည်ချိတ်ဆက် ၂၀၂၁ အစီအစဉ်အတွက် စီမံကိန်းပေါင်း (၂၈) ခုကို ပံပိုးပေးနိုင်ခဲ့ပါသည်။
ရွေးချယ်ခံရသောစီမံကိန်းများမှ အချို့ကိုစုစည်းပြီး (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ (၄၄) ရက်ကြာ အိဇ္ဇဘီးရှင်းတစ်ခုကိုဖန်တီးပြသသွားမည်ဖြစ်ပါသည်။ ထိုအိဇ္ဇဘီးရှင်းကို ရန်ကုန်မြို့၊ မြို့နယ် (၅) ခုမှနေရာ (၇) ခုတွင် တစ်ပြိုင်နက်တည်းတင်ဆက်ပြသသွားမည်ဖြစ်သည်။
/ရှိ အိဇ္ဇဘီးရှင်း